close
Connect with us

Hi, what are you looking for?

သတင်း

ကျူးလွန်သူတွေ ပြစ်ဒဏ်ခံရမယ့်အကြောင်း ရိုက်ပြထားတဲ့ “မပြီးသေးဘူး နင်တို့ အလှည့်လာမယ်”

မပြီးသေးဘူး နင်တို့အလှည့်လာမယ် ဇာတ်လမ်းတိုရုပ်ရှင်ကို ဒီနေ့ ည ၇ နာရီမှာ Artists’ Shelter နဲ့ Transitional Justice in Burma ရဲ့ အွန်လိုင်း ပလက်ဖောင်းတွေကနေ ပြသပေးသွားမှာပါ။

ဆဏ်း / People’s Spring

မပြီးသေးဘူး နင်တို့အလှည့်လာမယ် ဇာတ်လမ်းတိုရုပ်ရှင်ကို ဒီနေ့ ည ၇ နာရီမှာ Artists’ Shelter နဲ့ Transitional Justice in Burma ရဲ့ အွန်လိုင်း ပလက်ဖောင်းတွေကနေ ပြသပေးသွားမှာပါ။

“”ကျူးလွန်သူတွေဟာ တချိန်ချိန်မှာ မလွဲမသွေ ပြစ်ဒဏ်ခံရမှာပဲ” (Transitional Justice Will Combat Against Impunity) ဆိုတဲ့ သတင်းစကားကို ပြည်သူတွေဆီ အရောက်ပို့ဖို့ Asia Justice and Rights – AJARနဲ့ Artists’ Shelter တို့ ပူးပေါင်းပြီး ရုပ်ရှင်ဇာတ်လမ်းတိုလေးတပုဒ် ရိုက်ကူးထားပါတယ်။” လို့ ဒီဇာတ်ကားနဲ့ပတ်သက်ပြီး Artists’ Shelter ကအသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒီဇာတ်ကားမှာ အောင်မြင့်မြတ် ၊ ဂျပန်ကြီး ၊ တီဇင် တို့ကအဓိကပါဝင်သရုပ်ဆောင်ထားပြီး ဒါရိုက်တာ L Lay ကရိုက်ကူးထားပါတယ်။

“လူ့ဘဝတုန်းက ဆိုးရွားရက်စက်တဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေ ငရဲပြည်ရောက်သွားတဲ့အခါ သူတို့ အချင်းချင်း ဘာတွေပြောကြလဲ?

ငရဲပြည်ရောက်နေတာတောင် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေနဲ့ ပတ်သက်ပြီး အသိတရားမရသေးတဲ့အပြင် ဆင်ခြေပေးလို့ကောင်းနေတုန်း… အဲ့လို လူတွေကိုရော ဘယ်လိုတရားစီရင်ကြမလဲ??” လို့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းနဲ့ပတ်သက်ပြီး Artists’ Shelter က ညွန်းပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်မည့် သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ပြပွဲမှ ရရှိသည့် ငွေအားလုံးကို ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက် ကူညီမည်ဟု Artists' Shelter ကအသိပေးထားသည်။