close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဂါဇာမှာ စားနပ်ရိက္ခာ ထောက်ပံ့ရေး ထရပ်ကား အစီး ၁၀၀ နီးပါး အကြမ်းပတမ်း စီးနင်းလုယက်ခံရ

ဂါဇာ ကမ်းမြှောင်ဒေသထဲကို စားနပ်ရိက္ခာတွေ တင်ဆောင်သွားတဲ့ ကုန်တင်ကား အစီး ၁၀၀ နီးပါးလောက်ဟာ အကြမ်းပတမ်း လုယက် အပိုင်စီးမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ (UNRWA)က ထုတ်ပြန်ပါတယ်။

ဂါဇာ ကမ်းမြှောင်ဒေသထဲကို စားနပ်ရိက္ခာတွေ တင်ဆောင်သွားတဲ့ ကုန်တင်ကား အစီး ၁၀၀ နီးပါးလောက်ဟာ အကြမ်းပတမ်း လုယက် အပိုင်စီးမှုတွေကို ခံခဲ့ရတယ်လို့ ကုလသမဂ္ဂရဲ့ ပါလက်စတိုင်းဆိုင်ရာ အေဂျင်စီ (UNRWA)က ထုတ်ပြန်ပါတယ်။

UNRWAက နိုဝင်ဘာ ၁၆ ရက်နေ့မှာ ဂါဇာကို ဝင်ရောက်သွားတဲ့ ရိက္ခာတင် ထရပ်ကား ၁၀၉ စီးထဲက ၉၇ စီးဟာ အကြမ်းပတမ်း လုယက်ခံရမှုတွေ ကြုံတွေ့ခဲ့တာလို့ ထုတ်ပြန်ပါတယ်။ အဲဒီ ထရပ်ကားတွေရဲ့ ယာဉ်မောင်းတွေဟာ သေနတ်ပြောင်းနဲ့တေ့ပြီး ခြိမ်းခြောက် နှင်ထုတ် ခံခဲ့ရပါတယ်။ ဂါဇာ တောင်ပိုင်းမှာ အစ္စရေး ထိန်းချုပ်ထားရာ ကာရမ် ရှာလွမ် ဒေသကို ဖြတ်သန်းတဲ့ အချိန်မှာ အခုလို စီးနင်း တိုက်ခိုက် ခံရပြီး ထရပ်ကားပေါ်က ကုန်စည်တွေကို ဆုံးရှုံးခဲ့တာလို့ ဆိုပါတယ်။

မျက်နှာကို ဖုံးကွယ်စည်းနှောင်ထားသူတွေက လက်ပစ်ဗုံးတွေပါ အသုံးပြုပြီး အဲဒီယာဉ်တန်းကို တိုက်ခိုက်ခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ ပြီးတော့ ထရပ်ကားပေါ်က ထောက်ပံ့ရေး ပစ္စည်းတွေကို အဲဒီလူတွေက လုယက်ခဲ့တယ်လို့ ဆိုပါတယ်။

UNRWA အကြီးအကဲ ဖိလစ် လက်ဇာရီနီက ကျူးလွန်သူတွေ ဘယ်သူဘယ်ဝါဆိုတာ မစွပ်စွဲပေမယ့် ဂါဇာမှာ လုံးဝဥဿုံ မင်းမဲ့စရိုက် ကြီးစိုးပြီး အခြေအနေတွေ ရှုပ်ထွေးနေပြီလို့ ဝေဖန်သွားခဲ့ပါတယ်။ ဒီအခြေအနေမှာ UNRWAရဲ့ လုပ်ငန်းတွေ ဆက်လက် လည်ပတ်ဖို့ မဖြစ်နိုင်တော့ဘူးလို့လည်း သူက ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးနဲ့ ဟားမားစ်ပြောက်ကျားတွေကြား စစ်ပွဲကြောင့် ဂါဇာလူဦးရေ ၂ သန်းကျော်ဟာ လူသားချင်းစာနာမှု အထောက်အပံ့တွေကို အပူတပြင်း မှီခိုနေရပြီး အဲဒီ ထောက်ပံ့ရေး လုပ်ငန်းတွေသာ ရပ်တန့်သွားရင် လက်ရှိ အကျပ်အတည်းတွေ အဆိုးဆုံး အဆင့်ထိ ရောက်သွားနိုင်ပါတယ်။ ကုလသမဂ္ဂ အေဂျင်စီ တချို့ရဲ့ ဆန်းစစ်မှုတွေအရ ဂါဇာမြောက်ပိုင်း နယ်မြေတချို့ဟာ မကြာခင်မှာ အငတ်ဘေး စတင်ကျရောက်မယ့် စိုးရိမ်စရာ အခြေအတွေ ကြုံတွေ့လာနေပြီလို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က ကြုံတွေ့ခဲ့တဲ့ လုယက်မှုဟာ ထောက်ပံ့ရေး ယာဉ်တန်းကို သွားနေကျ မဟုတ်တဲ့ လမ်းကြောင်းတစ်ခုကနေ မောင်းနှင်ဖို့ အစ္စရေး အာဏာပိုင်တွေက အချိန်ကပ်ပြီး ညွှန်ကြားခဲ့ပြီးတဲ့နောက်မှာ ဖြစ်ပေါ်ခဲ့တာလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ လက်ဇာရီနီကတော့ အဲဒီလို လမ်းကြောင်း အပြောင်းအလဲ ဖြစ်ခဲ့တယ်ဆိုတဲ့ အချက်ကို အတည်မပြုနိုင်သေးကြောင်း ဆိုပါတယ်။ အစ္စရေး စစ်တပ်ကလည်း လောလောဆယ်ထိ ဘာမှတ်ချက်မှ မပေးသေးပါဘူး။

အစ္စရေး အစိုးရဟာ UNRWAရဲ့ လုပ်ငန်းတွေကို ပြည်တွင်းမှာ အခြေစိုက် ဆောင်ရွက်ခွင့်ကနေ ပိတ်ပင်ဖို့လည်း ဆောင်ရွက်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဂါဇာ စစ်ပွဲမှာ အစ္စရေးရဲ့ လုပ်ဆောင်မှုတွေဟာ လူမျိုးသုဉ်း သတ်ဖြတ်မှု သတ်မှတ်ချက်တွေနဲ့ အကျုံးဝင်တဲ့ အခြေအနေ ရှိနေကြောင်း ကုလသမဂ္ဂ အထူးကော်မတီ တစ်ခုက မှတ်ချက်ပေးခဲ့ပါတယ်။

နိုင်ငံတကာ

ဂါဇာကမ်းမြှောင် ဒေသမှာ အစ္စရေးက စစ်ရှောင် ဒုက္ခသည်တွေ အများအပြား စုဝေးနေထိုင်ရာ ကျောင်းတစ်ကျောင်းကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် လူ ၇၀ ကျော် သေဆုံးခဲ့ကြောင်း ပါလက်စတိုင်းတွေဖက်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

အရှုပ်အထွေးမျိုးစုံ၊ ပြဿနာမျိုးစုံ ကြုံခဲ့ပြီးတဲ့နောက် အမေရိကန်ဟာ ဂါဇာ ကမ်းမြှောင်ဒေသမှာ လူသားချင်း စာနာမှု မစ်ရှင်တွေအတွက် အသုံးပြုမယ့် ယာယီ ဆိပ်ခံကို အပြီးတိုင် ဖယ်ရှား ရုပ်သိမ်းတော့မှာ ဖြစ်ပါတယ်။

နိုင်ငံတကာ

အစ္စရေး စစ်တပ်ကတော့ လေတပ် တိုက်လေယာဉ်တွေဟာ ဟားမားစ်တွေရဲ့ အခြေခံ အဆောက်အအုံ နေရာတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပြီး အသေးစိတ် အချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားမယ်လို့ ကြေညာထားပါတယ်။

Facebook