close
Connect with us

Hi, what are you looking for?

သတင်း

မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်းလမ်းပိုင်းအား မန္တလေး PDFက စစ်ရေးအရ ယာယီပိတ်

မန္တလေး PDFသည် ဇူလိုင် ၁၇ ရက်က စဉ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့အပါအဝင် မြို့နယ်အတွင်းရှိ စခန်းများအားသိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)
(မန္တလေး PDFမှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - မန္တလေး PDF)

ဇေအောင်၊အိမ်သွင်/People’s Spring

မန္တလေးတိုင်းရှိ မတ္တရာ၊ စဉ့်ကူးနှင့် သပိတ်ကျင်းမြို့လမ်းပိုင်းအား စစ်ရေးအခြေအနေများကြောင့် သွားလာမှုများ ယာယီကန့်သတ်သွားမည်ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)က သတင်းထုတ်ပြန်သည်။

နိုဝင်ဘာ ၂၆ ရက်ကစ၍ မန္တလေး PDF၏ စိုးမိုးထိန်းချုပ်စိုးမိုးရာ ဒေသဖြစ်သော မတ္တရာ၊ စဥ့်ကူးနှင့် သပိတ်ကျင်းမြို့လမ်းပိုင်းအား လက်တလောစစ်ရေးအခြေအနေများကြောင့် ယာယီ သွားလာမှုများအား စတင်ကန့်သတ်သွားမည်ဟု မန္တလေး PDFက ယနေ့(နိုဝင်ဘာ ၂၅ရက်)တွင် ထုတ်ပြန်သည်။

ထို့အပြင် မန္တလေး PDF၏ ထိန်းချုပ်စိုးမိုးဒေသများတွင် စစ်တပ်၏ ထုတ်ကုန်ပစ္စည်းများကို တင်သွင်းခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် အသုံးပြုခြင်းများကို တင်းတင်းကြပ်ကြပ် ပိတ်ပင်သွားမည်ဖြစ်ပြီး ဖောက်ဖျက်ကျူးလွန်မှုများ စိစစ်တွေ့ရှိပါက ပြင်းထန်စွာ အရေးယူဆောင်ရွက်သွားမည်​ဟုလည်း ထပ်မံအသိပေးသည်။

Public Service Announcement

Public Service Announcement

” အခြေအ‌နေက စစ်ရေးတင်းမာလာပါတယ်။စစ်ကောင်စီက လေကြောင်းနဲ့ လက်နက်ပြီး ပစ်ကူယူပြီး ပြန်ပြီး ထိုးစစ်ဆင်မယ့်အနေအထား ရှိနေပါတယ်။ ဒေသခံတွေအတွက် စစ်ရေးသတိရှိရမဲ့အခြေအနေဖြစ်ပါတယ်”ဟု စဉ့်ကူးမြို့မှ ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောသည်။

ထုတ်ပြန်ချက်နှင့်ပတ်သက်၍ မန္တလေး PDF ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

လက်တလော မတ္တရာ-စဥ့်ကူး-သပိတ်ကျင်းလမ်းတလျှောက်တွင် သပိတ်ကျင်းမြို့နယ်၊ တွင်းငယ်ရွာအနီးရှိ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးသင်တန်းကျောင်းအား ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA၊ တအောင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLAတို့က ကာလအတန်ကြာ ပိတ်ဆို့ထားပြီး နိုဝင်ဘာ ၁၆ ရက်က တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။

မန္တလေး PDFသည် ဇူလိုင် ၁၇ ရက်က စဉ့်ကူးမြို့နှင့် သပိတ်ကျင်းမြို့အပါအဝင် မြို့နယ်အတွင်းရှိ စခန်းများအားသိမ်းပိုက်ခဲ့ပြီး မတ္တရာမြို့နယ်အတွင်းရှိ တပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။

မတ္တရာမြို့နယ်အတွင်းရှိ စစ်ကောင်စီစခန်း ၄၀ကျော်ကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ထိန်းချုပ်ထားသည်။ လက်ရှိတွင် မတ္တရာရာမြို့အနောက်ခြမ်း၌ တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားနေသည်။

ဆက်စပ်သတင်းများ

သတင်း

ယနေ့ (နိုဝင်ဘာ၂၅ရက်)တွင် ကျရောက်သည့် အမျိုးသားအောင်ပွဲနေ့သို့ NUGက ဂုဏ်ပြု သဝဏ်လွှာပေးပို့ရာ၌ ယခုကဲ့သို့ ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။

သတင်း

ထားဝယ်ခရိုင်အတွင်း၌ MOD​၏ လက်အောက်ခံ PDFတပ်ရင်း (၂)ရင်းနှင့် မြို့နယ် ပကဖတပ်ဖွဲ့ လေးဖွဲ့ရှိရာ အဆိုပါ တပ်ဖွဲ့များအားလုံး စုပေါင်းလိုက်ခြင်း ဖြစ်သည်။

သတင်း

တိုက်ပွဲဖြစ်ပွားနေစဉ် စစ်ကောင်စီက မှော်ဘီတပ်မှ ဖောကား ၃စီး ၊ (၃၅)တပ်ရင်းမှ ခြေလျင် စစ်ကူစစ်ကြောင်းများဖြင့် အင်အားဖြည့်ရာ တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ပြီး နံနက် ၈နာရီခန့်တွင် လုံခြုံဘေး ကင်းရာသို့ ပြန်လည် ဆုတ်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီက အဆိပ်ငွေ့ဗုံးဟုယူဆရသည့် ဗုံးများကြဲချမှုကြောင့် ဒေသခံပြည်သူ ၈၀ ကျော် မူးလဲအော့အန်သည့် ဝေဒနာခံစားခဲ့ရသည်ဟု ဒေသခံများက ပြောသည်။