သတင်း
အညာဒေသတွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ PDF တပ်ရင်းများ၊ အခြားတော်လှန်ရေးအင်အားစုများနှင့်ပူးပေါင်းကာ တော်လှန်ရေးအမြန်ဆုံးအောင်မြင်ရန် ကြိုးစားသွားမည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA) ကွပ်ကဲရေးမှူး ကိုဆောင်းခက ၎င်း၏ လူမှုကွန်ရက်မှတဆင့် ယနေ့ အသိပေးသည်။