close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဘိုင်ဒန်က သားဖြစ်သူကို လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့ကိစ္စ အိမ်ဖြူတော် ကာကွယ်ဖြေရှင်း

သားဖြစ်သူကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အိမ်ဖြူတော်က အကြောင်းပြချက်ပေး ဖြေရှင်းခဲ့ရပါတယ်။

သားဖြစ်သူကို အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်က စွဲချက်တွေကနေ လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့တဲ့အပေါ် ဝေဖန်မှုတွေ မြင့်တက်လာတဲ့နောက် အိမ်ဖြူတော်က အကြောင်းပြချက်ပေး ဖြေရှင်းခဲ့ရပါတယ်။

ပြိုင်ဘက် နိုင်ငံရေးသမားတွေက အနာဂတ်မှာ သူ့သားကို ပစ်မှတ်ထား ဖိနှိပ်မှုတွေ ဆက်တိုက် လုပ်ဆောင်နေမှာကို စိုးရိမ်တာကြောင့် ဘိုင်ဒန်က အခုလို အငြင်းပွားစရာ နည်းလမ်းကို ဆုံးဖြတ် ရွေးချယ်ခဲ့တာလို့ အိမ်ဖြူတော်က ဆိုပါတယ်။

ဒီမိုကရက်တစ်ပါတီ ကိုယ်စားပြု သမ္မတ ဘိုင်ဒန်ဟာ ဇန်နဝါရီ ၂၀ ရက်နေ့ကျရင် ရာထူးသက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပါတယ်။ ဒါကြောင့် ရာထူးသက်တမ်း လက်ကျန် ရက် ၅၀ လောက် အလိုမှာ သူဟာ သားဖြစ်သူ ဟန်တာဘိုင်ဒန်အပေါ် တင်ထားတဲ့ စွဲချက်နှစ်ခုကနေ လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ သမ္မတ ဩဇာသုံးပြီး ဆုံးဖြတ်ခဲ့တာပါ။

ဟန်တာဟာ အခွန်အရှုပ်အထွေး စွပ်စွဲချက်တစ်ခု၊ လိုင်စင်မဲ့ လက်နက်ကိုင်ဆောင်မှု တစ်ခုအတွက် ပြစ်မှုထင်ရှားကြောင်း စစ်ဆေး တွေ့ရှိထားပြီး ဒီဇင်ဘာ လလယ်မှာ စီရင်ချက်တွေ ချမှတ်ဖို့ မူလက စီစဉ်ထားခဲ့တာပါ။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၁ ရက်နေ့မှာ ဟန်တာရဲ့ ပြစ်ချက်တွေကို ပယ်ဖျက်ပြီး လွတ်ငြိမ်းချမ်းသာခွင့်အမိန့် လက်မှတ်ရေးထိုးခဲ့ရာမှာ ဘိုင်ဒန်က သူ့သားဟာ နိုင်ငံရေးအရ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံနေရတယ်လို့ ယုံကြည်တဲ့အတွက် တရားစီရင်ရေးအပေါ် သက်ရောက် ညစ်ညမ်းစေတယ်လို့ ယူဆပြီး လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာလို့ မှတ်ချက်ပေးခဲ့ပါတယ်။ သူ့ရဲ့ ဖခင်တစ်ယောက်အနေနဲ့၊ အမေရိကန် သမ္မတ အနေနဲ့ ဆုံးဖြတ်ချက်ကို ပြည်သူတွေ နားလည် လက်ခံပေးနိုင်မယ်လို့ မျှော်လင့်ကြောင်းလည်း ဘိုင်ဒန်က ပြောခဲ့ပါတယ်။

ဒါပေမဲ့လည်း အဲဒီဆုံးဖြတ်ချက်ဟာ လူကြိုက်များတဲ့ အခြေအနေတော့ မဟုတ်ခဲ့ပါဘူး။ ပြိုင်ဘက် ရီပတ်ဘလစ်ကန် နိုင်ငံရေးသမားတွေသာ မကဘဲ သူ့ရဲ့ ဒီမိုကရက်တစ် ပါတီထဲမှာတောင် တရားရေးအပေါ် ဘိုင်ဒန်ရဲ့ ဝင်စွက်ဖက်မှုအပေါ် ဒေါသထွက်နေသူ အများအပြား ရှိလာခဲ့ပါတယ်။ မူလက ဘိုင်ဒန်ဟာ ဟန်တာရဲ့ တရားရေး အရှုပ်အထွေးတွေမှာ ဝင်မပါဘူးလို့ တောက်လျှောက် ပြောကြားထားရာကနေ ရုတ်တရက် ဆုံးဖြတ်ချက် ပြောင်းလဲသွားခြင်းက ဒီမိုကရက်တစ် ပါတီတွင်း လုပ်ဖော်ကိုင်ဖက်တွေကိုပါ အငိုက်မိစေခဲ့ပါတယ်။

အိမ်ဖြူတော် ပြောရေးဆိုခွင့်ရ အရာရှိ ကာရင်ဂျင်းပီယေးကတော့ ဘိုင်ဒန်ဟာ အခြေအနေတွေကို ဝင်မပါဘဲ လွှတ်ပေးထားရင် သူ့ရဲ့နိုင်ငံရေး ပြိုင်ဘက်တွေက သားဖြစ်သူကို ဆက်ဒုက္ခပေးနေမယ်လို့ ယုံကြည်လို့ ခက်ခဲတဲ့ ရွေးချယ်မှုကို လုပ်ဆောင်ခဲ့တာလို့ ပြောပါတယ်။ ဒါပေမဲ့ ပြိုင်ဘက်တွေဆိုတဲ့ နေရာမှာ ဘယ်သူဘယ်ဝါလို့တော့ ထုတ်မပြောခဲ့ပါဘူး။

လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်တဲ့ အရေးအကြီးဆုံး အကြောင်းတရား တစ်ခုက သူ့ရဲ့ နိုင်ငံရေး ပြိုင်ဘက်တွေဟာ ဟန်တာကို အလွတ်ပေးလိမ့်မှာ မဟုတ်ဘူးလို့ ဘိုင်ဒန်က ယူဆလို့ဖြစ်ကြောင်း ပီယေးက ဆိုပါတယ်။

နောက်ပြီး ပီယေးက မိသားစုဝင် တစ်ယောက်ကို အမေရိကန် သမ္မတ တစ်ယောက်က လွတ်ငြိမ်းချမ်းသာခွင့် ပေးတယ်ဆိုတာ ပထမဆုံး အကြိမ် မဟုတ်ကြောင်းလည်း ထောက်ပြခဲ့ပြီး ဘီလ်ကလင်တန်ဟာ သူ့ရဲ့ မအေတူ ဖအေကွဲညီ ရော်ဂျာ ကလင်တန်ကို၊ ဒေါ်နယ်လ်ထရမ့်က ခမည်းခမက်ဖြစ်သူ ချားလ်စ်ကူရှ်နာကို အသီးသီး လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးခဲ့ဖူးတယ်လို့လည်း ပြောကြားသွားပါတယ်။

သူက ဘိုင်ဒန်ဟာ တရားရေး ဝန်ကြီးဌာနကို အပြည့်အဝ ယုံကြည်ကိုးစားဆဲ ဆိုပေမယ့် သားဖြစ်သူရဲ့ အမှုမှာတော့ နိုင်ငံရေး ရောယှက်ပြီး အရှုပ်အထွေးတွေ ရှိနေတယ်လို့ ယုံကြည်ခဲ့ကြောင်းလည်း အခိုင်အမာ ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲတုန်းက ဘိုင်ဒန်ကို အရေးနိမ့်ခဲ့ဖူးပေမယ့် အခုနှစ် ရွေးကောက်ပွဲမှာ တကျော့ပြန် အနိုင်ရခဲ့ပြီး လာမယ့်နှစ်မှာ အမေရိကန် သမ္မတ ဖြစ်လာတော့မယ့် ထရမ့်ကတော့ တရားဥပဒေကို တလွဲအသုံးချပြီး ကပျက်ကချော် လုပ်ခဲ့တဲ့ ကိစ္စမျိုးလို့ လူမှုကွန်ရက် မီဒီယာ Xမှာ ဝေဖန် ရေးသားသွားခဲ့ပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ သားဖြစ်သူ ဟန်တာ ဘိုင်ဒန်အတွက် တရားဝင် လွတ်ငြိမ်းချမ်းသာခွင့်ကို လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။

နိုင်ငံတကာ

ရွေးကောက်ပွဲဝင် သမ္မတလောင်း အဖြစ်ကနေ ဂျိုးဘိုင်ဒန် နုတ်ထွက်သွားတဲ့နောက် သူ့ရဲ့ နေရာမှာ ပါတီကိုယ်စားပြု သမ္မတလောင်းအဖြစ် တင်မြှောက်ခံရအောင် ရည်မှန်း ကြိုးစားသွားမယ်လို့ ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

အ​မေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ဟာ ၂၀၂၄ အ​မေရီကန်သမ္မတ​ရွေး​ကောက်ပွဲမှာ ဝင်​ရောက်ယှဥ်ပြိုင်​တော့မှာမဟုတ်ဘူးလို့ သူရဲ့​ဖေစ်ဘွခ်စာမျက်နှာကတစ်ဆင့်ကြညာလိုက်ပါတယ်။

နိုင်ငံတကာ

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ကိုဗစ်ရောဂါ ကူးစက် ခံထားရတယ်လို့ စစ်ဆေး တွေ့ရှိခဲ့ကြောင်း အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။

Facebook