close
Connect with us

Hi, what are you looking for?

သတင်း

သေဘောဘိုး တပ်စခန်းကို ၃ နှစ်အကြာမှာ KNU ထပ်မံသိမ်းယူ

စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်ပေ မယ့် ဒီနေ့ (ဇွန်လ ၃ရက် )ညနေပိုင်း ၃ နာရီ မှာ ထိုင်း- မြန်မာ နယ်စပ်မျဉ်းအနီးရှိ သေဘောဘိုး တပ်စခန်းကို သိမ်းယူလိုက်ပြီလို့ KNU ရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာ က အတည်ပြုပါတယ်။

ဓာတ်ပုံ - Google Earth

ဇွန် – ၃ ၊၂၀၂၅ ၊ နိုင်ပကောင်း/People’s Spring

စစ်ကောင်စီတပ်က လေကြောင်းကနေ အပြင်းအထန် ခုခံတိုက်ခိုက်ပေ မယ့် ဒီနေ့ (ဇွန်လ ၃ရက် )ညနေပိုင်း ၃ နာရီ မှာ ထိုင်း- မြန်မာ နယ်စပ်မျဉ်းအနီးရှိ သေဘောဘိုး တပ်စခန်းကို သိမ်းယူလိုက်ပြီလို့ KNU ရဲ့ ကော့ကရိတ်မြို့နယ် ဥက္ကဋ္ဌ ပဒိုစောဖားတရာ က အတည်ပြုပါတယ်။

“(​သေ​ဘောဘိုးစခန်း) ရပြီ” လို့ ပဒို​စောဖားတရာ​ က ပြောပါတယ်။

စခန်းသိမ်းပြီးနောက် စစ်သုံ့ပန်း ၊ လက်နက်ခဲယမ်းရရှိမှု အခြေအနေကိုအသေးစိတ် မသိရသေးဘူးလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

KNU ရဲ့ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ပုံအရ သေဘောဘိုး တပ်စခန်းတည်ရှိတဲ့ ဝေါ်လေမြို့ဟာ ဒူပလာယာခရိုင် ၊ ကော့ကရိတ်မြို့နယ်ထဲမှာ ပါဝင်တယ်လို့သိရပါတယ်။

မြဝတီ – ဝေါ်လေလမ်းပိုင်းမှာအရေးပါတဲ့ သေဘောဘိုး တပ်စခန်းကို KNU နဲ့ ပူးပေါင်းတပ်က ဒရုန်းတွေ​၊ လက်နက်ကြီးတွေသုံးပြီး ပြီးခဲ့တဲ့ မေလ တတိယပတ်ကစတင်တိုက်ခိုက်ခဲ့တာပါ။

သေဘောဘိုး တပ်စခန်းကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် မေလမှာ KNU နဲ့ ပူးပေါင်းတပ်က တိုက်ယူဖူးပါတယ်။

ဒါပေမယ့် စစ်ကောင်စီတပ်က နယ်စပ်ခြေကုပ်စခန်းကိုလက်လွှတ်မခံလိုတာကြောင့်အလုံးအရင်းနဲ့ တန်ပြန်ထိုးစစ်ဆင်ရာမှာ KNU က ပြန်လည်လက်လွှတ်ပေးခဲ့ရတာပါ။

အခုတော့ ၃ နှစ်အကြာမှာ KNU က ထပ်မံတိုက်ယူတာလည်းဖြစ်ပါတယ်။

KNU ဟာ ထိုင်း – မြန်မာ နယ်စပ်တလျှာက်မှာရှိတဲ့ တပ်မဟာ (၇) စစ်ရေးလှုပ်ရှားရာ နယ်မြေထဲက စစ်ကောင်စီတပ်စခန်းအားလုံးနီးပါးကိုတိုက် ခိုက် သိမ်းယူပြီးနောက် တပ်မဟာ ( ၆) ဘက်က နယ်စပ်စခန်းတွေကို ဆက်လက်တိုက်ခိုက်လာတာတွေ့ရပါတယ်။

KNU တပ်မဟာ (၆) စစ်ရေးလှုပ်ရှားရာနယ်မြေ မြဝတီမြို့ တောင်ဘက်ခြမ်း ၊ဝေါ်လေဒေသမှာ ရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေထဲက ဘလက်ဒို ၊ ကနဲလေး ၊ ဝါးမီထ၊ ဘုရင့်နောင် ၊ မော်ခီးတပ်စခန်းနဲ့ သေဘောဘိုး တပ်စခန်းတွေကို KNU က ဆက်တိုက်ဆိုသလို သိမ်းယူခဲ့တာပါ။

ဝေါ်လေမှာ လက်ရှိတော့အရေးကြီးတဲ့ တပ်စခန်းတွေအဖြစ် ဝေါ်လေဗျုဟာ နဲ့ ဥကရစ်ထ တို့သာ ကျန်တော့တယ်လို့သိရပါတယ်။

ဥကရစ်ထ ကို ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း ကရင့်တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့ပေမယ့် စခန်းမရခဲ့ပါဘူး။

စစ်ကောင်စီတပ်ဘက်ကတော့ ထိုင်းနယ်စပ်တလျှောက်မှာ တပ်စွဲထားတဲ့ တပ်စခန်းတွေ တိုက်ခိုက်ခံရတာနဲ့ပတ်သက်ပြီး သတင်းအမှောင်ချထားပါတယ်။

မြန်မာဘက်က တိုက်ပွဲတွေကြောင့် ထိုင်းစစ်တပ်ကလည်းနယ်စပ်တလျောက် တပ်ဖြန့်ထားပြီး အခြေအနေကို အနီးကပ်စောင့်ကြည့်နေရတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြထားကြပါတယ်။

ဒီနေ့ သေဘောဘိုးတိုက်ပွဲ ဖြစ်ပွားနေချိန် ထိုင်းနယ်စပ်နားဆီ ချဉ်းကပ်လာတဲ့ မြန်မာစစ်လေယာဉ်ကို ဟန့်တားဖို့ ထိုင်းလေတပ်က အမေရိကန် လုပ် F -16 ဂျက်တိုက်လေယာဉ်ကို စေလွှတ်ခဲ့ရတယ်လို့ Thai PBS သတင်းဌာနက ရေးသားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံရဲ့ ဝါရင့်တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့ကြီးဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး( KNU) ဟာ ကရင်ပြည်နယ်ထဲက ထိုင်း -မြန်မာ နယ်စပ်တလျောက်မှာရှိနေတဲ့ စစ်ကောင်စီတပ်စခန်းတွေကို တိုက်ထုတ်နေပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)နယ်မြေ၊ မြဝတီမြို့နယ်ရှိ စစ်ကောင်စီ၏ နယ်စပ်တပ်စခန်းတစ်ခုဖြစ်သော ဘုရင့်နောင်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ယနေ့(မေလ ၃၀ရက်)နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ဟု KNU သတင်းရင်းမြစ်က အတည်ပြုသည်။

သတင်း

ထိုင်းနယ်စပ်အနီး ကရင်ပြည်နယ် ၊ မြဝတီခရိုင် ၊ မြဝတီ - ဝေါ်လေ ကားလမ်းပေါ်က ရွှေအေးမြိုင်တပ်စခန်း (ဝါးမီထ ) ကို KNU နဲ့ ပူးပေါင်းတပ်က ဒီနေ့ (မေလ ၂၉ ) မနက်ပိုင်းမှာ သိမ်းယူလိုက်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်ထံကသိရပါတယ်။

သတင်း

စစ်ကောင်စီက ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ၊ ဒူးပလာယာခရိုင်ရှိ ကျေးရွာ နှစ်ရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဒေသခံပြည်သူများ ထိခိုက်မှုရှိကြောင်း သတင်းရင်းမြစ်အချို့က ပြောသည်။

Facebook