close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မြေထဲပင်လယ်မှာ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ရုရှား စမ်းသပ်ပစ်ခတ်

မြေထဲပင်လယ်ထဲမှာ ရုရှားစစ်တပ်က နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

မြေထဲပင်လယ်ထဲမှာ ရုရှားစစ်တပ်က နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

အခုသီတင်းပတ် အစောပိုင်းက မြေထဲပင်လယ် အရှေ့ပိုင်းမှာ ရုရှားလေတပ်နဲ့ ရေတပ်တို့ ပူးပေါင်းပြီး စစ်ရေးလေ့ကျင့်ချိန်မှာ အဲဒီ ဒုံးကျည်တွေ ပစ်ခတ်ခဲ့တာပါ။ မဟာမိတ် ဆီးရီးယား အစိုးရက နိုင်ငံရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အေလက်ပိုကို လက်နက်ကိုင် ဆန့်ကျင်ရေး အင်အားစုတွေ သိမ်းပိုက်လိုက်တဲ့ ခါးသီးတဲ့ အခြေအနေ ကြုံတွေ့နေချိန်မှာ ရုရှားက မြေထဲပင်လယ်ထဲ စစ်ရေးလေ့ကျင့်ခဲ့တာ ဖြစ်ပါတယ်။

ရုရှားဟာ ၂၀၁၁ ခုနှစ်၊ ဆီးရီးယား ပြည်တွင်းစစ် စတင်ချိန် ကတည်းက သမ္မတ ဘာရှာအယ်လ် အာဆတ်ရဲ့ အဓိက အမာခံ မဟာမိတ်အဖြစ် ရပ်တည်ပေးနေခဲ့တာ ဖြစ်ပါတယ်။

ဒီဇင်ဘာ ၃ ရက်နေ့တုန်းက ရုရှားလေတပ်နဲ့ ရေတပ် ပူးပေါင်း စစ်ရေးလေ့ကျင့်ကြရာမှာ ပင်လယ်ပြင် အခြေစိုက် ဒုံးကျည်တွေကို မြေထဲပင်လယ် အရှေ့ပိုင်းမှာ စမ်းသပ်ပစ်ခတ်ခဲ့တယ်လို့ ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ရုရှားစစ်သင်္ဘောတွေ စမ်းသပ်ခဲ့တာဟာ Zirkonနဲ့ Kalibr ဒုံးကျည်တွေဖြစ်တယ်လို့လည်း ဝန်ကြီးဌာနက ဆိုပါတယ်။ ဒါ့အပြင် မြေထဲပင်လယ်ထဲက ကြိုတင်သတ်မှတ်ထားတဲ့ ပစ်မှတ်ဆီ Onyx ဒုံးကျည်နဲ့လည်း စမ်းသပ် ပစ်ခတ်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိခဲ့ပါတယ်။

Zircon ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၈ ဆလောက် ပိုမြန်တယ်လို့ ယူဆရပြီး ရေငုပ်သင်္ဘောတွေ၊ စစ်သင်္ဘောတွေအပြင် ကုန်းမြေ အခြေစိုက်ပြီးပါ ပစ်ခတ်နိုင်ပါတယ်။

ရုရှားဟာ ဆီးရီးယားရဲ့ တားတက်စ်ဒေသမှာ ရေတပ်စခန်းတစ်ခု အခြေစိုက် ဖွင့်လှစ်ထားပေမယ့်လည်း အခုစစ်ရေးလေ့ကျင့်မှုနဲ့ အဲဒီရေတပ် ဆက်စပ်သလား ဆိုတာကိုတော့ တိတိကျကျ မပြောပါဘူး။ စစ်ရေးလေ့ကျင့်မှုမှာ ရေယာဉ် ၁၀ စီး၊ လေယာဉ် ၂၄ စီးနဲ့ တပ်ဖွဲ့ဝင် ၁၀၀၀ လောက် ပါဝင်ခဲ့တယ်လို့တော့ ကာကွယ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ကိုးကား: Express

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြေထဲပင်လယ်ထဲမှာ ရုရှားစစ်တပ်က နည်းပညာမြင့် ဟိုက်ပါဆောနစ် ဒုံးကျည်တွေကို စမ်းသပ် ပစ်ခတ်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ဆီးရီးယားရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ အေလက်ပိုကို သူပုန်တပ်တွေ သိမ်းပိုက်လိုက်တဲ့နောက် ဆီးရီးယားနဲ့ မဟာမိတ် ရုရှားတို့က ပြင်းထန်တဲ့ လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တုံ့ပြန်ခဲ့ပြီး အရပ်သား အများစု အပါအဝင် အနည်းဆုံး လူ ၂ ဒါဇင်လောက် သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

နိုင်ငံသမိုင်းတလျှောက် စံချိန်တင် ကာကွယ်ရေး အသုံးစရိတ်မျိုး ထုတ်သုံးဖို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က အတည်ပြု သတ်မှတ်လိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက လေပိုင်နက် ချဉ်းကပ်ပျံသန်းမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့် စေခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

Facebook