close
Connect with us

Hi, what are you looking for?

သတင်း

ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းများကို KIA ပူးပေါင်းတပ် စတင်ထိုးစစ်ဆင်တိုက်ခိုက်၊ တပ်စခန်းအချို့သိမ်းပိုက် ရရှိ

လက်ရှိတွင် မံစီမြို့ကို KIAက ထိန်းချုပ်ထားသလို ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့တွင်လည်း KIAက နယ်မြေစိုးမိုးမှုရယူထားသည်။

(ကချင်လွတ်လပ်ရေးတပ်မတော် (KIA)မှ ရဲဘော်တစ်ဦးအား ရှေ့တန်းတနေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Getty Images)
LAIZA, KACHIN STATE, MYANMAR - 2010/10/21: A recruit attends a military training of the Kachin Independence Army (KIA). With its 6,000 troops, the KIA is one of the best organized and equipped armed ethnic groups in Burma (Myanmar). In 1994, the KIA signed a cease-fire agreement with the Burmese junta. In April 2009, in the perspective of the November 7, 2010 general elections, the government ordered to the cease-fire ethnic groups to transform themselves into Border Guard Forces. Some groups have accepted

အိမ်သွင်/People’s Spring

တရုတ်နယ်စပ်နှင့် မိုင်(၄၀)ခန့်သာ ကွာဝေးသော ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပူးပေါင်းတပ်က ယနေ့နံနက်အစောပိုင်းတွင် စတင်တိုက်ခိုက်သိမ်းပိုက်ပြီး နောက်ထပ်စခန်းအချို့ကို ဆက်လက်တိုက်ခိုက်နေသည်ဟု သတင်းရရှိသည်။

KIAထိန်းချုပ်ထားသည့် မံစီမြို့ဘက်မှဗန်းမော်မြို့သို့ အဝင်လမ်းတွင် ရှိသည့် ခလရ( ၄၇)လက်အောက်ခံ ညောင်ပင်သာစခန်းနှင့် ဖန်းခါးကုန်းဂိတ်စခန်းကို ယနေ့(ဒီဇင်ဘာ ၄ရက်) နံနက် ၅နာရီတွင် စတင်တိုက်ခိုက်ခဲ့ပြီး နံနက် ၇နာရီတွင် သိမ်းပိုက်ခဲ့သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

” ဗန်းမော်ကို ဝင်တဲ့လမ်းက မံစီအဝင်ဘက်ကစခန်းတွေကိုချတာ။ KIA ထိုးစစ် ထပ်မြှင့်တဲ့ သဘောပဲ။ KIA ကတော့ သိပ်အသံမထွက်ဘူး။ လုပ်ရင်တော့ ပြတ်တယ်”ဟု ဗန်းမော်မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ယခုရက်ပိုင်းအတွင်း KIAထိုးစစ်ဆင်နိုင်သည့် သတင်းများသည် နိုဝင်ဘာလကုန်ခန့်ကတည်းက ထွက်ပေါ်ခဲ့ပြီး မြို့ခံအချို့မှာ ဘေးလွတ်ရာသို့ ကြိုတင်တိမ်းရှောင်ခဲ့သည်။ သတင်းထွက်ပေါ်သည့်အတိုင်းပင် KIAက စစ်ကောင်စီတပ်စခန်းနှင့်တပ်ရင်းများကို တိုက်ခိုက်လာခြင်းဖြစ်သည်။

” ဒီအထဲမှာ KIAဘက်က တိုက်မယ်လို့သတင်းတွေ စစ်တပ်ဘက်ကလည်းရတယ် ထင်တယ်။ ဖုန်းလိုင်းတွေပြန်ဖွင့်ပေးသေးတယ်။အခုတော့ ပြန်ပိတ်သွားပြီ”ဟု မြို့ခံတစ်ဦးက ပြောသည်။

ဗန်းမော်မြို့တွင် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ခလရ(၄၇)၊ ခလရ(၂၃၆)၊ အမှတ် (၉၃၃)ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ်(၁၁) စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၅)ဆက်သွယ်ရေးတပ်၊အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ်(၃၁၄)အမြောက်တပ်၊အမှတ်(၇၀၀၆) သံချပ်ကာတပ်ရင်း၊ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ်(၉၁၄) စစ်အင်ဂျင်နီယာတပ်၊ အမှတ်(၉၄၄) ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲနှင့် စစ်ဘက်ရေးရာလုံခြုံရေးတပ် တို့ရှိနေသည်။

ပြီးခဲ့သည့် ဇွန်လက ဗန်းမော်မြို့မှ စစ်ကောင်စီစခန်းအချို့ကို KIA ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ဖူးသည်။ ဒေသခံများ စစ်ရေးသတိပြုနေထိုင်ကြရန် KIA က သတိပေးခဲ့သည်။ လက်ရှိတွင် မံစီမြို့ကို KIAက ထိန်းချုပ်ထားသလို ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့တွင်လည်း KIAက နယ်မြေစိုးမိုးမှုရယူထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဗန်းမော်သည် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ မြို့ဖြစ်ပြီး လက်ကျန် တပ်စခန်း တပ်ရင်းဌာနချုပ် ၁၅ခုထက်မနည်းကျန်ရှိနေသည်။

သတင်း

ဒေသတွင်းအခြေအနေကိုစောင့်ကြည့်နေသည်ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကပြောသည်။

သတင်း

မတ္တရာမြို့ နဲ့ ၃ မိုင်ခန့် အကွာ က ရွာတွေမှာ မနေ့ ဒီဇင်ဘာ ၂ ရက် နေ့ခင်းပိုင်းကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့ သိရပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင် ဆင်နွှဲမည်ဟု အသိပေးထုတ်ပြန်ထားသည်။

Facebook