close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းကို ICC ဖမ်းဝရမ်းထုတ်မှု အစ္စရေး အပြင်းအထန် ဝေဖန်

အစ္စရေး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် အစ္စရေး အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

အစ္စရေး ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်းကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC)က ဖမ်းဝရမ်း ထုတ်ခဲ့တဲ့အပေါ် အစ္စရေး အစိုးရက ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပါတယ်။

ဝန်ကြီးချုပ် နေတန်ညာဟုက နိုဝင်ဘာ ၂၁ ရက်နေ့ ICCရဲ့ ကြေညာချက်ဟာ ဂျူးဆန့်ကျင်ရေး သဘောထား သက်သက်သာ ဖြစ်တယ်လို့ တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးရဲ့ အတိုက်အခံ အစုအဖွဲ့ခေါင်းဆောင် ယဲရ်လာပစ်ဒ်ကလည်း ဝန်ကြီးချုပ် နေတန်ညာဟု၊ မကြာသေးခင်ကမှ နေတန်ညာဟုနဲ့ သဘောထားကွဲလွဲလို့ ဖယ်ရှားခံခဲ့ရတဲ့ ကာကွယ်ရေး ဝန်ကြီးဟောင်း ယိုအန် ဂဲလန့်တို့ကို ဖမ်းဝရမ်း ထုတ်ခဲ့တဲ့ ICC ဆုံးဖြတ်ချက်ကို ဝေဖန်ပြီး ICCဟာ အကြမ်းဖက်သမားတွေကို ဆုချပေးလိုက်သလိုပဲလို့ စွပ်စွဲသွားပ့ါတယ်။

ICCက နေတန်ညာဟုနဲ့ ဂဲလန့်တို့ကို ဖမ်းဝရမ်း ထုတ်ခဲ့တာဟာ ဂါဇာကမ်းမြှောင်ဒေသမှာ ပါလက်စတိုင်း ပြောက်ကျားအဖွဲ့ ဟားမားစ်နဲ့ စတင်စစ်ခင်း တိုက်ခိုက်ခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၇ ရက်နေ့နောက်ပိုင်း အစ္စရေးက လူ့အခွင့်အရေး ချိုးဖောက်မှု၊ စစ်ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ သံသယ စွပ်စွဲချက်အပေါ် အခြေခံထားတာပါ။

နေတန်ညာဟုက အစ္စရေး ဆန့်ကျင်ရေး သက်သက်ဖြစ်တဲ့ ဘယ်လို စိတ်ပျက်စရာ ဆုံးဖြတ်ချက်မျိုးကမှ သူ့ကိုရော၊ အစ္စရေးကိုပါ တားဆီးနိုင်မှာ မဟုတ်ကြောင်း၊ အစ္စရေးဟာ ကိုယ့်နိုင်ငံ လုံခြုံရေးအတွက် လုပ်သင့်တာတွေကို ဆက်လုပ်နေမှာဖြစ်ကြောင်း နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။ ဘယ်လိုဖိအားကမှ အစ္စရေးကို ရပ်တန့်လို့ မရစေရဘူးလို့လည်း သူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေး သမ္မတ အိုင်ဆက် ဟာဇော့ကလည်း ICCရဲ့ ဆုံးဖြတ်ချက်ဟာ တရားမျှတမှုအတွက် အမှောင်ဖုံးတဲ့နေ့တစ်နေ့ ဖြစ်စေခဲ့တယ်လို့ ဝေဖန်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားကတော့ ICCဟာ ရှိစုမဲ့စု တရားဝင်မှုအားလုံး အဆုံးသတ်သွားပြီလို့ ပြောကြားခဲ့ပါတယ်။

ကာကွယ်ရေး ဝန်ကြီးဟောင်း ဂဲလန့်ကလည်း သူနဲ့ ဝန်ကြီးချုပ်ကို ဖမ်းဝရမ်းထုတ်တဲ့ ICCရဲ့ လုပ်ရပ်ဟာ အန္တရာယ် များလွန်းပြီး အစ္စရေး အစိုးရ ခေါင်းဆောင်တွေကို လူသတ်သမား ဟားမားစ်တွေနဲ့ တစ်တန်းတည်း သတ်မှတ်ခဲ့တယ် ဆိုတာကို ဘယ်တော့မှ မမေ့သင့်တော့ကြောင်း လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားခဲ့ပါတယ်။ ဒါဟာ သူနဲ့ နေတန်ညာဟု အပြင် ဟားမားစ် စစ်ဦးစီး တစ်ဦးဖြစ်တဲ့ မိုဟာမက် ဒိဖ်ကိုပါ ICCက ဖမ်းဝရမ်း တစ်ပါတည်း ထုတ်ခဲ့တာကို ဂဲလန့်က ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒိဖ်က ဇူလိုင် ၁၃ ရက်နေ့က ဂါဇာတောင်ပိုင်းမှာ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှု တစ်ခုအတွင်း သေဆုံးခဲ့ပြီးပြီလို့ အစ္စရေးက ကြေညာထားပြီး ဟားမားစ်တွေကတော့ ဘယ်တုန်းကမှ အတည်မပြုခဲ့ပါဘူး။

ပါလက်စတိုင်း အုပ်ချုပ်ရေး အဖွဲ့အစည်းတွေနဲ့ ဟားမားစ် ပြောက်ကျားတွေကတော့ ICCရဲ့ ဖမ်းဝရမ်းနဲ့ ပတ်သက်လို့ ကြိုဆိုကြောင်း အသီးသီး ကြေညာခဲ့ပါတယ်။ ဟားမားစ်တွေက အစ္စရေး ခေါင်းဆောင်တွေကို ဖမ်းဝရမ်း ထုတ်ခြင်းဟာ တရားမျှတမှုဆီ ဦးတည်တဲ့ အရေးပါတဲ့ ခြေလှမ်းတစ်ခုဖြစ်ပြီး နစ်နာခဲ့သူတွေအတွက် ဖြေသိမ့်မှုတွေ ရယူပေးနိုင်ဖို့ မျှော်လင့်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ စစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ဆောင်မှုတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ အခြေအနေ ရှိနေကြောင်း ကုလသမဂ္ဂ အထူးကော်မတီ တစ်ခုက မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်ရဲ့ နျူကလီးယား အဆောက်အအုံတွေဟာ ဘယ်တုန်းကမှနဲ့ မတူလောက်အောင် လွယ်ကူတဲ့ ပစ်မှတ်တွေ ဖြစ်လာနေပြီလို့ အစ္စရေး ကာကွယ်ရေး ဝန်ကြီးအသစ်က ပြောကြားလိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုဟာ ကာကွယ်ရေးဝန်ကြီး ယိုယက်ဗ်ဂဲလန့်ကို ရာထူးကနေ ရုတ်တရက် ထုတ်ပယ်လိုက်ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို ပိုမိုပြင်းထန်တဲ့ စစ်လက်နက်တွေ အသုံးပြု တိုက်ခိုက်ဖို့ အီရန်ဖက်က အစီအစဉ် ရှိနေတယ်လို့ ဆိုပါတယ်။

Trending

Facebook