close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Tomorrowland ဂီတပွဲတော် မစခင် အဓိက စင်မြင့်ကြီး မီးလောင်ပျက်စီး

ဘယ်လ်ဂျီယမ်နိုင်ငံမှာ ကျင်းပမယ့် အီလက်ထရောနစ်ဂီတ ပွဲတော် Tomorrowlandရဲ့ ပင်မစင်မြင့်ကြီးဟာ ဂီတပွဲတော် ဖွင့်ပွဲမတိုင်ခင် ၂ ရက်အလိုမှာ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

Getty Images

ဘယ်လ်ဂျီယမ်နိုင်ငံမှာ ကျင်းပမယ့် အီလက်ထရောနစ်ဂီတ ပွဲတော် Tomorrowlandရဲ့ ပင်မစင်မြင့်ကြီးဟာ ဂီတပွဲတော် ဖွင့်ပွဲမတိုင်ခင် ၂ ရက်အလိုမှာ မီးလောင်ကျွမ်းသွားခဲ့ပါတယ်။

အရမ်း အလေးထား ချစ်မြတ်နိုးရတဲ့ အဓိက စင်မြင့်ကြီးဟာ ဆိုးဆိုးရွားရွား ထိခိုက် ပျက်စီးသွားခဲ့ရတယ်လို့ ပွဲစီစဉ်သူတွေက ဇူလိုင် ၁၆ ရက် ညနေပိုင်းမှာ ကြေညာခဲ့ပါတယ်။ ကံအားလျော်စွာနဲ့ မီးလောင်မှုမှာ ထိခိုက်ဒဏ်ရာ ရသူတော့ မရှိခဲ့ပါဘူး။

သေသေချာချာ ပြင်ဆင်ပြီး ခမ်းခမ်းနားနား တည်ဆောက်ထားတဲ့ စင်မြင့်ကြီး ဘာကြောင့် မီးလောင်ခဲ့သလဲ ဆိုတာကိုတော့ လောလောဆယ် မသိရသေးပါဘူး။

Tomorrowland ဂီတပွဲတော်ကို ဇူလိုင် ၁၈ ရက်နေ့ကျရင် အန့်တဝပ်မြို့တော် တောင်ဖက်က ဘွမ်းမြို့မှာ စတင်ကျင်းပဖို့ စီစဉ်ထားခဲ့တာပါ။ သီတင်းနှစ်ပတ် ကြာမြင့်မယ့် ပွဲတော်ကာလအတွင်း လူပေါင်း ၄၀၀၀၀ လောက် တက်ရောက်မယ်လို့လည်း ပွဲစီစဉ်သူတွေက မျှော်လင့်ထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အီလက်ထရောနစ် ဂီတပညာရှင်တွေ ရာနဲ့ချီ ပါဝင်ဖျော်ဖြေမယ့် အဲဒီ ပွဲတော်မှာ မီးလောင်မှုကြောင့် ကြိုတင် စီစဉ်ထားမှုတွေကနေ လွဲချော်သွားပြီး အရှုပ်အထွေးတွေ အများကြီး ကြုံလာနိုင်ခြေ ရှိနေပါတယ်။ မျက်မြင်တစ်ဦးကတော့ ပေါက်ကွဲသံတချို့ ကြားလိုက်ရပြီးတဲ့နောက် စင်မြင့်ကြီး စတင် မီးလောင်ခဲ့တာလို့ ပြောပါတယ်။

စင်မြင့်ကို အလှဆင်တဲ့ အပြီးသတ် လုပ်ငန်းတွေ လုပ်ဆောင်နေချိန်မှာ မီးလောင်မှု ဖြစ်ခဲ့ကြောင်း၊ သီတင်း ၄ ပတ်ကြာ အားစိုက်ခဲ့တဲ့ ရလဒ်ဟာ နာရီဝက်အတွင်း ပျက်စီးသွားခဲ့ကြောင်း ဆောက်လုပ်ရေး ဝန်ထမ်းတစ်ဦးက ဆိုပါတယ်။

မီးသတ်တပ်ဖွဲ့တွေဟာ မီးကို အနီးတဝိုက် လူနေရပ်ကွက်တွေဆီ မကူးအောင် တားဆီးနိုင်ခဲ့ပြီး တချို့ဒေသခံတွေကိုတော့ ယာယီ ရွှေ့ပြောင်းပေးခဲ့ပါတယ်။

Tomorrowland စီစဉ်သူတွေကတော့ အဓိက စင်မြင့်ကြီးကို အသုံးမပြုတော့ဘဲ ပွဲတော်ကို ဆက်လက် ကျင်းပသွားမယ်လို့ ပြောကြားထားပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရူသာဖို့ဒ် မိသားစုဝင်တွေဟာ မျိုးနဲ့ရိုးနဲ့ ကမ္ဘာပတ် ပျံသန်းသူတွေလို့တောင် ညွှန်းဆိုနိုင်ပြီး သူ့အစ်မကြီး ဇာရာ ရူသာဖို့ဒ်ကလည်း ကမ္ဘာပတ်ပြီး တစ်ကိုယ်တော် ပျံသန်းခဲ့တဲ့ အသက် အငယ်ဆုံး အမျိုးသမီးအဖြစ် စံချိန် တင်ထားခဲ့ပါတယ်။ သူ့ရဲ့ ခရီးစဉ်ကိုတော့ အခုနှစ်၊ ဇန်နဝါရီလမှာ အဆုံးသတ်နိုင်ခဲ့ပါတယ်။

နိုင်ငံတကာ

အစောပိုင်းမှာ သူ့ရဲ့ သွေးထဲက အောက်စီဂျင် ပါဝင်မှု အခြေအနေက ကောင်းမွန်ခဲ့ပေမယ့် ရက်ပိုင်းအတွင်း သိသိသာသာ ဆုတ်ယုတ်လာခဲ့ပါတယ်။ ၅ ရက် အကြာမှာတော့ ကွယ်လွန်သွားခဲ့ရှာပါတယ်

နိုင်ငံတကာ

လက်နက် အပြည့်အစုံ ကိုင်ဆောင်ပြီး ခြေရာဖျောက်သွားတဲ့ လက်ယာစွန်းဝါဒီ စစ်သားတစ်ယောက်ကို ဘယ်လ်ဂျီယမ် ရဲတပ်ဖွဲ့က အသည်းအသန် လိုက်ရှာနေပါတယ်။