close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်

တောင်ကိုရီးယား သမ္မတရဲ့ အရေးပေါ် စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ကို ပယ်ဖျက်လိုက်ကြောင်း တောင်ကိုရီးယား လွှတ်တော်က မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်
တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်

People’s Spring

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်က နိုင်ငံကို ထိခိုက်နစ်နာအောင် ပြုလုပ်မယ့် အင်အားစုတွေနဲ့ ကွန်မြူနစ် မြောက်ကိုရီးယားကို စာနာအားပေးတဲ့ အင်အားစုတွေကို တွန်းလှန်ဖို့အတွက် အရေးပေါ် စစ်အုပ်ချုပ်ရေးအမိန့် ကြေညာကြောင်း ဒီဇင်ဘာ ၃ ရက်နေ့မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

ဒါပေမဲ့ နာရီပိုင်း အကြာမှာတော့ တောင်ကိုရီးယား လွှတ်တော်က အဲဒီ ကြေညာချက်ကို ဆန့်ကျင်ကြောင်း မဲခွဲ ဆုံးဖြတ်ပြီး သမ္မတရဲ့ အမိန့်ကို တိုက်ရိုက် ဖီဆန်ခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်
တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်

အမျိုးသား ညီလာခံ ဥက္ကဋ္ဌ ဝူဝန်ရှစ်ခ်က ပြည်သူတစ်ရပ်လုံးနဲ့အတူ တောင်ကိုရီးယားရဲ့ ဥပဒေပြု လွှတ်တော်အမတ်တွေဟာ နိုင်ငံရဲ့ ဒီမိုကရေစီကို ကာကွယ်ရပ်တည်သွားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာအမိန့်ကြောင့် ဆိုးလ်မြို့တော်ရဲ့ လွှတ်တော်ဝင်းထဲ ရောက်နေတဲ့ စစ်တပ်နဲ့ ရဲတွေကို ပြန်သွားကြဖို့လည်း ဝူက တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

တောင်ကိုရီးယားမှာ ၁၉၈၀ ပြည့်လွန်နှစ်တွေနောက်ပိုင်း အခုလိုမျိုး စစ်အုပ်ချုပ်ရေးအမိန့် ကြေညာတာမျိုး မကြုံဖူးတာကြောင့် အတော်ကြီး လှုပ်လှုပ်ခတ်ခတ် ဖြစ်ခဲ့ပါတယ်။ ယွန်ရဲ့ လုပ်ရပ်အပေါ် အတိုက်အခံ အင်အားစုတွေသာမကဘဲ သူ့ရဲ့ ကိုယ်စားပြု နိုင်ငံရေး ပါတီကပါ ရှုတ်ချခဲ့ပါတယ်။

ယွန်ရဲ့ ကြေညာချက် ထွက်ပေါ်လာအပြီး တောင်ကိုရီးယား စစ်တပ်ဟာ လွှတ်တော်နဲ့ တခြား နိုင်ငံရေးဆိုင်ရာ စုစည်းမှုတွေ၊ လူထုကြား အရှုပ်အထွေး ဖြစ်စေမယ့် စုစည်းမှုတွေကို တားမြစ်မယ်လို့ ကြေညာခဲ့ပါတယ်။ ဒါ့အပြင် အရင်ကတည်းက အစိုးရကို ဆန့်ကျင်ပြီး သပိတ်မှောက်နေခဲ့တဲ့ ဆရာဝန်တွေကိုလည်း ၄၈ နာရီအတွင်း လုပ်ငန်းခွင် ပြန်ဝင်သင့်ကြောင်း စစ်တပ်က ညွှန်ကြားခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်
တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်

တောင်ကိုရီးယားရဲ့ ဥပဒေတွေအရ သမ္မတ ကြေညာထားတဲ့ စစ်အုပ်ချုပ်ရေးကို လွှတ်တော်ထဲမှာ မဲခွဲဆုံးဖြတ်မှု အသာစီး ရလဒ်နဲ့ ပယ်ချခွင့် ရှိပါတယ်။ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ တောင်ကိုရီးယား လွှတ်တော်ထဲမှာ မဲအသာစီး အခြေအနေကို ရရှိထားပြီး ဖြစ်ပါတယ်။

စစ်အုပ်ချုပ်ရေး ကြေညာပြီး မကြာခင်မှာပဲ အမျိုးသား ညီလာခံ ဥက္ကဋ္ဌက လွှတ်တော်မှာ အမတ်တွေ အားလုံး စုဝေးဖို့ အရေးပေါ် ကြေညာချက် ထုတ်ပြန် တောင်းဆိုခဲ့ပြီး စစ်တပ်နဲ့ တခြားသော တရားဥပဒေ စိုးမိုးရေး အရာရှိတွေ အနေနဲ့ အတတ်နိုင်ဆုံး အခြေအနေကို အေးအေးဆေးဆေး သုံးသပ်ဖို့၊ တပ်စခန်းတွေမှာပဲ နေကြဖို့ တိုက်တွန်းခဲ့ပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်
တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်

တက်ရောက်မဲပေးသူ အမတ် ၁၉၀ စလုံးက သမ္မတရဲ့ စစ်အုပ်ချုပ်ရေး ကြေညာမိန့်ကို ကန့်ကွက်မဲပေးပြီး ပယ်ဖျက်ခဲ့တာ ဖြစ်ပါတယ်။ ရုပ်မြင်သံကြား မှတ်တမ်းတွေအရ မဲခွဲမှုအပြီး လွှတ်တော်ထဲ နေရာယူထားတဲ့ စစ်သားတွေ ပြန်လည်ထွက်ခွာသွားကြတာကိုလည်းတွေ့ရပါတယ်။

နာရီပိုင်းလောက် ရှုပ်ထွေးပြီး ဂယက်ထသွားတဲ့ တောင်ကိုရီးယား နိုင်ငံရေး ပြဿနာရဲ့ နောက်ဆက်တွဲ ရိုက်ခတ်မှုတွေ ဘယ်လို ဆက်ရှိမလဲ ဆိုတာကိုတော့ မသိရသေးပါဘူး။ ယွန်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ပြည်တွင်းမှာ ထောက်ခံမှုတွေ တောက်လျှောက် ကျဆင်းနေခဲ့ပြီး အခုကိစ္စကြောင့် သူ့ရဲ့ နိုင်ငံရေး ပုံရိပ်ဟာ ပိုမို မှေးမှိန်သွားမယ့်သဘော ရှိနေပါတယ်။

တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်
တောင်ကိုရီးယား သမ္မတရဲ့ စစ်အုပ်ချုပ်ရေး အမိန့်ကို တောင်ကိုရီးယား လွှတ်တော် မဲခွဲဆုံးဖြတ်ပြီး ပယ်ဖျက်

၁၉၈၇ ခုနှစ်မှာ ဒီမိုကရေစီ နိုင်ငံအဖြစ် ရပ်တည်ကြောင်း ကြေညာခဲ့ချိန်ကစလို့ တောင်ကိုရီးယားမှာ ဒါဟာ ပထမဆုံးအကြိမ် စစ်အုပ်ချုပ်ရေး ကြေညာမှု ဖြစ်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ် စစ်အုပ်ချုပ်ရေး ကြေညာခဲ့တာကတော့ အဲဒီမတိုင်ခင် ၁၀ နှစ်အလို၊ ၁၉၇၉ ခုနှစ် အောက်တိုဘာလမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ကိုးကား: AP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စစ်အုပ်ချုပ်ရေး အမိန့်ကို သမ္မတက ရုပ်သိမ်းပြီး စစ်တပ်တွေ ပြန်လည် ဆုတ်ခွာစေခဲ့ရတဲ့နောက် တောင်ကိုရီးယား လွှတ်တော်ရှေ့မှာ စုဝေးနေတဲ့ ပြည်သူတွေ အောင်ပွဲခံခဲ့ကြပါတယ်။

နိုင်ငံတကာ

တောင်ကိုရီးယား သမ္မတ ယွန်ဆွတ်ခ်ယိုလ်ဟာ ပြည်တွင်းမှာ အရေးပေါ် စစ်အုပ်ချုပ်ရေး အမိန့်ကို ရုတ်တရက် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

နိုင်ငံတကာ

ရုရှားနဲ့ တရုတ် စစ်လေယာဉ်တွေက လေပိုင်နက် ချဉ်းကပ်ပျံသန်းမှုကြောင့် တိုက်လေယာဉ်တွေ အရေးပေါ် ပျံတက်ပြီး စောင့်ကြည့် စေခဲ့ရတယ်လို့ တောင်ကိုရီးယား စစ်တပ်က ပြောပါတယ်။

သတင်း

တောင်ကိုရီးယားရှိ မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအောင်နိုင်ရေးအဖွဲ့ပေါင်းချုပ်(MFDMC)ဥက္ကဌ ဦးဇော်မိုးအောင်၊ CDM ဗိုလ်ကြီး လင်းထက်အောင် နှင့် MFDMC တာ၀န်ခံများလည်းအတူတက်ရောက်ခဲ့ကြောင်း သိရသည်။

Facebook