close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

၇ နှစ်သားလေးကို ရုရှား software ကုမ္ပဏီက အလုပ်အကိုင် ကမ်းလှမ်း

အသက် ၇ နှစ်သာ ရှိသေးတဲ့ ကလေးငယ် တစ်ဦးကို ရုရှား software နည်းပညာ ကုမ္ပဏီ တစ်ခုက အလုပ်အကိုင် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

အသက် ၇ နှစ်သာ ရှိသေးတဲ့ ကလေးငယ် တစ်ဦးကို ရုရှား software နည်းပညာ ကုမ္ပဏီ တစ်ခုက အလုပ်အကိုင် ကမ်းလှမ်းခဲ့ကြောင်း သိရပါတယ်။

ဆာဂျီလို့သာ နာမည်ဖော်ပြတဲ့ ကလေးငယ်ကို ရုရှားရဲ့ သတင်းအချက်အလက် လုံခြုံရေး software ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Pro32က အလုပ်အကိုင် ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ Pro32က ဆာဂျီကို ကုမ္ပဏီရဲ့ စီမံခန့်ခွဲရေး ဌာနတစ်ခုဖြစ်တဲ့ ကော်ပိုရိတ် လေ့ကျင့်ရေးအဖွဲ့ အကြီးအကဲ နေရာအတွက် ကမ်းလှမ်းခဲ့တာပါ။

နိုင်ငံရဲ့ ဥပဒေအရ အလုပ်လုပ်ခွင့်ရ အသက်အရွယ် ရောက်ရင် ဆာဂျီကို အချိန်ပြည့် ဝန်ထမ်းအဖြစ် ခန့်အပ်မယ်လို့ ကုမ္ပဏီဖက်က ကမ်းလှမ်းထားပေမယ့် အဲဒီမတိုင်ခင် အတောအတွင်း ဘယ်လိုဘယ်ပုံ လုပ်ခလစာ ပေးချေမလဲ ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ နိုင်ငံရဲ့ ဥပဒေတွေအရ အသက် ၁၄ နှစ်အောက် ကလေးတွေဟာ လုပ်ခလစာယူပြီး အလုပ်လုပ်ခွင့် မရှိပါဘူး။

ဆာဂျီဟာ ရုရှားရဲ့ ဒုတိယ အကြီးဆုံးမြို့ဖြစ်တဲ့ စိန့်ပီတာစဘာ့ဂ်မှာ နေထိုင်ပြီး သူ့ရဲ့ software ရေးသားမှု ဗီဒီယိုတွေကို အသက် ၅ နှစ်ကတည်းက YouTubeပေါ်တင်ရင်း ထင်ပေါ် ကျော်ကြားလာခဲ့သူ ဖြစ်ပါတယ်။ Pro32က ဆာဂျီဟာ လက်ရှိ အသက်အရွယ်မှာ အလုပ်ဝင်လို့ မရဘူး ဆိုရင်တောင် အသက်ပြည့်တဲ့ အချိန်ကျရင် သူ့အတွက် ရာထူးနေရာကို ကြိုတင် သတ်မှတ်ပြီး ကမ်းလှမ်းလိုဟန် ရှိနေပါတယ်။ Pro32ရဲ့ အမှုဆောင်ချုပ် အီဂေါ် မန်ဒစ်ခ်ကလည်း အလုပ်ကိစ္စအတွက် သူဟာ ဆာဂျီရဲ့ မိဘတွေနဲ့ ဆွေးနွေးပြီး နည်းလမ်းတွေ ရှာဖွေနေတယ်လို့ ပြောပါတယ်။

Public Service Announcement

Public Service Announcement

ကုမ္ပဏီဖက်က အလုပ်ကမ်းလှမ်းမှုကို ကြားသိချိန်မှာ ဆာဂျီရဲ့ ဖခင် ကီရဲလ်က အရမ်းအံ့ဩ ဝမ်းသာသွားသလို ကုမ္ပဏီမှာ ဆာဂျီအတွက် ဖိစီးမှု မရှိဘဲ ဘယ်လောက် အတိုင်းအတာထိ အလုပ်လုပ်နိုင်မလဲ ဆိုတာကိုလည်း ညှိနှိုင်းဖို့ ဆန္ဒရှိတယ်ဆိုတာ အကြောင်းပြန်ခဲ့ကြောင်း မန်ဒစ်ခ်က ဆိုပါတယ်။

ဆာဂျီဟာ သူ့ရဲ့ ဗီဒီယိုတွေမှာ ရုရှားဘာသာနဲ့ပဲ အဓိက စကားပြောလေ့ရှိပြီး တစ်ခါတလေတော့ သဒ္ဒါပိုင်း သိပ်မမှန်တဲ့ အင်္ဂလိပ်စကားကို သုံးလေ့ရှိပါတယ်။ သူ့ရဲ့ YouTube channelကို Pythonနဲ့ Unityတို့လို programming ဘာသာရပ် software ရေးသားမှုတွေကို စိတ်ဝင်စားသူ ၃၅၀၀ လောက်က subscribe လုပ်ထားပါတယ်။

မန်ဒစ်ခ်က ဆာဂျီဟာ အရွယ်နဲ့ မလိုက်အောင် ထူးချွန်တဲ့ software developer တစ်ဦးရဲ့ ကျွမ်းကျင်မှုတွေကို ပိုင်ဆိုင်ထားကြောင်း၊ ပိုပြီး အံ့ဩဖို့ ကောင်းတာက ဆရာတစ်ယောက်လို အရမ်းရိုးရှင်းထိရောက်အောင် သင်ကြားပြောဆိုတတ်တဲ့ အရည်အသွေးပါ ရှိနေတာဖြစ်ကြောင်း ချီးကျူးခဲ့ပါတယ်။

သူက ဆာဂျီဟာ ကုမ္ပဏီရဲ့ codeရေးသားသူတွေသာ မကဘဲ အရောင်းသမားတွေ၊ စာရင်းကိုင်တွေနဲ့ တခြားဝန်ထမ်းတွေကိုပါ ဆာဂျီက ကောင်းမွန်တဲ့ သင်ကြားပို့ချမှုတွေနဲ့ ကူညီနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း ဆိုပါတယ်။

မန်ဒစ်ခ်က ဆာဂျီကို အလုပ်ခန့်ဖြစ်ရင် လစာဘယ်လောက် ပေးမလဲ ဆိုတာကိုတော့ ထုတ်ပြောဖို့ ငြင်းဆိုသွားပြီး ဒီအကြောင်းကို တရားဝင် ညှိနှိုင်းဖို့အတွက် နောက်ထပ် ၇ နှစ် စောင့်ရဦးမယ်လို့သာ တုံ့ပြန်သွားခဲ့ပါတယ်။

ကိုးကား: BBC

ဆက်စပ်သတင်းများ

Facebook