close
Connect with us

Hi, what are you looking for?

သတင်း

KIAထိန်းချုပ်ထားသည့် ဆိုင်းတောင်ရွာကို စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ပစ်ခတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ဆိုင်းတောင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

ဆိုင်းတောင်ကျေးရွာ ရပ်ကွက် (၄)အတွင်း လက်နက်ကြီးကျပြီး နေအိမ်နှင့် ဆိုင်တန်းအချို့ မီးလောင်နေသည်ကို ၂၀၂၄ စက်တင်ဘာ ၁၂ ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - CJ

မေ ၁၆၊၂၀၂၅။ဇော်ရမ်း/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့သို့ဦးတည် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ထိန်းချုပ်ထားသည့် ဆိုင်းတောင်ကျေးရွာကို လက်နက်ကြီးဖြင့် ပစ်ခတ်နေသည်။

ဆိုင်းတောင်ကျေးရွာကို ယ‌နေ့(မေလ ၁၆ရက်) နေ့လယ်ပိုင်းတွင် ဖားကန့်ဗျူဟာကုန်းမှ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဟု ဒေသခံတစ်ဦးက ပြောသည်။

” ဖားကန့်ကို တည်လာတဲ့ စစ်ကြောင်းက ရှေ့တိုးမရတော့ဘူး။ ဒါ့ကြောင့် ဖားကန့်အတွင်းထဲကို စပြီးတော့ ရမ်းပစ်တာလို့ ထင်တယ်။ လေကြောင်းကိုပါ သတိထားနေကြတယ် ကျတော်တို့”ဟု ဒေသခံကပြောသည်။

Public Service Announcement

Public Service Announcement

ဆိုင်းတောင်ကျေးရွာသည် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် PDFပူးပေါင်းတပ်များက ပြီးခဲ့သည့်၂၀၂၄ စက်တင်ဘာလဆန်းမှစတင်ကာ သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်ကောင်စီတပ်သည် မိုးကောင်း-ကာမိုင်း-နမ့်ယား- လုံးခင်း-ဖားကန့်လမ်းနှင့် မြစ်ကြီးနား-နမ္မတီး-လက်ဝါး-တနိုင်း- ဖားကန့်လမ်းတို့မှတဆင့် အင်အားအများအပြားဖြင့် ဧပြီ၂၃ရက်ကစကာ စစ်ကြောင်းထိုးလာပြီး ယခုအခါ ဖားကန့်နှင့် (၁၇)မိုင်ခန့်အကွာသို့ ရောက်ရှိနေကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။

” အခုက ကပ်မှော်ဇွပ်မှာ စစ်ကြောင်းက။ ရှေ့တက်ဖို့ မလွယ်တော့ဘူး။ ဒီဘက်မှာက တောတွေပဲရှိတာမို့ KIA က စစ်ရေးအသာစီးရနေပြီ ဟုတ်တယ်”ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်ကပြောသည်။

ကာမိုင်း – ဖားကန့်လမ်းပိုင်းအတိုင်းဆိုပါက မအူပင်-ကျောက်ထု-အွမ်ကထောင်-ခင်တောင်- နန့်ယား-ကပ်မှော်ဇွပ်- ဆိုင်းဖရာ- ခွန်ဆိုင်ဇွပ် -ဂေါ်ရီယန်- တံတားညီနောင်- ရုံးတောင်-ပျားအုံ -ကျောက်ထု -နန့်တိန်း -၇မိုင် -၆မိုင် -၅မိုင် -ကျောက်ဖျာ -လယ်ပြင်- လုံးခင်းနှင့် ဖားကန့်ဖြစ်သည်။ စစ်ကောင်စီတပ်သည် လေကြောင်းနှင့် လက်နက်ကြီးပစ်ကူဖြင့် ရှေ့တိုးရန် ကြိုးစားနေသည်ဟု သိရသည်။

စစ်‌ကောင်စီတပ်စစ်ကြောင်းတွင် ပြည်သူ့စစ်နှင့် ရှမ်းနီ(SNA)တပ်ဖွဲ့ဝင် အများအပြားပါဝင်လာပြီး လက်ရှိစစ်ရေးအခြေအနေကြောင့် လေကြောင်းနှင့်လက်နက်ကြီးအန္တရာယ်သတိထားရန် ဒေသခံအချင်းချင်း သတိပေးနေကြသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊မိုးညှင်းမြို့နယ်၊အင်းတော်ကြီးဒေသသို့စစ်ကောင်စီတပ်က ထိုးစစ်ဆင်လာ၍ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်ရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က ပြောပြသည်။

သတင်း

အပစ်ရပ်ကြောင်းထပ်မံသက်တမ်းတိုးထားသည့် စစ်ကောင်စီက မင်္ဂလာပွဲ ကျင်းပနေသည့် နောင်ချိုမြို့နယ် သရက်ချိုကျေးရွာအား လက်နက်ကြီးဖြင့်ပစ်ခတ်ရာ ကလေးငယ်အပါအဝင် ဒေသခံ လေးဦးသေဆုံးပြီး ခုနစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယနေ့(မေ ၉ရက်) ထုတ်ပြန်သည်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကပ်မော်ကျေးရွာ၌ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်စွဲရာ နေရာအချို့ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က သိမ်းပိုက်ခဲ့သည်ဟု သတင်းရင်းမြစ်အချို့က အသိပေးသည်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းမိခဲ့သည့် စစ်ကောင်စီ၏ တပ်မသားစုဝင်များ ပါဝင်သော သုံ့ပန်း ၁၆၀ ကျော်ကို တိုက်ပွဲ ဖြစ်ပွားရာ မြို့တွင်းမှ မြို့ပြင်နေရာသို့ ခေါ်ထုတ်နိုင်ပြီဖြစ်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့နှင့် KIA သတင်းရင်းမြစ်အချို့က ပြောသည်။