close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တရုတ်ရဲ့ မျိုးဆက်သစ် အဆင့်မြင့် တိုက်လေယာဉ်ကို တရားဝင် ပွဲထုတ်မိတ်ဆက်

တရုတ်ဟာ နိုင်ငံရဲ့ ထိပ်တန်း လေကြောင်းနည်းပညာ ပြပွဲမှာ ရေဒါနဲ့ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာသုံး အဆင့်အမြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားသစ် J-35Aကို ထုတ်ပြခဲ့ပါတယ်။

တရုတ်ဟာ နိုင်ငံရဲ့ ထိပ်တန်း လေကြောင်းနည်းပညာ ပြပွဲမှာ ရေဒါနဲ့ ရှောင်ကွင်းနိုင်တဲ့ ကိုယ်ပျောက် နည်းပညာသုံး အဆင့်အမြင့်ဆုံး တိုက်လေယာဉ် အမျိုးအစားသစ် J-35Aကို ထုတ်ပြခဲ့ပါတယ်။

နိုင်ငံတောင်ပိုင်း၊ ဇူဟိုင်မြို့မှာ ပြုလုပ်ခဲ့တဲ့ လေကြောင်းပြပွဲမှာ နိုဝင်ဘာ ၁၂ ရက်နေ့တုန်းက J-35Aဟာ အချိန်တိုလောက် လက်တွေ့ ပျံသန်းပြခဲ့ပါတယ်။ အင်ဂျင်နှစ်လုံးတပ် တိုက်လေယာဉ်ဟာ တရုတ်က ပြည်တွင်းဖြစ် တပ်ဆင်တည်ဆောက်ပြီး ကိုယ်ပျောက် နည်းပညာပါတဲ့၊ တစ်နည်းအားဖြင့် ပဉ္စမမျိုးဆက်အဖြစ် သတ်မှတ်နိုင်တဲ့ ဒုတိယမြောက် တိုက်လေယာဉ် အမျိုးအစား ဖြစ်လာပါတယ်။

တရုတ်ဟာ J-20 တိုက်လေယာဉ်တွေ အစီး ၂၀၀ လောက်ထိ ပိုင်ဆိုင်ထားပြီး ဖြစ်သလို အခုတော့ ပိုမိုသေးငယ် ကျစ်လစ်တဲ့ ဒီဇိုင်းနဲ့ J-35Aကိုပါ မိတ်ဆက်လာတာ ဖြစ်ပါတယ်။ အဲဒီ လေယာဉ်ဟာ လောလောဆယ် ကုန်းမြေအခြေစိုက် လေယာဉ်ကွင်းတွေမှာပဲ အသုံးပြုနိုင်ပေမယ့် ဒီဇိုင်းပိုင်းအရ လေယာဉ်တင်သင်္ဘော အခြေစိုက် မျိုးကွဲတွေ ထပ်မံ ထွက်ပေါ်လာနိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

အမေရိကန်ဟာ လက်တွေ့ တိုက်ပွဲဝင်အဆင့် အသုံးပြုနိုင်တဲ့ ပဉ္စမမျိုးဆက် တိုက်လေယာဉ် နှစ်မျိုးကို ထုတ်လုပ်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံဖြစ်ပြီး F-22တွေနဲ့ F-35တွေဟာ မျက်မှောက်ခေတ်ရဲ့ နည်းပညာ အမြင့်ဆုံး တိုက်လေယာဉ်တွေအဖြစ် သတ်မှတ် ခံထားရပါတယ်။

Public Service Announcement

Public Service Announcement

တရုတ်ကတော့ J-20 တွေကို ၂၀၁၇ မှာ စတင်ပျံသန်းစေခဲ့ပြီး အခုတော့ အမေရိကန်ကို အမီလိုက်တဲ့ အနေနဲ့ J-35Aကိုပါ ဖန်တီးလာခဲ့တာ ဖြစ်ပါတယ်။ အဲဒီ တိုက်လေယာဉ်ရဲ့ စွမ်းဆောင်ရည် အသေးစိတ် အချက်အလက်တွေကိုတော့ တရုတ်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။

တရုတ်လေတပ် ထူထောင်မှု ၇၅ နှစ်ပြည့် ကာလနဲ့ တိုက်ဆိုင်ပြီး မိတ်ဆက်ခဲ့တဲ့ J-35Aရဲ့ ဓာတ်ပုံတစ်ပုံကို ပြီးခဲ့တဲ့ သီတင်းပတ်ကုန် ကတည်းက ပြသခဲ့ပြီး နိုင်ငံတကာ စစ်လက်နက်ရေးရာ သုတေသီတွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ ပဉ္စမမျိုးဆက် တိုက်လေယာဉ်တွေအဖြစ် သတ်မှတ်ခံထားရတဲ့ အမျိုးအစားတွေက J-35A မတိုင်ခင်မှာ လေးခုသာရှိပြီး အမေရိကန်ရဲ့ F35နဲ့ F22၊ တရုတ်ရဲ့ J-20နဲ့ ရုရှားရဲ့ SU-57တို့ပဲ ဖြစ်ကြပါတယ်။

ကိုးကား: Nikkei

ဆက်စပ်သတင်းများ

သတင်း

ကန်ဖန့်ရွာတွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေး ဟောပြောပွဲနှင့် အလင်းဝင်သူများ ကြိုဆိုပွဲအား ပြုလုပ်ခဲ့ကြောင်း ကချင်သတင်းရင်းမြစ်အချို့က နိုဝင်ဘာ ၈ရက်တွင် လူမှုကွန်ရက်၌ ရုပ်သံမှတ်တမ်းနှင့် အတူ ဖော်ပြသည်။

သတင်း

လိုအပ်တဲ့ အကူအညီတွေ ပေးအပ်သွားမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင်ကို တရုတ်ဝန်ကြီးချုပ်က ကတိပြု ပြောဆိုလိုက်ပါတယ်။

နိုင်ငံတကာ

တရုတ်အနေနဲ့ J-35Aကို ဘယ်အချိန်မှာ စတင်ပြီး တပ်တော်ဝင်စေဖို့ ရည်ရွယ်ထားသလဲ၊ လေတပ်အပြင် ရေတပ်အတွက်ပါ အသုံးပြုမလား ဆိုတာတွေကိုတော့ ကွဲကွဲပြားပြား မသိရသေးပါဘူး။

သတင်း

တရုတ်နိုင်ငံဘက်မှ မည်သည့်ဌာန၊ မည်သို့သော အဆင့်ရှိသူက NUG ကို ပြန်လည်သတင်းစကားပေးပို့ခဲ့သည်ကိုမူ ရှင်းရှင်းလင်းလင်းမသိရပေ။