close
Connect with us

Hi, what are you looking for?

သတင်း

KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြို့နယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်

ဗန်းမော်သည် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ မြို့ဖြစ်ပြီး လက်ကျန် တပ်စခန်း တပ်ရင်းဌာနချုပ် ၁၅ခုထက်မနည်းကျန်ရှိနေသည်။

KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်
KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်

▪︎ဗန်းမော်မြို့လုံခြုံရေး ဂိတ်စခန်းနှင့် တပ်စခန်းအချို့ သိမ်းရ၊ လက်နက်ခဲယမ်းများလည်းရဟု စစ်ရေးသတင်းရင်းမြစ်များပြော

ဟန်နွေ/People’s Spring

ကချင်ပြည်နယ် ဗန်းမော်မြို့နှင့်မံစီမြို့ရှိစစ်ကောင်စီစခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် မဟာမိတ်ပူးပေါင်းတပ်များက ယနေ့ (ဒီဇင်ဘာ ၄ရက်)မနက်အစော၌ ထိုးစစ်ဆင် တိုက်ခိုက်လျက်ရှိရာ စစ်ကောင်စီ တပ်စခန်း၊ ဂိတ်စခန်းအချို့ကို သိမ်းရထားကြောင်း စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးသည်။

ဒီဇင်ဘာ ၄ရက် နံနက် ၅နာရီမှစ၍ ဗန်းမော်၊ မံစီရှိ စစ်ကောင်စီစခန်းများကို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်
KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်

“ဗန်းမော်မြို့ကို ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နေပါတယ်။ ဗန်းမော်မြို့ အပြင်က ဗန်းမော်မြို့နဲ့ မံစီကြား။ မံစီမြို့ရှိ ကျန်ရှိနေတဲ့ ခမရ(၃၁၉)၊ (၆၀၁)နဲ့ (၅၂၃) အမြောက်တပ် တပ်ရင်း ဌာနချုပ် ၃ခုကို တပြိုင်တည်း ဝိုင်းဝန်း ပိတ်ဆို့ တိုက်ခိုက်နေပါတယ်”ဟု ကချင်စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

ခလရ(၄၇)တပ်ရင်းဌာနချုပ်ကို သိမ်းပိုက်နိုင်ခြင်းမရှိသေးဟုလည်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

အခြားစစ်ရေးသတင်းရင်းမြစ်တစ်ဦးကလည်း မံစီမှ ဗန်းမော်မြို့အဝင် ဖန်းခါးကုန်း ဂိတ်စခန်းနှင့် ညောင်ပင်သာစခန်းအား ဒီဇင်ဘာ ၄ရက်မနက် ၇နာရီတွင် သိမ်းပိုက်နိုင်ခဲ့ရာ လက်နက်ခဲယမ်းများ ရရှိခဲ့သည်ဟု အသိပေးထားသည်။

KIA သတင်းရင်းမြစ်တစ်ဦးကလည်း “ဒီမနက် မိုးလင်းကတည်းက အခုအချိန်ထိ ကိုယ်ပစ်၊ သူပစ် အဲဒီလို ပစ်နေတယ်လို့ သတင်းရတယ်။ မံစီဘက်ရော ဗန်းမော်ဘက်ရော မံမော်(ဗန်းမော်)နဲ့ မိုးမောက်ကြား ၇မိုင်မှာရော ၄ မိုင်မှာရော အဲဒီလို သတင်းတော့ရတယ်”ဟု ပြောပြသည်။

KIAအနေဖြင့် ဗန်းမော်နှင့် မံစီ ဒေသတစ်ခုလုံးကို တိုက်ခိုက်သိမ်းယူရန် ယနေ့ မနက်မှစတင်ထိုးစစ်ဆင်သည်ဟု ရှုမြင်ကြောင်း စစ်ရေးနိုင်ငံရေးလေ့လာသူ ဦးဇော်ဆန်က သုံးသပ်သည်။

KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်
KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်

“ဒီနေ့မနက်အစောပိုင်းမှာတော့ ဗန်းမော်မြို့ကို ကာကွယ်ပေးထားတဲ့ ရှေ့တန်းစခန်းနှစ်ခုကိုတော့ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ ကနဦး သိရှိထားပါတယ်။ ဒါပေမဲ့ မြေပြင်အခြေအနေကိုတော့ အသေးစိတ် တော့ မသိရှိရသေးပါဘူး”ဟု ဦးဇော်ဆန်က ပြောသည်။

ဗန်းမော်နှင့် မံစီ တိုက်ပွဲများနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ယနေ့ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

KIA ပူးပေါင်းတပ်များသည် ဗန်းမော်မြို့ လုံခြုံရေးတပ်ဖြစ်သည့် မိုးမောက် အခြေစိုက်ခမရ(၄၃၇)တပ်ရင်းကို ၂၀၂၄ ဩဂုတ် ၁၉ရက်တွင်သိမ်းပိုက်နိုင်ခဲ့သည်။ ထို့နောက် စစ်ကောင်စီက အဆိုပါတပ်ရင်းပြန်ရရေးနှင့် ဗန်းမော်မြို့ လုံခြုံရေးအတွက် မိုးမောက်ဘက်သို့ ဩဂုတ်လကုန်ပိုင်းမှစ၍ တင့်ကား၊ ခြေလျင် ပူးပေါင်းကာ လေကြောင်းပစ်ကူများအသုံးပြု ထိုးစစ်ဆင်လာ၍ မိုးမောက်-ဗန်းမော်ကြား ၇မိုင်အောင်မြေကျေးရွာ၌ တိုက်ပွဲများ ဆက်တိုက်ပြင်းထန်ခဲ့ရာ ယနေ့မှစ၍ KIAက တန်ပြန် ထိုးစစ်ဆင်နေခြင်းဖြစ်သည်။

KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်
KIA ပူးပေါင်းတပ်က ဗန်းမော်နှင့် မံစီမြိုနယ်ဒေသတစ်ခုလုံးကိုသိမ်းပိုက်ရန်စတင်ထိုးစစ်ဆင်

ဗန်းမော်နှင့် မြစ်ကြီးနားကို တိုက်ခိုက်ခြင်းမပြုရန် တရုတ်အစိုးရဘက်က KIAကို ဖိအားပေးနေသည်ဟု သတင်းများထွက်ပေါ်နေသည့် အခြေအနေတွင် မြို့သိမ်းစစ်ဆင်ရေးကို ဆက်လက်ဆင်နွှဲနေခြင်းဖြစ်သည်။

ဗန်းမော်သည် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(စကခ-၂၁) အခြေစိုက်ရာ မြို့ဖြစ်ပြီး လက်ကျန် တပ်စခန်း တပ်ရင်းဌာနချုပ် ၁၅ခုထက်မနည်းကျန်ရှိနေသည်။

ဗန်းမော်မြို့တွင် စစ်​ကောင်စီ တပ်ဖွဲ့ဝင်အင်အား ခန့်မှန်း ၂၅၀၀ ​ကြောင်း စစ်ရေး သတင်းရင်းမြစ် တစ်ဦးက ပြောသည်။

ဗန်းမော်တွင် စကခ(၂၁) ဌာနချုပ်၊ စစ်ဘက်ရေးရာလုံခြုံရေးတပ်စု၊ ခလရ-၄၇၊ ခလရ-၂၃၆၊ ခလရ-၂၃၇အကြွင်းအကျန်၊အမှတ်(၉၃၃)ထောက်ပံ့ပို့ဆောင်ရေးတပ်၊ အမှတ်(၁၁)စစ်မြေပြင်ဆေးတပ်ရင်း၊ အမှတ်(၅)ဆက်သွယ်ရေးတပ်၊ အမှတ်(၃၁၄)အမြောက်တပ်(အမတ-၃၁၄)၊ အမှတ်(၃၆၆)အမြောက်တပ်၊ အမှတ်(၅၀၁၄)တင့်ကားတပ်ရင်း၊ အမှတ်(၇၀၀၆)သံချပ်ကာတပ်ရင်း၊အမှတ်(၉၁၄)စစ်အင်ဂျင်နီယာတပ်၊ အမှတ်(၉၄၄)ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်ခွဲ၊ အမှတ်(၈၈)တပ်မအောက်တပ်ရင်း(၃)ရင်းခန့် ကျန်ရှိနေသည်ဟုစစ်ရေးသတင်းရင်းမြစ်ကအသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

လက်ရှိတွင် မံစီမြို့ကို KIAက ထိန်းချုပ်ထားသလို ဗန်းမော်မြို့အနီးရှိ မိုးမောက်မြို့တွင်လည်း KIAက နယ်မြေစိုးမိုးမှုရယူထားသည်။

သတင်း

ကချင်ပြည်နယ် ဗန်းမော်နှင့် မိုးမောက်မြို့နယ်ကြား ၇မိုင် အောင်မြေကျေးရွာ၌ တိုက်ပွဲများနေ့စဉ်ဖြစ်ပွားလျက်ရှိနေကြောင်း ကချင်သတင်းရင်းမြစ်တစ်ဦးက ပြောသည်။

သတင်း

ရယ်ဗဇုန်စခန်းသိမ်းတိုက်ပွဲတွင် ခလရ (၂၂၂) တပ်ရင်းမှူး ဒုတိယ ဗိုလ်မှူးကြီး သော်ဇင်လတ်အပါအဝင် စစ်တပ်အရာရှိ ၂ဦး၊ ရဲအရာရှိ ၁ဦး စုစုပေါင်း ၁၁ဦး သေဆုံးကာ ၁၉ဦးကို အရှင်ဖမ်းမိခဲ့ခြင်းဖြစ်သည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်းများရရှိခဲ့ပြီး စစ်ကောင်စီတပ်နှင့် SNAတပ်ဖွဲ့ဝင် ၁၀ဦးကျော် ဖမ်းမိထားသည်ဟု သတင်းရင်းမြစ်က ပြောသည်။

Facebook