close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ပြည်သူ့ ရုပ်သံထုတ်လွှင့် ဌာနတွေကို ရန်ပုံငွေ ထောက်ပံ့မှု ရုပ်သိမ်းဖို့ လွှတ်တော်ကို ထရမ့်တောင်းဆို

အများပြည်သူအတွက် ရုပ်သံထုတ်လွှင့် တင်ဆက်နေတဲ့ ဌာနတွေကို ရန်ပုံငွေ ထောက်ပံ့မှု ရုပ်သိမ်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရက လွှတ်တော်ကို တရားဝင် တောင်းဆိုလိုက်ပါတယ်။

The New York Times

အများပြည်သူအတွက် ရုပ်သံထုတ်လွှင့် တင်ဆက်နေတဲ့ ဌာနတွေကို ရန်ပုံငွေ ထောက်ပံ့မှု ရုပ်သိမ်းဖို့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အမေရိကန် အစိုးရက လွှတ်တော်ကို တရားဝင် တောင်းဆိုလိုက်ပါတယ်။

ဇွန်လ ၃ ရက်နေ့က အဆိုပြုချက်ဟာ ထရမ့်လက်ထက်မှာ ပြည်သူ့မီဒီယာတွေကို အစိုးရက အတိအလင်း ရန်လိုတိုက်ခိုက်လာမှုရဲ့ နောက်ထပ် ခြေလှမ်းတစ်ခုလို့ သတ်မှတ်နိုင်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ထရမ့်ရဲ့ ပစ်မှတ်ဟာ PBSနဲ့ NPRလို ရုပ်သံမီဒီယာတွေ ဖြစ်လာပါတယ်။

Getty Images

အဲဒီ ရုပ်သံဌာနတွေအတွက် နောက်ထပ် ၂ နှစ်စာ အစိုးရ ထောက်ပံ့ကြေး ခွဲတမ်း ဒေါ်လာ ၁.၁ ဘီလီယံကို သတ်မှတ်ပေးထားပြီး ဖြစ်ပေမယ့် ပြန်လည် ရုပ်သိမ်းပေးဖို့ အစိုးရက လွှတ်တော်ဆီ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီးသား ကိစ္စကို ပြန်ရုပ်သိမ်းဖို့ဆိုရင် လွှတ်တော် နှစ်ရပ်လုံးရဲ့ အမတ်အများစုက ထရမ့်ရဲ့ အဆိုကို မဲပေး ထောက်ခံဖို့ လိုအပ်ပါတယ်။

Public Service Announcement

Public Service Announcement

ပြီးခဲ့တဲ့လမှာ ထရမ့်ဟာ PBSနဲ့ NPRတို့လို ပြည်သူ့ ရုပ်သံလွှင့် ဌာနတွေအတွက် အခွန်ထမ်း ပြည်သူတွေရဲ့ ငွေကြေးတွေကို ပြည်သူ့ ရုပ်သံလွှင့် ကော်ပိုရေးရှင်း (CPB)ကနေတဆင့် ခွဲဝေထောက်ပံ့ပေးနေတာကို ရပ်ဆိုင်းစေမယ့် အမိန့်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

မျက်မှောက်ကာလဟာ ၁၉၆၇ နဲ့ မတူတော့ကြောင်း၊ မီဒီယာ ရပ်ဝန်းအတွက် ရွေးချယ်စရာ အသစ်တွေက ကွဲပြားစုံလင်စွာနဲ့ အများအပြား ရှိလာနေကြောင်း၊ အဲဒီလို ရပ်ဝန်းမျိုးမှာ အစိုးရက မီဒီယာတွေကို ငွေကြေး ဆက်လက် ထောက်ပံ့နေတာဟာ လိုလည်း မလိုအပ်တော့သလို ခေတ်လည်း နောက်ကျနေကြောင်း၊ ဒါတင် မကသေးဘဲ ဂျာနယ်လစ်တွေရဲ့ အမှီအခိုကင်းကင်း ရပ်တည်မှု စံနှုန်းတွေကိုလည်း ထိခိုက် ပွန်းပဲ့စေနိုင်ကြောင်း အဲဒီ အမိန့်ထဲမှာ ဖော်ပြထားခဲ့ပါတယ်။

ပြည်သူ့ ရုပ်သံလွှင့် ဌာနတွေဆီ ငွေကြေး ထောက်ပံ့မှုကို ရုပ်သိမ်းဖို့ အစိုးရက လွှတ်တော်ကို ဇွန်လ ၃ ရက်နေ့မှာ တရားဝင် အဆိုမတင်ခင် ကတည်းက PBSနဲ့ NPRတို့ဟာ ထရမ့်ရဲ့ အကြံအစည်ကို တားဆီးတုံ့ပြန်ဖို့ အစိုးရကို တရားစွဲဆိုထားကြပြီး ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က PBSရဲ့ တရားစွဲဆိုမှုမှာတော့ ထရမ့်ရဲ့ အထူးအမိန့်ဟာ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေကို ချိုးဖောက်ရာ ရောက်နေသလို သမ္မတဟာ ပြည်သူ့ ရုပ်သံထုတ်လွှင့်မှုတွေအတွက် ရန်ပုံငွေကို ဖြတ်တောက် လျှော့ချဖို့ ဆုံးဖြတ်ပိုင်ခွင့် မရှိဘူးလို့ ဖော်ပြထားပါတယ်။ နောက်ပြီး ထရမ့်ကိုယ်တိုင်က PBSဟာ သူနဲ့ တခြားရီပတ်ဘလစ်ကန် ပါတီဝင်တွေကို ဆန့်ကျင်တဲ့ ဘက်လိုက်ရပ်တည်မှုမျိုး ရှိနေတယ်လို့ စွပ်စွဲဖူးတာကြောင့် အဲဒီအထူးအမိန့်ဟာ ရိုးသားမှု မရှိဘဲ ပုဂ္ဂိုလ်ရေး သဘောထားတွေ ရောယှက်နေတယ်လို့ PBSက စွပ်စွဲထားပါတယ်။

ကိုးကား: NPR

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့် အဆိုပြုထားတဲ့ အခွန်နဲ့ အသုံးစရိတ် မူကြမ်းဟာ စက်ဆုပ်စရာ ပုံပျက်ပန်းပျက် ကိစ္စမျိုးလို့ အီလွန်မတ်စ်ခ်က ပြင်းပြင်းထန်ထန် ထိုးနှက် ဝေဖန်သွားခဲ့ပါတယ်။

နိုင်ငံတကာ

ရွှေ့ပြောင်း အခြေချသူတွေအတွက် ဥပဒေကြောင်းအရ အကာအကွယ် ပေးထားမှုတွေကို သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရက ပယ်ဖျက်ပိုင်ခွင့် ရှိတယ်လို့ အမေရိကန် တရားရုံးချုပ်က အဆုံးအဖြတ် ပေးလိုက်ပါတယ်။

နိုင်ငံတကာ

အစိုးရ အဖွဲ့ထဲက အီလွန်မတ်စ်ခ် နုတ်ထွက်သွားပေမယ့် သူဦးဆောင်တဲ့ အစိုးရ စွမ်းဆောင်ရည် မြှင့်တင်ရေးဌာန (DOGE)ကို အပြီး ကျောခိုင်းသွားတယ်လို့ မခံစားရကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန်ရဲ့ ရွှေလိပ်ခုံး (Golden Dome) လေကြောင်းကာကွယ်ရေး စနစ်ဟာ အရမ်း အန္တရာယ်ကြီးပြီး အာကာသ အခြေပြုတဲ့ နျူကလီးယား စစ်ပွဲတွေ လက်တွေ့ ဖြစ်နိုင်ခြေနဲ့ ပိုနီးကပ်သွားစေနိုင်ကြောင်း မြောက်ကိုရီးယားက စွပ်စွဲခဲ့ပါတယ်။

Facebook