close
Connect with us

Hi, what are you looking for?

သတင်း

ပင်းတယတွင် စစ်ကောင်စီနှင့် RCSS တိုက်ပွဲဖြစ်

ဒေသတွင်းအခြေအနေကိုစောင့်ကြည့်နေသည်ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကပြောသည်။

(ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် RCSS တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-RCSS)
(ဗိုလ်ချုပ်ကြီးယွက်ဆစ်နှင့် RCSS တပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-RCSS)

အိမ်သွင်/People’s Spring

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ် နန့်အင်းကျေးရွာအနီးတွင် စစ်ကောင်စီနှင့် RCSS တိုက်ပွဲဖြစ်ပွားပြီး RCSS တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးပြီးတစ်ဦးကို စစ်ကောင်စီကဖမ်းဆီးသွားသည်။

ပင်းတယမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ နန့်အင်းကျေးရွာအနီးတွင် ဒီဇင်ဘာလ ၁ရက်နေ့က တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်။

“စစ်တပ်က သူ့အင်အားမရှိလို့ RCSSကို ပင်းတယဘက် ပို့ထားတာ။ အခုကသူတို့အချင်းချင်းချတာ။ စစစ်တပ်ဂိတ်နားမှာ နောက်ထပ်ဂိတ်တစ်ဂိတ်လာဖွင့်လို့ဆိုပြီးတော့ ပြီးခဲ့တဲ့ရက်ထဲက တင်းမာနေတာ။ တိုက်ပွဲဖြစ်တော့ ဒေသခံတွေ ပြေးရရှောင်ရပြန်တယ်” ဟု ဒေသခံတဦးကပြောသည်။

Public Service Announcement

Public Service Announcement

RCSS တပ်ဖွဲ့ဝင် ၂၀ ဦးခန့်တပ်စွဲထားသောစစ်ဆေးရေးဂိတ်ကို စစ်ကောင်စီက စတင်တိုက်ခိုက်ခြင်းဟု ဒေသခံတစ်ဦးကပြောသည်။

RCSS တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ တစ်ဦးကိုစစ်ကောင်စီကဖမ်းဆီးသွားသလို လက်နက်ခဲယမ်းအချို့လည်းသိမ်းဆည်းသွားကြောင်း သတင်းရရှိသည်။ ကျန် RCSS တပ်ဖွဲ့ဝင်များ ထွက်ပြေးသွားပြီးနောက် RCSS စခန်းမှ ဆန်ရိက္ခာများကို စစ်ကောင်စီက သယ်ဆောင်သွားကြောင်း စုံစမ်းသိရသည်။

ဗိုလ်ချုပ်ကြီးယွက်ဆစ်​ခေါင်း​ဆောင်​သောရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)သည် စစ်အာဏာရှင်တော်လှန်ရေးတွေမပါဝင်ဘဲ စစ်ကောင်စီနှင့်ပူးပေါင်းနေသည့်လက်နက်ကိုင်အဖွဲ့ဖြစ်သည်။ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့နယ်နှင့်ရွာငံမြို့နယ်အတွင်း ပြီးခဲ့သည့်စက်တင်ဘာလမှာစတင်ကာ စစ်ကောင်စီတပ်ရင်းများနှင့်အတူဝင်ရောက်လာပြီး ဂိတ်စခန်းအချို့ဖွင့်လှစ်ခဲ့သည်။ ၎င်းတို့တပ်စွဲသည့်ကျေးရွာအချို့တွင် ဒေသခံများထံမှ ဆပ်ကြေးတောင်းခံနေ၍ ဓနုဒေသခံများက ဆန့်ကျင်နေကြသည်။

ယခုမူ စစ်ကောင်စီနှင့် RCSS တိုက်ပွဲဖြစ်ပွားပြီး RCSS စခန်းအချို့ ရုတ်သိမ်းမှုရှိနေသည်ဟု ဒေသခံများကပြောသည်။ နန့်အင်းကျေးရွာသည် ပင်းတယ-ရပ်စောက်လမ်းမှ အတွင်းဘက်သို့ အနည်းငယ်ဝင်ရသည့် နေရာ၌ရှိပြီး လမ်းပိုင်းတလျှောက်၌ စစ်ကောင်စီကလုံခြုံရေးယူထားသည်။ တိုက်ပွဲနှင့်ပတ်သက်၍ စစ်ကောင်စီကရော RCSSကပါ သတင်းမထုတ်ပြန်သေးပေ။

ဒေသတွင်းအခြေအနေကိုစောင့်ကြည့်နေသည်ဟု ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အချို့ကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် မံစီမြို့ကို KIAက ထိန်းချုပ်ထားသလို ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့တွင်လည်း KIAက နယ်မြေစိုးမိုးမှုရယူထားသည်။

သတင်း

မတ္တရာမြို့ နဲ့ ၃ မိုင်ခန့် အကွာ က ရွာတွေမှာ မနေ့ ဒီဇင်ဘာ ၂ ရက် နေ့ခင်းပိုင်းကစတင်ပြီး တော်လှန်ရေးတပ်တွေနဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်တာလို့ သိရပါတယ်။

သတင်း

ချင်းညီနောင်အဖွဲ့ဝင် မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF)ကလည်း မင်းတပ်မြို့သိမ်းတိုက်ပွဲ အောင်မြင်အောင် ဆင်နွှဲမည်ဟု အသိပေးထုတ်ပြန်ထားသည်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်နှင့် မိုးမောက်မြို့နယ်ကြား ၇မိုင် အောင်မြေကျေးရွာ၌ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိနေကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

Facebook