close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ဖို့ စစ်ကိုင်းတိုင်းက ပြည်သူတွေ ဆန္ဒထုတ်ဖော်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၃)မှာ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး ​တောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့​တွေကပြုလုပ်ခဲ့ကြပါတယ်။

ဇွန် ၃၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဇွန်လ ၃)မှာ စစ်ကောင်စီကို ILO ပုဒ်မ ၃၃ အရ အရေးယူနိုင်ရေး ​တောင်းဆိုတဲ့ဆန္ဒပြပွဲတွေသပိတ်အဖွဲ့​တွေကပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ အောင်လံလွှင့်မည် ဒေါင်းသွေးနီ သပိတ်စစ်ကြောင်းဟာ စစ်အာဏာရှင်စနစ်နဲ့ မတရားတဲ့စစ်မှုထမ်းဥပဒေကို ဆန့်ကျင်ကြဖို့ ချီတက်ဆန္ဒပြ ထုတ်ဖော်ခဲ့ပါတယ်။

ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်အင်အားစုက စစ်ရာဇဝတ်မှုတွေကျူးလွန်နေတဲ့ စစ်ကောင်စီကို အရေးယူပေးရေး “Vote ILO Article 33 to save LIVES” စာသားကိုင်ဆောင်ကာ ဆန္ဒပြခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဆားလင်းကြီးမြို့နယ်မှာလည်း လက်ပံတောင်းတောင်ပင်မသပိတ်က “Vote ILO Article 33 to save LIVES”၊ “မြန်မာပြည်သူတွေရဲ့ အသက်ကို ကယ်တင်ဖို့ ILO ပုဒ်မ ၃၃ ကို မဲပေးကြပါ” စာသားနဲ့ လူထုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ လက်​ပံတောင်းသပိတ်

ဆက်စပ်သတင်းများ

သတင်း

တောင်ငူမြို့အနီးစစ်ကောင်စီကဇွန်လ ၃ရက် နံနက်အစောပိုင်းမှစတင်ကာ လက်နက်ကြီးများဆက်တိုက်ပစ်ခတ်နေ၍ ဒေသခံများစိုးရိမ်ထိတ်လန့်နေသည်။

သတင်း

စစ်ကောင်စီနှင့်လက်အောက်ခံ PNOပြည်သူ့စစ်မှ လက်နက်ကြီးများ ရမ်းသန်း ပစ်ခတ်တိုက်ခိုက်နေကြောင်း ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(PNLA)က သတင်းထုတ်ပြန်သည်။

သတင်း

ဖားကန်မြို့နယ်၊ မှော်စီစာကျေးရွာရှိ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်တစ်ခုအတွင်း လူထိခိုက်သေဆုံးမှုများပြားသည့် ပြင်းထန်သော ပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့ပြီး စစ်ကောင်စီက အသေခံဒရုန်းဖြင့်ဖောက်ခွဲခြင်းဟု ​ဒေသခံသတင်းရင်းမြစ်အချို့ကပြောသည်။

သတင်း

အဆိုတော်ချမ်းချမ်းကိုယ်စား တော်လှန်ရေးအဖွဲ့တွေဆီ ငွေကြေးထောက် ပံ့နေတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပြည်တွင်းက အမျိုးသား ၊အမျိုးသမီး ၂ ဦးကို ဖမ်းဆီးလိုက်တယ်လို့ စစ်ကောင်စီက ဇွန်လ ၂ ရက်မှာ ထုတ်ပြန်လိုက်ပါတယ်။

Facebook