close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဒုံးကျည် အမျိုးအစားသစ်နဲ့ ယူကရိန်းကို တိုက်ခိုက်တာမျိုး ထပ်လုပ်ဦးမယ်လို့ ပူတင်ပြော

နျူကလီးယား ထိပ်ဖူး တပ်ဆင် ပစ်ခတ်လို့ရတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်တာမျိုး ထပ်လုပ်ဦးမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

နျူကလီးယား ထိပ်ဖူး တပ်ဆင် ပစ်ခတ်လို့ရတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းကို တိုက်ခိုက်တာမျိုး ထပ်လုပ်ဦးမယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။

ရုရှားဟာ စမ်းသပ် အဆင့်မြှင့်နေဆဲအဆင့် ဟိုက်ပါဆောနစ် တာလတ်ပစ် တိုက်ချင်းပစ် ဒုံးကျည် (MRBM) တစ်စီးကို အခုသီတင်းပတ်ထဲမှာ ယူကရိန်းရဲ့ ဒီနီပရိုမြို့ထဲကို ပစ်ခတ်ခဲ့ပါတယ်။ အဲဒီ ဒုံးကျည် အမျိုးအစားမျိုး အရင်က ဘယ်တုန်းကမှ ရုရှားက စစ်ပွဲမှာ ထုတ်မသုံးခဲ့ဖူးပါဘူး။

ပူတင်က Oreshnikလို့ ကုဒ်နာမည် ပေးထားတဲ့ ဒုံးကျည်ကို သမားရိုးကျ ထိပ်ဖူး တပ်ဆင်ပြီး ပစ်ခတ်ခဲ့တယ်ဆိုတာ အတည်ပြုခဲ့ပြီး နောက်ထပ်လည်း အဲဒီလို တိုက်ခိုက်မှုတွေ ထပ်လုပ်ဖို့ ဒုံးကျည်တွေ သိုမှီး ပိုင်ဆိုင်ထားကြောင်း ပြောပါတယ်။

Oreshnikဟာ အသံထက် ၁၀ ဆမြန်အောင် ပျံသန်းနိုင်ပြီး ဘယ်လေကြောင်းကာကွယ်ရေး စနစ်ကမှ မဟန့်တားနိုင်ဘူးလို့ ပူတင်က ကြွေးကြော်ထားပါတယ်။ နိုဝင်ဘာ ၂၂ ရက်နေ့တုန်းကတော့ ကြိုတင် ထုတ်ပြန်မထားဘဲ ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းတစ်ခုမှာ သူက Oreshnikတွေကို လက်တွေ့ တိုက်ခိုက်ရေး အပါအဝင် နောက်ထပ် စမ်းသပ်မှုတွေမှာ အသုံးပြုသွားမယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အမေရိကန်နဲ့ ဗြိတိန်တို့က ယူကရိန်းအတွက် ထောက်ပံ့ပေးထားတဲ့ တာဝေးပစ် ဒုံးကျည်တွေကို ရုရှားပိုင်နက်ထဲက ပစ်မှတ်တွေကို တိုက်ခိုက်ရာမှာ အသုံးပြုခွင့် ပေးလိုက်ပြီး ယူကရိန်းကလည်း လက်တွေ့ အသုံးချခဲ့တဲ့နောက် ရုရှားက MRBM အဆင့် ဟိုက်ပါဆောနစ် ဒုံးကျည်ကို ပစ်ခတ်ခဲ့တာပါ။ MRBMတွေရဲ့ စံသတ်မှတ်ချက်အရ ကီလိုမီတာ ၃၅၀၀ နဲ့ ၅၀၀၀ ကြားလောက်ထိ ခရီးပေါက်အောင် ပျံသန်းနိုင်စွမ်း ရှိပါတယ်။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ပူတင်အနေနဲ့ ဒီလို စစ်လက်နက်မျိုး ထုတ်သုံးခဲ့တဲ့အတွက် ထိုက်တန်တဲ့ အကျိုးဆက်တွေ ခံစားရအောင် ဝိုင်းဝန်း အရေးယူ ပေးကြဖို့ နိုင်ငံတကာ ခေါင်းဆောင်တွေကို တိုက်တွန်း တောင်းဆိုခဲ့ပါတယ်။

တခြားသတင်းတွေအရ ယူကရိန်းဟာ အမေရိကန်ဆီက THAAD အမျိုးအစား၊ ဒါမှမဟုတ် ပိုမို အဆင့်မြှင့်တင်ထားတဲ့ Patriot လေကြောင်းကာကွယ်ရေး စနစ်တွေ ရရှိနိုင်ရေး တောင်းဆိုသွားဖို့လည်း အပူတပြင်း စီစဉ်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့ အမေရိကန်မှာ ရွေးကောက်ပွဲ အနိုင်ရထားတဲ့ ဒေါ်နယ်လ်ထရမ့် သမ္မတ ဖြစ်လာချိန်ကျရင် ယူကရိန်းကို စစ်ရေးအရ ဆက်လက်ကူညီ ထောက်ပံ့ဖို့ မသေချာတဲ့ အခြေအနေမျိုးလည်း ရှိနေပါတယ်။ ဇီလန်စကီးကတော့ အမေရိကန်ရဲ့ အထောက်အပံ့တွေ ရပ်သွားရင် ယူကရိန်းဟာ စစ်ရှုံးဖို့ သေချာသလောက် ဖြစ်နေကြောင်း ဝန်ခံထားပေမယ့် အစွမ်းရှိသမျှ ရုန်းကန် တွန်းလှန်သွားမယ်လို့လည်း ပြောကြားထားပါတယ်။

ကိုးကား: EPA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

မြောက်ကိုရီးယားက တိုက်ခိုက်ရေးတပ်တွေ စစ်ကူပို့ပေးခဲ့တဲ့အတွက် အပြန်အလှန်အဖြစ် ရုရှားက လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ထောက်ပံ့ပေးခဲ့တယ်လို့ တောင်ကိုရီးယား စစ်ထောက်လှမ်းရေးက ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ အရင်က ထုတ်မသုံးဖူးခဲ့တဲ့ ဒုံးကျည်တစ်စင်းကို ပစ်ခတ်ခဲ့တယ်လို့ သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားခဲ့ပြီး အနောက်မဟာမိတ် နိုင်ငံတွေကိုပါ ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

နိုင်ငံတကာ

ယူကရိန်းကို တိုက်ခိုက်ရာမှာ ရုရှားဟာ ပထမဆုံး အကြိမ်အဖြစ် မဟာဗျူဟာ တိုက်ချင်းပစ် ဒုံးကျည် (ICBM) တစ်စင်းကို အသုံးပြုခဲ့ကြောင်း ယူကရိန်းက စွပ်စွဲ ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

ဗြိတိန်နိုင်ငံလုပ် တာဝေးပစ် ဒုံးကျည်တွေ အသုံးပြုပြီး ယူကရိန်းက ရုရှားပိုင်နက် အတွင်းပိုင်းကို ပထမဆုံးအကြိမ် တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

Trending

Facebook