ဆဏ်း / People’s Spring
ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြုလုပ်မည့် သတ္တိနှင့်ပွင့်လန်း ချစ်သောပန်းများ ရုပ်ရှင်ပြပွဲမှ ရရှိသည့် ငွေအားလုံးကို ရခိုင်ပြည်နယ်မှ စစ်ဘေးရှောင်များအတွက် ကူညီမည်ဟု Artists’ Shelter ကအသိပေးထားသည်။
“ဒီရုပ်ရှင်ပြပွဲက ရရှိမယ့် လက်မှတ်ရောင်းရငွေအားလုံးနဲ့ အလှူခံရရှိငွေ အားလုံးဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အမိုးအကာ၊ ရွက်ဖျဉ်တဲ၊ စားသောက်ကုန်တွေအပြင် စိုက်ပျိုးဖို့သီးနှံမျိုးစေ့တွေကိုပါ ထောက်ကူနိုင်ဖို့ ရည်ရွယ်ပါတယ်။ ” ဟု Artists’ Shelter က ကြေညာထားသည်။

Public Service Announcement
သတ္တိနှင့်ပွင့်လန်းချစ်သောပန်းများ ရုပ်ရှင်ပြပွဲကို အခြားနိုင်ငံများတွင်လည်း ပြုလုပ်ခဲ့ပြီး ချင်းမိုင်မြို့ Payap University ၌ စက်တင်ဘာ ၆ ရက်တွင် ပြုလုပ်မည်ဖြစ်သည်။
ရုပ်ရှင်ပြပွဲတွင် Guilt ၊ The Unknown Infinity ၊ ငါတို့မှာငါတို့ပဲရှိတယ် နှင့် အတူတကွ စသည့် ဇာတ်လမ်းတိုရုပ်ရှင်လေးကားကို ပြသပေးမည်ဖြစ်သည်။
လက်မှတ်ဝယ်ယူလိုသူများအနေဖြင့် Do One Thing Facebook Page နှင့် ၎င်းတို့၏ ကိုယ်စားလှယ်များထံမှ ဝယ်ယူနိုင်မည်ဖြစ်ပြီး ကြိုတင်လက်မှတ်ကို ဘတ် ၂၀၀ ၊ပွဲနေ့၌ ဝယ်ယူပါက ဘတ် ၂၅၀ ဟု ရုပ်ရှင်ပိုစတာတွင်ကြေညာထားသည်။
ယင်းပွဲတွင် ရုပ်ရှင်လေးကားကိုကြည့်ရှုရုံသာမဟုတ်ဘဲ အနုပညာရှင်များနှင့်ဆွေးနွေးမည့်အစီအစဉ် အပါအဝင် ဖျော်ဖြေရေးအစီအစဉ်များလည်းပါဝင်မည်ဖြစ်ပြီး Artists’ Shelter ၏ Merchandise များကိုပါရောင်းချပေးမည်ဟု အသိပေးထားသည်။
