close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့် အစိုးရ ဖြစ်လာချိန် ဖိနှိပ်မှုတွေ ကြုံလာမှာကို အမေရိကန်ရောက် နိုင်ငံခြား တက္ကသိုလ် ကျောင်းသားတွေ စိုးရိမ်

ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် နိုင်ငံခြား တက္ကသိုလ် ကျောင်းသားတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာမယ့် နောက်ဆက်တွဲ အခြေအနေတွေနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် နိုင်ငံခြား တက္ကသိုလ် ကျောင်းသားတွေကြားမှာ စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။

ထရမ့်ဟာ အမေရိကန် နိုင်ငံနဲ့ နိုင်ငံသားတွေ အတွက်သာ ပဓာနထား စဉ်းစားမယ်လို့ အတိအလင်း ကြွေးကြော်ထားတဲ့ လက်ယာစွန်း အမျိုးသားရေး ဝါဒီတစ်ဦး ဖြစ်သလို သူသမ္မတဖြစ်လာရင် အမေရိကန်ကို တရားမဝင် ရောက်ရှိ ခိုလှုံနေသူတွေကို အစုအပြုံလိုက် နှင်ထုတ်မယ်လို့ ပြောကြားထားပါတယ်။

ဇန်နဝါရီလကျရင် အမေရိကန် သမ္မတ နေရာကို ဒုတိယ အကြိမ်မြောက် ရယူပြီးတဲ့အခါ ထရမ့်က နိုင်ငံခြားသားတွေကို ပစ်မှတ်ထား ဖိနှိပ်မှုတွေ လုပ်လာနိုင်ခြေနဲ့ ပတ်သက်ပြီး အမေရိကန်ရောက် နိုင်ငံခြား တက္ကသိုလ် ကျောင်းသားတွေကြားမှာလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။

အမေရိကန် တက္ကသိုလ် တချို့က သူတို့ရဲ့ နိုင်ငံခြား တက္ကသိုလ် ကျောင်းသားတွေကို ထရမ့် သမ္မတ ဖြစ်မလာခင် တက္ကသိုလ်ဝင်းထဲ ပြန်လည်လာရောက် နေထိုင်ကြဖို့ အကြံပြု တိုက်တွန်းထားပါတယ်။

Public Service Announcement

Public Service Announcement

နိုင်ငံခြားကနေ ကျောင်းလာတက်နေတဲ့ တက္ကသိုလ် ကျောင်းသားတွေ အားလုံးလိုလို စိုးရိမ်နေကြတယ်လို့ ကော်လိုရာဒိုဒန်ဗာ တက္ကသိုလ်ရဲ့ ပါမောက္ခ တစ်ဦးဖြစ်တဲ့ ရှာလိုအိစ်က BBCကို ပြောပါတယ်။

ရီပတ်ဘလစ်ကန် ပါတီ ကိုယ်စားပြုပြီး ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ထရမ့်က သူအာဏာရလာရင် အမေရိကန် သမိုင်းမှာ အကြီးမားဆုံး နယ်နှင်မှု အစီအစဉ်ကြီးကို အကောင်အထည် ဖော်မှာဖြစ်သလို အဲဒီအတွက် အမေရိကန် စစ်တပ်ကိုပါ အသုံးပြုသွားမယ်လို့ ကြုံးဝါးထားပါတယ်။

အမေရိကန်ရဲ့ အဆင့်မြင့် ပညာရေး စနစ်ထဲမှာ လက်ရှိ ပညာသင်ယူနေတဲ့ အထောက်အထားမဲ့၊ စာရွက်စာတမ်း မပြည့်စုံတဲ့ နိုင်ငံတကာကျောင်းသား ၄ သိန်းကျော် ရှိတယ်လို့ အမေရိကန် အဆင့်မြင့် ပညာရေး ရွှေ့ပြောင်းသင်ယူမှု အဖွဲ့အစည်းက ဖော်ပြထားပါတယ်။

ထရမ့်ရဲ့ နယ်နှင်ရေး အစီအမံတွေကို အဓိက ဦးဆောင်မယ့်သူ တစ်ဦးဖြစ်တဲ့ နယ်စပ်ရေးရာ ကြီးကြပ်မှု အရာရှိလောင်း တွမ်ဟိုမန်က အမေရိကန်ရဲ့ လုံခြုံရေးကို ထိပါး ခြိမ်းခြောက်နိုင်သူတွေ၊ အကြမ်းဖက် ရာဇဝတ်မှု ကျူးလွန်သူတွေကို ဦးစားပေးအဆင့် နှင်ထုတ်သွားမယ်လို့ ပြောကြားထားပါတယ်။ ဒါပေမဲ့လည်း တက္ကသိုလ်တွေမှာ ပညာသင်ကြားနေတဲ့ အထောက်အထားမဲ့ နိုင်ငံခြား ကျောင်းသူကျောင်းသားတွေကိုတော့ ချမ်းသာပေးမယ် ဆိုတာမျိုး အာမခံချက် မရှိပါဘူး။

နောက်တစ်ချက်က ရှိရင်းစွဲ နိုင်ငံခြား တက္ကသိုလ် ကျောင်းသားတွေကြားမှာ သူတို့ရဲ့ ဗီဇာရရှိမှု အနာဂတ်အပေါ် စိုးရိမ်နေကြသလို အမေရိကန်မှာ ဆက်ပြီး ပညာသင်ယူခွင့်နဲ့ ပတ်သက်လို့ မရေမရာ ခံစားနေရတယ်လို့ အိစ်က ဆိုပါတယ်။

အခုလထဲမှာ မက်ဆာချူးဆက် တက္ကသိုလ်ကလည်း နိုင်ငံတကာ ကျောင်းသားတွေကို ခရီးသွားလာခွင့်နဲ့ ပတ်သက်လို့ အပြန်ပြန် အလှန်လှန် ချိန်ဆစဉ်းစားဖို့ အကြံပြုခဲ့ပြီး ဆောင်းရာသီ အားလပ်ရက်မှာလည်း ထရမ့်က သမ္မတသစ်အဖြစ် ကျမ်းသစ္စာ မကျိန်ဆိုခင် တက္ကသိုလ်ဝင်းထဲ ပြန်လာကြဖို့ တိုက်တွန်းထားပါတယ်။

၂၀၁၆ ခုနှစ်မှာ ထရမ့်တစ်ကြိမ် ရွေးကောက်ပွဲ အနိုင်ရခဲ့ပြီး သမ္မတ ဖြစ်ခဲ့တဲ့နောက်ပိုင်း အတွေ့အကြုံတွေကို အခြေခံပြီး တက္ကသိုလ်ရဲ့ နိုင်ငံတကာရေးရာ ဌာနက အခုလို အကြံပြုချက် ထုတ်ပြန်ခဲ့တာလို့ တက္ကသိုလ်က ဆိုပါတယ်။

ထရမ့်ဟာ ၂၀၁၇ ခုနှစ်မှာ သမ္မတ ဖြစ်လာပြီးတဲ့နောက် ပထမဆုံး သီတင်းပတ်ထဲမှာတင် မွတ်ဆလင် နိုင်ငံတချို့နဲ့ မြောက်ကိုရီးယား၊ ဗင်နီဇွဲလား နိုင်ငံသားတွေကို ပြည်တွင်းဝင်ရောက်ခွင့် ပိတ်ပင်ခဲ့ပြီး ကျောင်းသားဗီဇာနဲ့ ပတ်သက်တဲ့ ကန့်သတ်ချက် တချို့ကိုပါ ပြဋ္ဌာန်းခဲ့ပါတယ်။

ဒါ့အပြင် ထရမ့်ဟာ အရင်သမ္မတဟောင်း ဘာရတ်အိုဘားမား လက်ထက်တုန်းက အမေရိကန်ကို ကလေးဘဝ ကတည်းက ရောက်နေခဲ့တဲ့ ရွှေ့ပြောင်း အခြေချသူ ၅ သိန်းလောက်ကို နယ်နှင်ခွင့် မရှိအောင် တားဆီးထားတဲ့ စည်းမျဉ်းတွေကို ဖျက်သိမ်းဖို့ပါ ကြံစည်ခဲ့ဖူးပါတယ်။

အိစ်က ထရမ့်ဟာ တရုတ်အပေါ် ခါးသီးတဲ့ သဘောထားမျိုး ရှိတဲ့အတွက် အာရှတိုက် ဒေသတွင်း နိုင်ငံတွေက ရောက်လာတဲ့ ကျောင်းသားတွေ၊ အထူးသဖြင့် တရုတ် ကျောင်းသူကျောင်းသားတွေအတွက် ပိုပြီး စိုးရိမ်သင့်ကြောင်း မှတ်ချက် ပေးသွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

နိုင်ငံတကာ

စိုက်ပျိုးရေး ဝန်ကြီးနေရာအတွက် လူရွေးခဲ့တဲ့နောက် ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်မှာ တာဝန်ထမ်းဆောင်မယ့် အမေရိကန် အစိုးရအဖွဲ့ဟာ တင်းပြည့်ကျပ်ပြည့် ရုပ်လုံးပေါ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ကျင့်ဝတ်ပိုင်းဆိုင်ရာ ဝေဖန် စွပ်စွဲမှုတွေ ကြုံတွေ့နေခဲ့တဲ့ မတ်ဂေ့ဇ်က သူ့သဘောဆန္ဒနဲ့ လက်လျှော့သွားတဲ့နောက် အမေရိကန် အစိုးရ ရှေ့နေချုပ် ရာထူးအတွက် ပမ်ဘွန်ဒီကို အစားထိုး ခန့်အပ်ဖို့ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်က ဆုံးဖြတ်ခဲ့ပါတယ်။

နိုင်ငံတကာ

အာဏာလွှဲပြောင်းရေးကိစ္စ ဆွေးနွေးဖို့အတွက် အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ဟာ ရွေးကောက်ပွဲ အနိုင်ရ သမ္မတလောင်း ဒေါ်နယ်လ်ထရမ့်ကို အိမ်ဖြူတော်ဆီ ဖိတ်ကြား တွေ့ဆုံခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားမှာ မြောက်ကိုရီးယားတပ်တွေ ဖြန့်ကျက်ထားတဲ့ ကိစ္စကို ခိုင်မာအားကောင်းတဲ့ နည်းလမ်းမျိုးနဲ့ တုံ့ပြန်မယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီ ဘလင်ကန်က ပြောကြားခဲ့ပါတယ်။