close
Connect with us

Hi, what are you looking for?

သတင်း

ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲ လက်နက် ၁၀၀ကျော် KIAသိမ်းရ

သတင်းရင်းမြစ်အချို့ဖော်ပြလာသည့် ရုပ်သံ၌ပင် လက်နက်ငယ် အလက် ၈၀ဝန်းကျင် နှင့် ကျည်များ၊ RPG ကျည်များစုပုံထားသည်ကို တွေ့ရသည်။

(ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIAသိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကချင်တောင်တန်း)
(ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIAသိမ်းရသော လက်နက်ခဲယမ်းများ။ ဓာတ်ပုံ - ကချင်တောင်တန်း)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကန်ပိုက်တီမြို့ တိုက်ခိုက်သိမ်းပိုက်ရာတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များထံမှ လက်နက် ၁၀၀ကျော်သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က အသိပေးသည်။

နိုဝင်ဘာ ၂၀ရက်ညနေပိုင်းတွင် ကန်ပိုက်တီမြို့ကို KIAက သိမ်းပိုက်ပြီးနောက် ယနေ့ (နိုဝင်ဘာ ၂၁ရက်)တွင် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲအတွင်း KIA ရရှိခဲ့သည့် လက်နက်ခဲယမ်းများ စုပုံထားသည့် ရုပ်သံကို ကချင်သတင်းရင်းမြစ်အချို့က အသိပေးဖော်ပြလာခြင်းဖြစ်သည်။

” ကန်ပိုက်တီက လက်နက် ၁၀၀ကျော်ရတယ်”ဟုလည်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

Public Service Announcement

Public Service Announcement

ထို့ပြင် သတင်းရင်းမြစ်အချို့ဖော်ပြလာသည့် ရုပ်သံ၌ပင် လက်နက်ငယ် အလက် ၈၀ဝန်းကျင် နှင့် ကျည်များ၊ RPG ကျည်များစုပုံထားသည်ကို တွေ့ရသည်။

KIAသည် ကန်ပိုက်တီမြို့သိမ်းတိုက်ပွဲကို ယမန်နေ့ နံနက်ကစတင်ခဲ့ရာ နောက်တစ်ရက်တွင် အောင်မြင်မှုရခဲ့ခြင်းဖြစ်သည်။

မြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ပြည်သူ့စစ်များ တရုတ်ဘက်ထွက်ပြေးသွားခြင်းဖြစ်သည်ဟု စစ်ရေးသတင်းရင်းမြစ်က ပြောပြသည်။

ကန်ပိုက်တီမြို့သိမ်းပိုက်နိုင်မှုအပါအဝင် စစ်ရေး အခြေအနေများ မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံဆက်သွယ်ထားဆဲဖြစ်သည်။

KIA အနေဖြင့်တိုက်ပွဲအတွင်း လက်နက်ခဲယမ်းရရှိမှု ထိခိုက်ကျဆုံးနှင့် စစ်သုံ့ပန်းဖမ်းဆီးရရှိမှု အခြေအနေများကို အသေးစိတ် သတင်းထုတ် ပြန်လေ့မရှိပေ။

ဆက်စပ်သတင်းများ

သတင်း

ဖလမ်းနှင့် မင်းတပ်မြို့သိမ်းတိုက်ပွဲကို နိုဝင်ဘာ ၉ရက်ကစတင်၍ ချင်းညီနောင်နှင့် မဟာမိတ်များက ဆင်နွှဲနေခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ်သည် မတ္ထရာမြို့နယ်အနောက်ခြမ်းကို နိုဝင်ဘာ ၉ ရက်မှစတင်ပြီး စစ်ကြောင်းထိုးခဲ့ပြီး တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်း

ကချင်အထူးဒေသ(၁)၌ နောက်ဆုံးကျန်နေသည့် မြို့ဖြစ်ပြီး တရုတ် - မြန်မာတရား၀င်နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်သည့် ကန်ပိုက်တီကို KIAက နိုဝင်ဘာ ၂၀ရက် နံနက်တွင် စတင်ထိုးစစ်ဆင်ခဲ့ရာ ညနေပိုင်း၌ အပြီးသတ်သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီ ဝါဒဖြန့် တယ်လီဂရမ်တွင်လည်း အနန်းကွင်းဗျူဟာ ခဲယမ်းရိက္ခာပြတ်တောက်မှု ကြုံနေရပြီး မြေပြင်မှ စစ်ကူမပို့နိုင်ပါက အခြေအနေမကောင်းဟု ရေးသားထားသည်။

Trending

Facebook