ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မြဝတီ – ဝေါ်လေလမ်းပိုင်း ဘလယ်ဒိုကျေးရွာရှိ စစ်ကောင်စီတပ်၏ ကာကင်းစခန်းသုံးခုအား မဟာမိတ်ညီနောင်ပူးပေါင်းတပ်များ သိမ်းပိုက်ရရှိကြောင်း ကော်ဘရာစစ်ကြောင်း(၂)VENOMစစ်ကြောင်းက အသိပေးထုတ်ပြန်သည်။
အဆိုပါလမ်းပိုင်းရှိ စစ်ကောင်စီ၏ ကာကင်းစခန်းသုံးခုမှ စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ထွက်ပြေးသွား၍ ရှင်းလင်းသိမ်းပိုက်ခဲ့ကြောင်း VENOMစစ်ကြောင်းက အသိပေးထားသည်။
ကော်ဘရာပူးပေါင်းစစ်ကြောင်းများသည် အောက်တိုဘာ ၁၇ရက်ကလည်း မြဝတီမြို့တောင်ဘက်ရှိ စစ်ကောင်စီ၏ စွယ်တော်ကုန်းဗျူဟာအမြှောက်ကုန်းစခန်းကိုလည်း သိမ်းပိုက်ထားသည်။ အဆိုပါစခန်းကုန်းသိမ်းတိူက်ပွဲမှ ၁၂၀ မမ နှစ်လက်နှင့် ပွိုင့်ဖိုက် စက်သေနတ်အပါအဝင် လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့သည်။
