close
Connect with us

Hi, what are you looking for?

သတင်း

မြဝတီအသံလွှင့်ဌာနကို Yangon Army က ၄၀ မမ ဖြင့် တိုက်ခိုက်

အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

(ရန်ကုန်မြို့ ၊​မှော်ဘီမြို့နယ်ရှိ စစ်တပ်ပိုင်မြဝတီ အသံလွှင့်ဌာနထံ အာဏာသိမ်း​ခေါင်း​ဆောင် ၂၀၂၃ စက်တင်ဘာလ ၆ ရက်တွင်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ- မြဝတီ)
(ရန်ကုန်မြို့ ၊​မှော်ဘီမြို့နယ်ရှိ စစ်တပ်ပိုင်မြဝတီ အသံလွှင့်ဌာနထံ အာဏာသိမ်း​ခေါင်း​ဆောင် ၂၀၂၃ စက်တင်ဘာလ ၆ ရက်တွင်သွား​ရောက်ကြည့်ရှုစဥ်။ဓါတ်ပုံ- မြဝတီ)

သတိုး / People’s Spring

Yangon Army အဖွဲ့တစ်နှစ်ပြည့် အထိမ်းအမှတ် ပြည်သူများကိုလက်ဆောင်ပေးသည့် အနေဖြင့် ရန်ကုန်မြို့ မှော်ဘီမြို့နယ်ရှိစစ်ကောင်စီလက်အောက် ခံ မြဝတီအသံလွှင့်ဌာနကို ၄၀ မမ သုံးလုံးဖြင့်တိုက်ခိုက်ခဲ့ကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူက လူထုနွေဦးသို့ပြောသည်။

“တစ်လုံးကဂိတ်နားကျတယ်။ နှစ်လုံးက အထဲထိရောက်တယ်” ဟု ၎င်းကပြောသည်။

အဆိုပါစစ်ဆင်ရေးကို နိုဝင်ဘာ ၂၁ ရက် ညနေ ၅ နာရီ အချိန်ခန့်တွင် M79 လက်နက်ကြီးဖြင့်၄၀မမ (၃)လုံး ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

Yangon Army အဖွဲ့ကို နိုဝင်ဘာ ၁၀ ရက် ၂၀၂၃ တွင် စတင်ခဲ့ခြင်းဖြစ်ပြီး တစ်နှစ်အတွင်း မစ်ရှင် နှစ်ဆယ်ကျော် ပြုလုပ်နိုင်ခဲ့သည်ဟု အထက်ပါတာဝန်ရှိသူကပြောသည်။

“အရင်နှစ်ကထက်၂ဆပိုပြီးတိုက်ခိုက်သွားမယ်လို့ဘဲပြောချင်ပါတယ်..။ရန်ကုန်သားတွေကိုယ့်အိမ်ကိုပြန်ချင်ကြပြီဗျာ” ဟု ၎င်းကပြောသည်။

Yangon Army အနေဖြင့် စစ်ကောင်စီ မပြုတ်မချင်း အခြားပစ်မှတ်ကြီးများကိုဆက်လက်တိုက်ခိုက်မည်ဖြစ်ပြီး ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ပတ်သက်သောနေရာများကို ရှောင်ကြရန် သတိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားဟာ ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို အသုံးပြုခဲ့ကြောင်း ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

သတင်း

အထက်ပါတိုက်ခိုက်မှုအပြီး နိုဝင်ဘာလ ၁၈ရက် နေ့လည်ပိုင်းမှစတင်ကာ ထားဝယ်မြစ်တဖက်ကမ်း လောင်းလုံးမြို့နယ်အတွင်းမှ ကျေးရွာများသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်း ဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးပြီး ပူးပေါင်းသွားသည့် တပ်ကုန်း၊ ချောင်းနားစသည့် ကျေးရွာများသည် ကိုင်လယ်ရဲစခန်းနှင့်ကပ်လျှက်တည်ရှိသည့် ကျေးရွာများဖြစ်သည်။

သတင်း

ယနေ့(နိုဝင်ဘာ ၂ဝ ရက်)ကလည်း စစ်ကောင်စီတပ်သားများက ချောင်းဦးနှင့် မုံရွာမြို့နယ်ကြား၌ ခရီးသည်တင်ကားများပေါ်မှ ပြည်သူများအား မိုင်းရှင်းခိုင်းနေကြောင်း သတင်းရရှိသည်။

Trending

Facebook