close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ရဲ့ ခရီးစဉ်ကြောင့် ယူအေအီးရဲ့ အထင်ကရ ဗလီကြီးကို ယာယီ ပိတ်ပေးခဲ့

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အလည်အပတ် ခရီးစဉ်ကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အထင်ကရ ရှိတ်ခ်ဇာယက်ဒ် မဟာဗလီကြီးကို ယာယီ ပိတ်ပေးခဲ့ပါတယ်။

The New York Times

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အလည်အပတ် ခရီးစဉ်ကြောင့် အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ အထင်ကရ ရှိတ်ခ်ဇာယက်ဒ် မဟာဗလီကြီးကို ယာယီ ပိတ်ပေးခဲ့ပါတယ်။

အရှေ့အလယ်ပိုင်း ဒေသကို တရားဝင် အလည်အပတ် ခရီးစဉ် ရောက်ရှိနေတဲ့ ထရမ့်ဟာ မေလ ၁၅ ရက်နေ့က အဲဒီ ခမ်းနားထည်ဝါတဲ့ ဘာသာရေး အဆောက်အအုံကြီးထဲကို ရောက်ရှိခဲ့တာပါ။ ပုံမှန်အားဖြင့် ဗလီကြီးကို ပိတ်လေ့မရှိပေမယ့် လုံခြုံရေး အစီအမံတွေအရ ထရမ့်ရောက်နေတဲ့ အတောအတွင်းမှာတော့ အာဏာပိုင်တွေက မွတ်ဆလင် ဝတ်ပြုသူတွေ ဝင်ရောက်ခွင့်ကို ပထမဆုံးအကြိမ်အဖြစ် ယာယီ ကန့်သတ် တားဆီးထားခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ထရမ့်အတွက်လည်း ဗလီတစ်ခုထဲကို ပထမဆုံးအကြိမ် ရောက်ရှိဖူးတာ ဖြစ်နိုင်တယ်လို့ မီဒီယာတွေက ဖော်ပြထားပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အမျိုးသမီး ကာရိုလင်း လီယာဗတ်က သမ္မတ ထရမ့်ဟာ အဘူဒါဘီ မြို့တော်မှာရှိတဲ့ ရှိတ်ခ်ဇာယက်ဒ် ဗလီကြီးထဲကို အလည်အပတ် ရောက်ရှိခဲ့ပြီး အဲဒီ အထူးခရီးစဉ်အတွက် ယူအေအီး အစိုးရ အရာရှိတွေက ဗလီတစ်ခုလုံးကို ပိတ်ထားပေးခဲ့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။ လူပုဂ္ဂိုလ် တစ်ဦးအတွက် ဗလီကို အခုလို ပိတ်ပေးတယ် ဆိုတာဟာ သမိုင်းတလျှောက် ပထမဆုံးဖြစ်ပြီး သမိုင်းဝင် အခိုက်အတန့် တစ်ခုလို့ သတ်မှတ်နိုင်ကြောင်း လီယာဗတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ထရမ့်ရဲ့ ဗလီ အလည်အပတ် ခရီးစဉ်ကို ယူအေအီး အိမ်ရှေ့မင်းသား ရှိတ်ခါလက်ဒ် ဘင်မိုဟာမက် ဘင်ဇာယက်ဒ် အယ်လ်နာယန်က အတူလိုက်ပါပေးခဲ့ပါတယ်။ ထရမ့်နဲ့ အမေရိကန် ကိုယ်စားလှယ် အဖွဲ့ဝင်တွေဟာ ဗလီကြီးရဲ့ ခန်းမဆောင်ထဲကိုရော၊ ကျယ်ဝန်းတဲ့ ပရဝုဏ်ထဲမှာပါ လှည့်လည် ကြည့်ရှုခဲ့တယ်လို့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ကြပါတယ်။

ထရမ့်ဟာ ချမ်းသာကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေဆီကနေ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံမှုတွေ ချဲ့ထွင်လာစေရေး ဆွဲဆောင် စည်းရုံးနိုင်ဖို့အတွက် သူ့ရဲ့ ဒုတိယ သမ္မတ သက်တမ်းအတွင်း ပထမဆုံး သံတမန်ရေး ခရီးစဉ်အနေနဲ့ အရှေ့အလယ်ပိုင်းကို ရောက်ရှိနေတာပါ။ သူဟာ ယူအေအီးနိုင်ငံ မတိုင်ခင်တုန်းက ဆော်ဒီအာရေးဘီးယားနဲ့ ကာတာတို့ကိုလည်း သွားရောက်ခဲ့ပြီး ဖြစ်ပါတယ်။

ကိုးကား: Times of India

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန်နဲ့ ရုရှား အစိုးရတွေကြား နက်နက်ရှိုင်းရှိုင်း ဆွေးနွေးမှုတွေ ရှိမလာသေးသ၍ ရုရှားနဲ့ ယူကရိန်းကြား စစ်ရပ်ဆိုင်းရေး ကိစ္စမှာ အခြေအနေတွေ တိုးတက်လာမယ်လို့ သူမထင်ကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံတကာ

အရှေ့အလယ်ပိုင်း ခရီးစဉ်အတွင်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ဆော်ဒီအာရေးဘီးယားကို ဒေါ်လာ ၁၄၂ ဘီလီယံဖိုး စစ်လက်နက်တွေ ရောင်းချဖို့ သဘောတူ စာချုပ် ချုပ်ဆိုနိုင်ခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

နှစ်နိုင်ငံကြား ကုန်သွယ်ရေး အငြင်းပွားမှုတွေကို လျှော့ချဖို့ ညှိနှိုင်း သဘောတူညီမှု ရရှိခဲ့ခြင်းဟာ တရုတ်-အမေရိကန် ဆက်ဆံရေးကို အသစ်ကနေ ပြန်စလိုက်နိုင်ခြင်း ဖြစ်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ စီးတော်လေယာဉ် (Air Force One)အဖြစ် အသုံးပြုဖို့ ဇိမ်ခံ အသုံးအဆောင်တွေနဲ့ အဆင့်မြှင့်ထားတဲ့ jumbo jet လေယာဉ်တစ်စီး ကာတာဆီကနေ လက်ခံရယူဖို့ အိမ်ဖြူတော်က ဆွေးနွေးနေကြောင်း သိရပါတယ်။