close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ရှီနဲ့ ဖုန်းပြောပြီးတဲ့နောက် တရုတ်ကို သွားလည်ဖို့ စဉ်းစားထားတယ်လို့ ထရမ့်အတည်ပြု

သူဟာ တရုတ်နိုင်ငံဆီ အလည်အပတ် ခရီးစဉ် သွားရောက်ဖို့ စဉ်းစားထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

Reuters

သူဟာ တရုတ်နိုင်ငံဆီ အလည်အပတ် ခရီးစဉ် သွားရောက်ဖို့ စဉ်းစားထားကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အတည်ပြု ပြောကြားခဲ့ပါတယ်။

တရုတ်သမ္မတ ရှီကျင့်ဖျင်နဲ့ ဖုန်းဆက် စကားပြောခဲ့ပြီးတဲ့နောက် ထရမ့်က ဘေဂျင်းခရီးစဉ်ကို စီစဉ်ရေးဆွဲသွားမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။ သူနဲ့ ရှီကြားက ဖုန်းဆက် စကားပြောမှုဟာ အရမ်းကောင်းမွန်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

သူက တရုတ်ကို သွားရောက်မယ်လို့ ထုတ်ပြောခဲ့ပေမယ့်လည်း ခရီးစဉ်နဲ့ ပတ်သက်ပြီး နှစ်ဖက်အစိုးရတွေဆီက တရားဝင် ထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။

ကမ္ဘာပေါ်မှာ စီးပွားရေး အင်အား အတောင့်တင်းဆုံးဖြစ်တဲ့ ပြိုင်ဘက် နှစ်နိုင်ငံဟာ လက်ရှိ အခြေအနေမှာတော့ ကုန်သွယ်ရေးဆိုင်ရာ မူဝါဒတွေအရ တင်းမာတဲ့ ဆက်ဆံရေးမျိုး ရှိနေပါတယ်။ နောက်ပြီး ဖေဖော်ဝါရီလမှာ ထရမ့်က တရုတ်ကို ပစ်မှတ်ထားတဲ့ ကုန်သွယ်ရေး စစ်ပွဲဆန်ဆန် သွင်းကုန်အခွန် စည်းကြပ်မှု မူဝါဒတွေ စတင် ကျင့်သုံးခဲ့ချိန် ကတည်းက ဒါဟာ နှစ်နိုင်ငံ သမ္မတတွေကြား ပထမဆုံးအကြိမ် ဖုန်းဆက် ဆွေးနွေးမှုလည်း ဖြစ်လာပါတယ်။

Public Service Announcement

Public Service Announcement

ဇွန်လ ၅ ရက်နေ့တုန်းက သူဟာ ရှီနဲ့ တစ်နာရီခွဲလောက် ဖုန်းပြောခဲ့ပြီး အကြောင်းအရာတွေကတော့ ကုန်သွယ်ရေး ကဏ္ဍကို အဓိကထားခဲ့ကြောင်း၊ နှစ်နိုင်ငံစလုံးအတွက် အရမ်းကောင်းမွန်တဲ့ အပြီးသတ် အဖြေမျိုးတွေ ထွက်ပေါ်ခဲ့ကြောင်း ထရမ့်က လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ရှီက သူ့ကို တရုတ်ဆီ အလည်အပတ် လာရောက်ဖို့ ဖိတ်ခေါ်ခဲ့သလို သူကလည်း ရှီကို အမေရိကန်ဆီ လာလည်ဖို့ ပြန်ဖိတ်ခဲ့တယ်လို့ ထရမ့်က ဆိုပါတယ်။

အိမ်ဖြူတော်မှာ ဂျာမနီ အဓိပတိ ဖရိုင်းဒရစ်ချ် မားဇ်ကို လက်ခံတွေ့ဆုံတဲ့ အချိန်မှာလည်း ထရမ့်က သူနဲ့ရှီ ဖုန်းပြောခဲ့ကြတဲ့ အကြောင်းကို သတင်းထောက်တွေဆီ ထပ်မံ အတည်ပြုခဲ့ပါတယ်။

သူနဲ့ရှီဟာ အပြန်အလှန် ဖိတ်ကြားမှုတွေကို လက်ခံခဲ့ကြကြောင်း၊ သူနဲ့ သမ္မတကတော် မယ်လာနီယာတို့ဟာ အချိန်တစ်ခုခုမှာ တရုတ်နိုင်ငံဆီ သွားရောက်မှာဖြစ်ပြီး တရုတ်သမ္မတ ဇနီးမောင်နှံလည်း အမေရိကန်ကို လာလည်မယ်လို့ မျှော်လင့်ကြောင်း ထရမ့်က ဆိုပါတယ်။

သမ္မတနှစ်ဦး ဖုန်းပြောတဲ့ ကိစ္စကို တရုတ်က ထုတ်ပြန်ထားရာမှာတော့ ထရမ့်ကို အလည်အပတ် လာရောက်ဖို့ ဖိတ်ကြားထားကြောင်း ပါရှိပေမယ့် ထရမ့်ဖက်က ပြန်ဖိတ်ကြားတယ်ဆိုတဲ့ အချက်ကိုတော့ ထည့်သွင်းမထားပါဘူး။

တရုတ် အစိုးရပိုင် ရှင်ဟွာ သတင်းဌာနကတော့ သမ္မတ ရှီဟာ နှစ်ဖက် ကုန်သွယ်ရေးမှာ တရုတ်အပေါ် အနုတ်လက္ခဏာဆောင်စေတဲ့ သတ်မှတ်ချက်တွေ ရုပ်သိမ်းဖို့ ထရမ့်ကို တိုက်တွန်းခဲ့ကြောင်း ဖော်ပြသွားပါတယ်။

နောက်ပြီး ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေကို လျှော့ချဖို့ နှစ်ဖက်ကြား ဆွေးနွေး သဘောတူညီမှုတွေ ရရှိခဲ့ပြီးချိန် ကတည်းက တရုတ်ဟာ အဲဒီ ကတိတွေကို စောင့်ထိန်းခဲ့ကြောင်း၊ ဒီလို စောင့်ထိန်းမှုမျိုး နှစ်ဖက်စလုံးက ပြသဖို့လိုကြောင်းလည်း ရှီက ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

ဒါဟာ ကုန်သွယ်ရေး ဆိုင်ရာ သဘောတူညီချက်တွေကို ချိုးဖောက်နေပါတယ်လို့ နှစ်ဖက်ကြား မကြာသေးခင်က အပြန်အလှန် စွပ်စွဲမှုတွေကို ရှီက တိုက်ရိုက် ရည်ညွှန်းခြင်း ဖြစ်ပါတယ်။

ရှီနဲ့ ထရမ့်တို့ ဖုန်းပြောခဲ့ကြချိန်မှာ ထိုင်ဝမ်အရေးလိုမျိုး တခြားနိုင်ငံတကာ ကိစ္စတွေကိုပါ ထည့်သွင်းဆွေးနွေး ခဲ့ကြောင်းလည်း သိရှိရပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုင်ငံရေး မဟာမိတ်တွေ ဖြစ်ခဲ့ကြဖူးပေမယ့် အခုတော့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်နဲ့ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်စ်ခ်တို့ကြားက လူသိရှင်ကြား ပဋိပက္ခတွေဟာ ပိုပြီး ဆူပွက်ပြင်းထန်တဲ့ အခြေအနေမျိုးထိ ရောက်ရှိလာပါတယ်။

နိုင်ငံတကာ

ဟားဗက် တက္ကသိုလ် တက်ရောက်ဖို့ လျှောက်ထားတဲ့ နိုင်ငံခြားသား ကျောင်းသားတွေရဲ့ ဗီဇာတွေကို ခွင့်ပြုတော့မှာ မဟုတ်ဘူးလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာ ကမ်းမြှောင်ဒေသမှာ အပစ်အခတ် ရပ်စဲရေး တောင်းဆိုဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ အဆိုတင်သွင်းရာမှာ အမေရိကန်က ဗီတိုအာဏာသုံးပြီး ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှား လေတပ်စခန်းတွေကို ယူကရိန်းက ဒရုန်းတွေနဲ့ အုံလိုက်ကျင်းလိုက် တိုက်ခိုက်ခဲ့တဲ့ စစ်ဆင်ရေးကို ရုရှားဖက်က လက်စားချေလာလိမ့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က သတိပေးခဲ့ပါတယ်။

Facebook