close
Connect with us

Hi, what are you looking for?

သတင်း

မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဂိတ်ကို မြို့ပြပြောက်ကျားအဖွဲ့ တိုက်ခိုက်

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်းအဝင်ဂိတ်ကို ယမန်နေ့ည ၁၂ နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) အဖွဲ့မှ ဆရာကျောင်းက ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့၌ လုံခြုံရေးယူနေသော စစ်သားများ။ ဓာတ်ပုံ - AFP

သုည၊သတိုး/People’s Spring

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ်ရှိ စစ်တပ်ဝင်းအဝင်ဂိတ်ကို ယမန်နေ့ည ၁၂ နာရီခွဲခန့်တွင် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း God’s Hand Forces (GHF) အဖွဲ့မှ ဆရာကျောင်းက ပြောသည်။

“ရန်သူအငိုက် ကိုယ့်အကြိုက် ၊နေရာတိုင်းမှာ မျက်စိတွေ နားတွေ ရှိတယ် ရန်ကုန်က ရန်ကုန်သားတွေရဲ့ မြေ”ဟု GHF က သတင်းထုတ်ပြန်ချက်နှင့်အတူ‌ ရေးသား၍တင်ထားသည်။

Public Service Announcement

Public Service Announcement

“ညက ကမ္ဘာအေးဘက်မှာ ဗုံးပေါက်သံတော့ ကြားမိတယ်။ မိုးတွေမရွာခင် ၁၂ နာရီခွဲလောက် ဖြစ်မယ်ထင်တယ်။ ကမ္ဘာအေးဘုရားလမ်းပေါ်က စစ်တပ်ဂိတ် ပေါက်တာလို့ သိရတယ်။ ထိခိုက်မှု ရှိ မရှိတော့ သေချာမသိရဘူး”ဟု မရမ်းကုန်းမြို့နယ်နေ ပြ​ည်သူတစ်ဦးက ပြောသည်။

အဆိုပါ တိုက်ခိုက်မှုအပြီး ရဲဘော်များ ဘေးကင်းစွာ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုသည် “M 043 စစ်ဆင်ရေး” ၏ တစ်စိတ်တစ်ဒေသဖြစ်ပြီး အဌမမြောက် ဖော်ဆောင်မှု ဖြစ်ကြောင်း God’s Hand Forces (GHF) အဖွဲ့က ဆိုသည်။

ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သော ထောက်တိုင်များ ၊ လုပ်ငန်းဌာနများ၊ စစ်ကောင်စီ၏ အထိုင်ကင်းများ၊ လှည့်ကင်းများနှင့် ဝေးရာမှ ရှောင်ရှားသွားလာကြရန်လည်း မြို့ပြပြောက်ကျားအဖွဲ့က မေတ္တာရပ်ခံသည်။

God’s Hand Forces (GHF) အဖွဲ့သည် ပြီးခဲ့သည့် အောက်တိုဘာ ၁၀ရက်ကလည်း “M 043 စစ်ဆင်ရေး” အဖြစ် သမ္မတရုပ်ရှင်ရုံအနီးရှိ စစ်ကောင်စီ၏ ယာယီဂိတ်စခန်းကို ဖောက်ခွဲတိုက်ခိုက်ခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ဇူလိုင် ၃၁ရက် ညနေ ၄နာရီ မိနစ် ၂၀ခန့်က ထန်းတောကျေးရွာရှိ စစ်ကောင်စီ၏ စစ်ဆေး​ရေးဂိတ်ကို ဒေသကာကွယ်ရေးအဖွဲ့များက ဝင် ရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဇူလိုင်လ ၁၄ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲခန့်က မုံရွာမြို့၊ မုံရွာပညာရေးကောလိပ် သာစည်လမ်းအရှေ့ဘက် စစ်ကောင်စီစစ်ဆေးရေးဂိတ်နှင့်ကိုက် ၂၀၀ခန့် အကွာ အမှတ်၇လမ်း​ပေါ်ရှိ နေအိမ်တစ်အိမ် ဓားပြတိုက်ခံရခြင်းဖြစ်သည်။

သတင်း

ယနေ့နံနက် ၉ နာရီခွဲခန့်က အုတ်ဖြတ်တံတားစစ် ဆေးရေးဂိတ်အား KNLA၊ PDF ပူးပေါင်းတပ်မှ စနိုက်ဘာဖြင့် သွားရောက်ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု ရိုးမစစ် ကြောင်း(၂)က ပြောသည်။

သတင်း

တိုက်ခိုက်မှုတွင် ပြည်သူများထိခိုက်မှုမရှိဘဲ ၊စစ်​ကောင်စီတပ်က အဆိုပါတိုက်ခိုက်မှု အပြီးတွင် အင်အားထပ်တိုးထား​ကြောင်း အထက်ပါပြန်ကြား​ရေးတာဝန်ခံက​ပြောသည်။

Facebook