close
Connect with us

Hi, what are you looking for?

သတင်း

နယူးဇီလန် မြေပြိုမှုမှာ ပျောက်ဆုံးနေသူတွေအတွက် ကယ်ဆယ်ရေး လုပ်ဆောင်မှုတွေ အဆုံးသတ်

နယူးဇီလန်မှာ မြေပြိုမှု ဖြစ်ပွားပြီး ပျောက်ဆုံးနေသူ ၆ ဦးအတွက် ကယ်ဆယ်ရေး မစ်ရှင်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

နယူးဇီလန်မှာ မြေပြိုမှု ဖြစ်ပွားပြီး ပျောက်ဆုံးနေသူ ၆ ဦးအတွက် ကယ်ဆယ်ရေး မစ်ရှင်ကို အဆုံးသတ်လိုက်ပြီ ဖြစ်ပါတယ်။

အရှင်လတ်လတ် မြေမြှုပ်ခံရသလို ဖြစ်ခဲ့သူ ၆ ဦးကို အသက်ရှင်လျက် ပြန်ရှာတွေ့ဖို့ မျှော်လင့်ချက်ကို ဇန်နဝါရီ ၂၄ ရက်နေ့မှာ ကယ်ဆယ်ရေး အဖွဲ့တွေက စွန့်လွှတ်လိုက်တာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ဦးစားပေး မစ်ရှင်ဟာ ရုပ်အလောင်းတွေကို ပြန်ရှာတွေ့ရေးအဖြစ် ပြောင်းလဲသွားပါတယ်။

နယူးဇီလန်ရဲ့ မောင်ဂူနွိုင်တောင်ခြေနားက ရွက်ဖျင်တဲထိုး စခန်းတစ်ခုမှာ ဇန်နဝါရီ ၂၂ ရက်နေ့က မြေပြိုမှုကြီးတစ်ခု ဖြစ်ခဲ့တာပါ။ နောက်တော့ လူ ၆ ဦး ပျောက်ဆုံးနေတယ် ဆိုတာကို အတည်ပြုနိုင်ခဲ့ပါတယ်။

ကယ်ဆယ်ရေး မစ်ရှင်ကို ရှာဖွေရေး မစ်ရှင်အဖြစ် ပြောင်းလဲ သတ်မှတ်လိုက်တဲ့နောက် ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ တင်မ်အန်ဒါဆန်က အလောင်းတွေကို ပြန်တွေ့ဖို့ ရက်ပိုင်းလောက် ကြာနိုင်ကြောင်း မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပျောက်ဆုံးနေသူတွေထဲမှာ ဆယ်ကျော်သက် ၂ ဦးလည်း ပါဝင်ခဲ့ကြောင်း၊ အခင်းဖြစ်ချိန်တုန်းက အဲဒီနေရာမှာ ရွက်ဖျင်တဲ စခန်းချ နေထိုင်သူတွေ၊ ဗင်ကားတွေ ရှိနေခဲ့ကြောင်း၊ ရုတ်တရက် ပြိုကျလာတဲ့ ရွှံ့ထုကြီးက အားလုံးကို ဖုံးလွှမ်းသွားခဲ့ဟန်ရှိကြောင်း သူက ဆိုပါတယ်။

သည်းသည်းထန်ထန် မိုးရွာသွန်းခဲ့တဲ့ အခြေအနေက အဲဒီဒေသမှာ မြေပြိုမှုတွေ ဖြစ်စေခဲ့တယ်လို့ ယုံကြည်ရပါတယ်။

နယူးဇီလန် မြောက်ပိုင်းက အခင်းဖြစ်ပွားရာ တောင်တဝိုက်က ဒေသခံတွေဟာ ပြီးခဲ့တဲ့ နှစ်ရက်အတွင်း ပျောက်ဆုံးနေသူတွေကို ရည်စူးတဲ့ ဆုတောင်းပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီအချိန် ကတည်းက အန်ဒါဆန်က မြေထုကြီးအောက် ပိမိနေသူတွေ အသက်ရှင်ဖို့ အခွင့်အလမ်း အရမ်းနည်းသွားပြီလို့ မှတ်ချက်ပေးခဲ့ဖူးပါတယ်။

အဲဒီနေ့က အနီးမှာရှိတဲ့ တော်ရန်ဂါမြို့မှာ မြေပြိုမှုဖြစ်ပြီး လူ ၂ ဦး သေဆုံးခဲ့လျက်နဲ့ မောင်ဂူနွိုင်တောင်ခြေ ရွက်ဖျင်တဲ စခန်းက လူတွေကို ဘာကြောင့် အာဏာပိုင်တွေက ကြိုတင် ရွှေ့ပြောင်းမပေးခဲ့သလဲဆိုတဲ့ ဝေဖန် မေးခွန်းထုတ်မှုတွေလည်း ရှိနေပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့က တော်ရန်ဂါမှာ ဖြစ်ပွားတဲ့ မြေပြိုမှုအတွင်း သေဆုံးခဲ့သူ တစ်ဦးက တရုတ်နိုင်ငံသား ဖြစ်တယ်လို့ နယူးဇီလန် ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံး၊ ပျောက်ဆုံးစာရင်း ၅၀၀ ကျော်ထိ မြင့်တက်လာတဲ့နောက် သီရိလင်္ကာမှာ ရာသီဥတု ဘေးအန္တရာယ်ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ကြေညာခဲ့ရပါတယ်။

နိုင်ငံတကာ

အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေမှာ ရေကြီးမှု၊ မြေပြိုမှုတွေကြောင့် သေဆုံးသူ ၃၀၀ ကျော်ထိ ရှိလာကြောင်း သိရပါတယ်။

နိုင်ငံတကာ

အခုသီတင်းပတ်ထဲမှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့ မိုးတွေကြောင့် သီရိလင်္ကာ နိုင်ငံမှာ လူ ၅၆ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

ဗီယက်နမ်မှာ သည်းသည်းထန်ထန် ဆက်တိုက်ရွာသွန်းတဲ့မိုးကြောင့် ရေကြီးမှု၊ မြေပြိုမှုတွေ ဖြစ်ပွားပြီး လူ ၄၀ ကျော် သေဆုံးခဲ့ပါတယ်။