close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်္ဂလန် ရေလက်ကြားမှာ ရုရှား ရေတပ်သင်္ဘော စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ဆို

ရုရှားရဲ့ ခေတ်အမီဆုံး ဒုံးကျည်လက်နက်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ် စစ်သင်္ဘော တစ်စီးက အင်္ဂလိပ် ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

ရုရှားရဲ့ ခေတ်အမီဆုံး ဒုံးကျည်လက်နက်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ် စစ်သင်္ဘော တစ်စီးက အင်္ဂလိပ် ရေလက်ကြားမှာ စစ်ရေးလေ့ကျင့်ခဲ့တယ်လို့ ရုရှားသတင်းဌာနတွေက ဖော်ပြခဲ့ပါတယ်။

Zircon ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၅ ဆပိုမြန်တဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဖြစ်ပြီး ကီလိုမီတာ ၉၀၀ လောက်က ပစ်မှတ်ကို ချေမှုန်းနိုင်ပါတယ်။ အဲဒီဒုံးကျည်တွေဟာ အမေရိကန်ရဲ့ လေကြောင်းကာကွယ်ရေး စနစ်တွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ချက်နဲ့ ရုရှားက မဟာဗျူဟာမြောက် တီထွင်တည်ဆောက်ထားတာ ဖြစ်ပါတယ်။

Zircon ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ရုရှား ဖရီးဂိတ် စစ်သင်္ဘော Admiral Golovkoဟာ အကြမ်းဖက် နှိမ်နင်းမှု စစ်ဆင်ရေးဆိုင်ရာ လေ့ကျင့်မှု တစ်ခုကို အင်္ဂလိပ် ရေလက်ကြားမှာ လုပ်ဆောင်ခဲ့ပြီးတဲ့နောက် အတ္တလန္တိတ် သမုဒ္ဒရာထဲ ဆက်လက် ခုတ်မောင်းသွားခဲ့တယ်လို့ ရုရှား အစိုးရပိုင် Tass သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကလည်း Admiral Golovkoဟာ နိုဝင်ဘာ ၂ရက်နေ့တုန်းက ဆီဗာရိုမော့စ်ခ် အခြေစိုက် စခန်းကနေ ထွက်ခွာသွားပြီး အင်္ဂလန် ရေလက်ကြားကို ဖြတ်သန်းခဲ့ကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်မှာ ထုတ်ပြန်ပေမယ့် ရေလက်ကြားထဲမှာ စစ်ရေးလေ့ကျင့်ခဲ့တဲ့ အချက်တော့ မပါရှိခဲ့ပါဘူး။

Public Service Announcement

Public Service Announcement

အဲဒီစစ်သင်္ဘောရဲ့ အဓိက မစ်ရှင်ဟာ သတ်မှတ်ထားရာ ပစ်မှတ်ရေပြင်တွေမှာ ရုရှားရဲ့ စစ်အင်အား ဖြန့်ကျက်ထားမှုကို ပြသဖို့နဲ့ လုံခြုံရေးကဏ္ဍအတွက် ဖြစ်တယ်လို့တော့ ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။

ကုတ်ဒ်နာမည် Project 22350လို့လည်း ခေါ်ဝေါ်တဲ့ အဲဒီ စစ်သင်္ဘောဟာ သွေးသစ်လောင်း တည်ဆောက်နေတဲ့ ရုရှားရဲ့ ခေတ်သစ် ရေတပ်မှာ အကြီးမားဆုံး ရေယာဉ်တစ်စီး ဖြစ်ပြီး ခရီးဝေး မစ်ရှင်တွေ တာဝန်ထမ်းဆောင်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။

အင်္ဂလိပ် ရေလက်ကြားဟာ NATO စစ်မဟာမိတ် အဖွဲ့ဝင် နှစ်နိုင်ငံဖြစ်တဲ့ ပြင်သစ်နဲ့ ဗြိတိန်တို့ကြားမှာ တည်ရှိနေတာပါ။ ရုရှားစစ်သင်္ဘောက အဲဒီရေပြင်မှာ စစ်ရေးလေ့ကျင့်ခဲ့တယ်ဆိုတဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး အနောက်မဟာမိတ် နှစ်နိုင်ငံဘက်က ဘာမှတ်ချက်မှ မပေးသေးပါဘူး။

ကိုးကား: Sky

ဆက်စပ်သတင်းများ