close
Connect with us

Hi, what are you looking for?

သတင်း

အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ကိုပစ်ခတ်ခဲ့သည့် ရဲဘော်များ ဘေးကင်းဟု GVW တာဝန်ရှိသူပြော

အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ရှင်းလင်းခံရမှုတွင်ပါဝင်ခဲ့သည့် ရဲဘော်များအားလုံးဘေးကင်းပြီး စစ်ကောင်စီ၏ လုပ်ကြံဇာတ်လမ်းဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း Golden Valley Warriors အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

​သေနတ်ဖြင့်ပစ်ခတ်ခံရပြီး​သေဆုံးခဲ့​သော အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို အာဏာသိမ်း​ခေါင်း​ဆောင်၊ ​ အာဏာရှင်​ဟောင်းဦး​နေဝင်း​မြေးများနှင့် တပ်မ​တော်​နေ့အခမ်းအနားတွင်​တွေ့ရစဥ်

■စစ်​ကောင်စီထုတ်ပြန်ချက်တွင်ကွဲလွဲချက်များစွာရှိ​နေဟု GVW ​​ထောက်ပြ

ဇွန်-၆၊၂၀၂၅။သတိုး/People’s Spring

အငြိမ်းစားဗိုလ်မှုးချုပ်ချိုထွန်းအောင်ရှင်းလင်းခံရမှုတွင်ပါဝင်ခဲ့သည့် ရဲဘော်များအားလုံးဘေးကင်းပြီး စစ်ကောင်စီ၏ လုပ်ကြံဇာတ်လမ်းဖြင့် ဖမ်းဆီးခံရသည့် ပြည်သူများအတွက် စိတ်မကောင်းကြောင်း Golden Valley Warriors အဖွဲ့တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“အပြစ်မဲ့ပြည်သူတွေကိုပဲ စာနာ သနားမိပါတယ် ။ ရဲဘော်တွေ အားလုံး လုံခြုံဘေးကင်းကြောင်း ကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်။” ဟု ၎င်းကပြောသည်။

Public Service Announcement

Public Service Announcement

စစ်​ကောင်စီထုတ်ပြန်ချက်တွင် ဖြစ်စဥ်နှင့် သိသာထင်ရှားစွာကွဲလွဲချက်များစွာရှိ​နေ​ကြောင်း အဖွဲ့တာဝန်ရှိသူက​ပြောသည်။

​သေနတ်ဖြင့်ပစ်သူများစီး​သောစက်ဘီကိုစစ်​ကောင်စီထုတ်ပြန်မှုအရ CCTV ထဲတွင်​တွေ့ရ​​သောစက်ဘီးမှာ ငွေရောင် ဘက္ကထီ၂ လုံးတပ် ဟု စိစစ်တွေ့ရှိရ​သော်လည်း သက်​သေခံများဖမ်းမိသည်ဆိုကာထုတ်ပြန်ချက်တွင် အဖြူရောင် ဘက္ကထီ ၃ လုံးတပ် စက်ဘီးဖြစ်နေပြီး ကွဲလွဲ​နေသည်ကို​တွေ့ရ​ကြောင်းသိရသည်။

ထို့အပြင် စစ်​ကောင်စီက ဖမ်းမိသက်​သေခံဟု တင်ထားသည့်သေနတ်သည် သေနတ်အစစ်မဟုတ်ဘဲ propane gas ဖြင့်ပစ်ရသည့်ကော်စေ့သေနတ်ဖြစ်​နေကြောင်း လက်နက်ကျွမ်းကျင်သူများ၏ မှတ်ချက်အရသိရသည်ဟု Golden Valley Warriors က​ပြောသည်။

ထို့​ကြောင့် စစ်​ကောင်စီသည် ဖြစ်စဉ်အနီး ရှိ ဆောက်လုပ်ရေး ဆိုဒ်များထဲမှ အလုပ်သမားများကိုပါ တရားခံ စာရင်းသွင်းခြင်း၊ ၆ နှစ်အရွယ်ကလေးငယ်ကိုပါ တရားခံလုပ်ပြ၍ တော်လှန်ရေး ဘက်တော်သားများကို ကြောက်စိတ်ဝင်စေရန် ခြိမ်းခြောက်ခြင်း ၊CDM များကိုပါခြိမ်းခြောက်လ်ို၍ တရားခံစာရင်းထဲထည့်ထားခြင်း ၊ ​တွေ့ရာတက္ကစီ ၊ဘေးတွဲ ၊ ဆိုင်ကယ်တက္ကစီ ၊ အဝေးပြေး ယာဉ်မောင်း မှန်သမျှ ကို တရားခံ လုပ်ထားသည်ဟု အဖွဲ့ကသုံးသပ်ထားသည်။

စစ်ကောင်စီကမူ ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို ရှင်းလင်းခဲ့သူများနှင့် ၎င်းတို့၏ မိသားစုဝင်များ ၊ ယင်းဖြစ်စဉ်အတွက်ကူညီပေးခဲ့သူများဟုစွပ်စွဲကာ အသက် ၆ နှစ်အရွယ်ကလေးငယ်တစ်ဦးအပါအဝင် ၁၆ ဦးကိုဖမ်းဆီးခဲ့ကြောင်း ဇွန် ၅ ရက်တွင် ထုတ်ပြန်ထားသည်။

” ကလေးလေးတွေ တက္ကစီးသမားတွေ ဘေးတွဲသမား CDM ဆရာဝန်တွေ ကိုပါ ဖမ်းပြပြီးတရား

ခံ လုပ်ပြပုံထောက်ရင် ဒီကောင်တွေကို အထက်က တော်တော်ထောင်းလို့ဖြစ်မယ် ၊ ဖမ်းချင်ရာလျောက်ဖမ်းထားမှန်း စာသေချာ ဖတ်ကြည့်တာနဲ့သိသာနေတယ် ဆက်စပ်မှုလဲမရှိဘူး သေချာတာတော့ တော်တော်အဖိအထောင်းခံထားရလို့ ပြည်သူကိုပြန်မဲနေတာမျိုးပဲ’’ ဟု CDM ကျောင်းဆရာတဦးက ပြောသည်။

စစ်ကောင်စီက အထက်ပါ ဗိုလ်မှုးချုပ်ကို ပစ်ခတ်ခဲ့သည်ဟုစွပ်စွဲခံရသည် မျိုးကိုကို ၊ ၎င်း၏ ဇနီးနှင့် ခြောက်နှစ်အရွယ်သမီးကို ပုဂံမြို့‌ဟောင်း ၌ ဖမ်းဆီးခဲ့ပြီး လိုက်ပါပို့ဆောင်ပေးသူများကိုလည်း ဖမ်းဆီးခဲ့သည်ဟုဆိုသည်။

ထို့အပြင်မျိုးကိုကို၏ ထွက်ဆိုချက်ဖြင့်ဟုဆိုကာ ပစ်ခတ်ရာတွင်ပါဝင်ခဲ့သည့် ချစ်ကိုကို နှင့် မိသားစုဝင်များကို ပဲခူးမြို့စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခဲ့သည်ဟု လည်းဆိုသည်။

ယင်းဖြစ်စဉ်၌ ကင်းထောက်ပြုလုပ်ပေးသူများဟုဆိုကာကြည့်မြင်တိုင်မြို့နယ်၌ ဖမ်းဆီးခဲ့ပြီး ပစ်

ခတ်မှုတွင် ဒဏ်ရာရသောကြောင့် ကုသပေးသူဟုဆိုကာ သာကေတ မြို့နယ် လင်းဆေးခန်းမှ ဆရာ

ဝန်နှစ်ဦးကိုလည်း ဖမ်းဆီးခဲ့ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်၌ အသုံးပြုခဲ့သည့် စက်ဘီးကို သုံးဘီးယာဉ်ဖြင့်တင်ဆောင်ခဲ့သည်ဟုဆိုကာ မြောက်ဥက္ကလာပမြို့နယ်မှ အမျိုးသားတစ်ဦးနှင့် ထောက်ပို့ ပြုလုပ်သည်ဟု စွပ်စွဲထားသည့် အမျိုးသားတစ်ဦးကိုလည်းဖမ်းဆီးခဲ့သည်။

ဖမ်းဆီးခံရသူများကို ဓာတ်ပုံများနှင့်အတူ ဖော်ပြထားခြင်းဖြစ်ပြီး ခြောက်နှစ်အရွယ်ကလေးကို ပြစ်ဒဏ်ကျူးလွန်သူ၏ စွပ်စွဲထားသည့်အပေါ် ပြည်သူများကပြင်းထန်စွာဝေဖန်မှုများရှိသည်။

ယင်းဖြစ်စဉ်ကို အမျိုးသားညီညွှတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီး၏ စေခိုင်းချက်ဟု စစ်ကောင်စီက စွပ်စွဲထားသည်။

“သူတို့က အမြဲ ခြေတလှမ်းနောက်ကျနေတာ အားလုံးအသိပဲ အရှက်ပြေလိုက်ဆက်စပ် နေတယ်လိုမြင်တယ်” ဟု မြို့ပြပြောက်ကျားရဲဘော်တစ်ဦးကပြောသည်။

စစ်​ကောင်စီ၏ ထုတ်ပြန်ချက်တွင် ​သေနတ်ဖြင့်ပစ်ခတ်သူများစီးနင်း​သော စက်ဘီးကို သုံးဘီးဖြင့်တင်သွားသည်ကို​တွေ့​သောသူကသတင်း​ပေး၍ သုံးဘီးယာဥ်​မောင်းမှတဆင့် ​ခြေရာခံ​ဖော်ထုတ်

သည်ဟု​ရှေ့တွင်​​​ဆို​သော်လည်း ၊​ ​သေနတ်ဖြင့်ပစ်သူနှစ်ဦးသည် ရွှေ​ပေါက်ကံမြို့သစ် ရှိ Safe House မှ ဦးချိုထွန်း​အောင်အိမ်သို့စက်ဘီးဖြင့်စီးသွားပြီး​သေနတ်ဖြင့်ပစ်ကာ စက်ဘီးဖြင့်ပင် ပြန်သွား​ကြကြောင်း​ဖော်ပြထားပြန်သည်။ထို​ကြောင့် သုံးဘီးဖြင့်တင်သွားသည်ဆို​​သောအချက်ဖြင့်ကွဲလွဲ​နေသည်။

ထို့အပြင် ဦးချိုထွန်း​အောင်ကို ​သေနတ်ဖြင့်ပစ်ခတ်သူဟုစွပ်စွဲခံထား​ရ​သော မျိုးကိုကို(​ခေါ်)စိုင်းကိုကို သည် ၂၀၂၃ ခုနှစ်နှင့် ၂၀၂၄ ခုနှစ်အတွင်း ဦးမင်း​တေဇညွန့်တင် ၊အမျိုးသားဒီမိုက​ရေစီပါတီသစ် ဥက္ကဌ ဦးသန်းထွန်း နှင့် စစ်​ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးတို့ကို ရန်ကုန်၌ ပစ်ခတ်သတ်ဖြတ်ခဲ့သူဖြစ်​ကြောင်းလည်းထပ်မံစွပ်စွဲထားသည်ကို​တွေ့ရသည်။ပစ်ခတ်သတ်ဖြတ်မှုများအတွက် ၁ကြိမ်လျင် NUG က NUG Pay ဖြင့် ၂သိန်းကျပ်​ပေးသည်ဟုလည်းစွပ်စွဲထားသည်။

ရှင်းလင်းခံရသည့် အငြိမ်းစားဗိုလ်မှုးချုပ် ချိုထွန်းအောင်သည် နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ် (National Defence College-NDC) တွင် Internal Security & Counter-Terrorism (နိုင်ငံတော်လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး) ဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ် ၂ ခုကိုသင်ကြားပေးနေပြီး အကြမ်းဖက်မှုများကျူးလွန်နေသည့် စစ်ကောင်စီကို စစ်ဘက်ရေးရာ သင်ကြားမှုများပြုလုပ်နေသူဖြစ်သောကြောင့် စစ်ရေးပစ်မှတ်အနေဖြင့် ရှင်းလင်းခဲ့ခြင်းဟု Golden Valley Warriors အဖွဲ့ကအသိပေးထားသည်။

ဗိုလ်မှုးချုပ်ချိုထွန်းအောင်ကို မေလ ၂၂ ရက် နံနက်က ၎င်းနေထိုင်သည့် မရမ်းကုန်းမြို့နယ် ၌ သေနတ်ဖြင့် အပစ်ခံခဲ့ရခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို ရှင်းလင်းသည့်ဖြစ်စဉ် CCTVမှတ်တမ်းကို စစ်ကောင်စီအဖွဲ့က ရရှိသည့်အပေါ် ပြင်ဆင်မှုများပြုလုပ်ထားသောကြောင့် စိတ်မပူရန်နှင့် မဆိုင်သည့်ပြည်သူများ ဖမ်းဆီးခံရမည်ကို စိုးရိမ်ကြောင်း Golden Valley Warriors (GVW)တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

Facebook