close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထိုင်းမှာ ဓားစာခံတွေကို ဖမ်းထားတဲ့ သေနတ်သမားကို အထူးတပ်ဖွဲ့ ဝိုင်းထား

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ သေနတ်သမား တစ်ဦးကို မှုခင်းနှိမ်နင်းရေး အထူးတပ်ဖွဲ့ (SWAT)တွေက ဝိုင်းထားပြီး အခြေအနေကို မဖြေရှင်းနိုင်သေးဘူးလို့ သိရပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်မှာ ဓားစာခံတွေကို ဖမ်းဆီးထားတဲ့ သေနတ်သမား တစ်ဦးကို မှုခင်းနှိမ်နင်းရေး အထူးတပ်ဖွဲ့ (SWAT)တွေက ဝိုင်းထားပြီး အခြေအနေကို မဖြေရှင်းနိုင်သေးဘူးလို့ သိရပါတယ်။

မေလ ၁၅ ရက် မနက်ပိုင်းတုန်းက ဆွိုင်ဝတ်လက်ခွန်သမ်မှာရှိတဲ့ အိမ်တစ်လုံးကနေ အဲဒီ အမျိုးသားဟာ သေနတ်ကိုင်ထားပြီး အနီးတဝိုက်မှာ ရှိနေသူတွေကို ခြိမ်းခြောက် ပစ်ခတ်နေခဲ့တယ်ဆိုတဲ့ သတင်းကြောင့် ရဲတွေက အရေးတကြီး သွားရောက်ခဲ့ကြပါတယ်။ သတင်းတွေမှာ တေလို့ နာမည်ဖော်ပြထားတဲ့ အမျိုးသားဟာ လေထဲကို သေနတ်နဲ့ ခြောက်ချက် ပစ်ဖောက်ခဲ့တာ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ အဆိုကို ကိုးကားပြီး Bangkok Post သတင်းစာက ဖော်ပြခဲ့ပါတယ်။

ရဲတွေက သူ့ကို လက်နက်ချဖို့ စည်းရုံးခဲ့ပေမယ့် အသက် ၃၁ နှစ်အရွယ် အမျိုးသားက လက်မခံဘဲ ရဲအရာရှိတွေဆီ လှမ်းပစ်ခဲ့တာကြောင့် အခြေအနေတွေက ပိုဆိုးသွားခဲ့ပါတယ်။ အပြန်အလှန် ပစ်ခတ်တာ တချို့လည်း ဖြစ်ခဲ့ပေမယ့် အခုအချိန်ထိတော့ ထိခိုက်ဒဏ်ရာရသူ မရှိသေးဘူးလို့ ထိုင်းမီဒီယာတွေက ဖော်ပြထားပါတယ်။

သူဟာ ဓားစာခံ ၆ ဦးလောက်ကိုလည်း ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ ယုံကြည်ရပြီး ရဲတွေက အခြေအနေကို အေးအေးဆေးဆေး အဆုံးသတ်နိုင်အောင် ညှိနှိုင်းဖို့ ကြိုးစားနေပါတယ်။ လက်ရှိ အချိန်ထိတော့ အဲဒီ အားထုတ်မှုတွေ မအောင်မြင်သေးဘဲ အိမ်ကိုလည်း SWAT တပ်ဖွဲ့ဝင်တွေက ဝိုင်းထားပါတယ်။

Public Service Announcement

Public Service Announcement

သေနတ်ကိုင် ရမ်းကားပစ်ခတ်နေတဲ့ အကြောင်းရင်းကို တိတိကျကျ မသိရသေးဘဲ တချို့ သတင်းတွေကတော့ အဲဒီအမျိုးသားဟာ သူ့ရဲ့ ရည်းစားကို ရှာမတွေ့ရာက ဒေါသပေါက်ကွဲခဲ့တာလို့ ဖော်ပြထားခဲ့ပါတယ်။

ရဲတွေဟာ ဓားစာခံတွေ ဘေးကင်းကင်းနဲ့ လွတ်မြောက်ရေးကို ဦးစားပေး ကိုင်တွယ်နေပြီး သေရေးရှင်ရေး အဆင့်မျိုးတော့ မရောက်သေးဘူးလို့ ပြောထားပါတယ်။ Khaosod သတင်းဌာနကတော့ တေဟာ အတော်ကြီး အရက်မူးနေပြီး စိတ်အခြေအနေ ပုံမှန်မဟုတ်ဘဲ ဖြစ်နေတယ်လို့ ရေးသားထားပါတယ်။

ရဲတွေက အနီးတဝိုက် ပတ်ဝန်းကျင်ကိုလည်း အသွားအလာ ပိတ်ထားလိုက်ပြီး ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းပေးထားကြောင်း သိရပါတယ်။

ကိုးကား: Thaiger, Khaosod, Bangkok Post

ဆက်စပ်သတင်းများ

Facebook