People’s Spring
မြန်မာဖက်ခြမ်းက အွန်လိုင်း ငွေကြေးလိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေမှာ အဓမ္မ ခိုင်းစေ ခံနေရသူ နိုင်ငံခြားသား ၄၀ နီးပါးဟာ ထိုင်းနိုင်ငံ နယ်စပ်ဖက်ခြမ်းကို ထွက်ပြေးလာခဲ့ကြောင်း သိရပါတယ်။
ထိုင်းသတင်းဌာန Khaosodရဲ့ နိုဝင်ဘာ ၂၅ ရက်နေ့ ဖော်ပြမှုမှာတော့ သီရိလင်္ကာ နိုင်ငံသား ၃၂ ဦး၊ နီပေါနိုင်ငံသား ၅ ဦး၊ မလေးရှား ၁ ဦးနဲ့ ရိုမေးနီးယား ၁ ဦး၊ စုစုပေါင်း ၃၉ ယောက်ဟာ ထိုင်းနိုင်ငံ၊ တက်ခ်ပြည်နယ်ဖက်ကို ထွက်ပြေးလာတာလို့ ဖော်ပြထားပါတယ်။ သူတို့ဟာ မက်မောလောက်စရာ လုပ်ခလစာမျိုးနဲ့ လှည့်စားစည်းရုံး ခံရပြီး ငွေလိမ်ဂိုဏ်းတွေရဲ့ လူကုန်ကူး ခေါ်ယူမှု၊ အမြတ်ထုတ်မှုတွေကို ခံခဲ့ရတာလို့ အသီးသီး ထွက်ဆိုထားကြပါတယ်။


အဲဒီအဖွဲ့ဟာ မြန်မာဖက်ခြမ်းမှာရှိတဲ့ ကရင်ပြည်နယ်၊ မြဝတီဘက်ကနေ သောင်ရင်းမြစ်ကို ဖြတ်ပြီး ဘန်ဒွန်ချွိုင် ဧရိယာဖက်ကို ရောက်ရှိလာတာ ဖြစ်တယ်လို့ Thai PBS သတင်းဌာက ဖော်ပြပါတယ်။

Public Service Announcement
ဖြစ်စဉ်နဲ့ ပတ်သက်တဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ သတင်းမှာ ဖော်ပြမထားကြသေးပါဘူး။

Khaosod ရဲ့ သတင်းမှာတော့ အဲဒီနိုင်ငံခြားသားတွေကို ထိုင်းလုံခြုံရေး တပ်ဖွဲ့ဝင်တွေက စုံစမ်းမေးမြန်းပြီး ထရပ်ကားပေါ် တင်နေတာ တွေ့ရသလို ထွက်ပြေးလာသူတွေထဲမှာ အမျိုးသမီး တချို့ကိုလည်း မြင်ရပါတယ်။
ကနဦး အနေနဲ့ ထိုင်းအာဏာပိုင်တွေဟာ ဘန်ကောက်မှာရှိတဲ့ သီရိလင်္ကာ သံရုံးကို အဆက်အသွယ်လုပ်ထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
ကိုးကား- Khaosod ၊ Thai PBS
