close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေးကို ပိုမို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ အီရန် စဉ်းစားနေတယ်လို့ဆို

အစ္စရေးကို ပိုမိုပြင်းထန်တဲ့ စစ်လက်နက်တွေ အသုံးပြု တိုက်ခိုက်ဖို့ အီရန်ဖက်က အစီအစဉ် ရှိနေတယ်လို့ ဆိုပါတယ်။

အစ္စရေးကို ပိုမို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ အီရန် စဉ်းစားနေတယ်လို့ဆို
အစ္စရေးကို ပိုမို အစွမ်းထက်တဲ့ လက်နက်တွေနဲ့ တိုက်ခိုက်ဖို့ အီရန် စဉ်းစားနေတယ်လို့ဆို

အီရန်နဲ့ အာရပ်နိုင်ငံ တချို့ရဲ့ စစ်ဘက်ဆိုင်ရာ အရာရှိ တချို့ကို ကိုးကားပြီး Wall Street Journalက အခုလို ဖော်ပြခဲ့တာပါ။ အီရန် မဟာမိတ် ပြောက်ကျား တပ်ဖွဲ့ဝင်တွေရဲ့ ခေါင်းဆောင်ပိုင်းတွေ လုပ်ကြံ ခံရတာကို လက်တုံ့ပြန်တဲ့ အနေနဲ့ အီရန်ဟာ အောက်တိုဘာ ၁ ရက်နေ့တုန်းက အစ္စရေး ပိုင်နက်ထဲကို ဒုံးကျည်နဲ့ဒရုန်း အစင်း ၂၀၀ နီးပါးနဲ့ ပစ်ခတ်ခဲ့ပါတယ်။

အောက်တိုဘာ ၂၆ ရက်နေ့မှာတော့ အစ္စရေးက အီရန်ပိုင်နက်ထဲက စစ်ရေး ပစ်မှတ် တချို့ကို လေကြောင်းကနေ တိုက်ခိုက်ခဲ့တာကြောင့် အပျက်အစီးတွေ ဖြစ်ပေါ်ခဲ့သလို စစ်မှုထမ်း ၄ ဦး သေဆုံးခဲ့တယ်လို့ အီရန် မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

အဲဒီဖြစ်စဉ် အပြီးမှာတော့ အီရန်စစ်တပ်က ငြိမ်ခံနေမှာ မဟုတ်ဘဲ အစ္စရေးကို နောက်ထပ် လက်တုံ့ပြန်သွားမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အီရန် စစ်ဘက် အရာရှိ တချို့က ဒီတစ်ကြိမ် တိုက်ခိုက်မှုမှာ သမားရိုးကျ ဒုံးကျည်တွေ၊ ဒရုန်းတွေတင် မကဘဲ ပေါက်ကွဲအား ပိုမိုပြင်းထန်တဲ့ ထိပ်ဖူးတပ် ဒုံးကျည်လို လက်နက်တွေပါ ပါဝင်လာမယ်လို့ ပြောကြားခဲ့ပါတယ်။

Wall Street Journalက မေးမြန်းခဲ့တဲ့ အမည်မဖော်တဲ့ အီရန် စစ်မက်ရေးရာ သတင်းရင်းမြစ်တွေက အစ္စရေးကို အောက်တိုဘာလဆန်းနဲ့ ဧပြီလလယ်တုန်းက တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေထက် ပိုမို အစွမ်းထက်တဲ့ လက်နက်တွေကို ထုတ်သုံးဖို့ အသင့်အနေအထား ရှိနေတယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒီအတောအတွင်း အီရန် အစိုးရ ခေါင်းဆောင် အယာတိုလာ အလီ ခါမေနီရဲ့ ထိပ်တန်း အကြံပေး တစ်ဦးဖြစ်တဲ့ ကာမဲလ် ခါရက်ဇီက အီရန်ဟာ နျူကလီးယား လက်နက်တွေ ပိုင်ဆိုင်ရေးအတွက် အလေးထား စဉ်းစားနေတယ်လို့ သတိပေးခဲ့ပါတယ်။

ခါရက်ဇီက နည်းပညာပိုင်းအရ အီရန်ဟာ နျူကလီးယား လက်နက်တွေ လက်တွေ့ ထုတ်လုပ် ပိုင်ဆိုင်နိုင်လောက်တဲ့ အဆင့်ကို ရောက်နေပြီ ဖြစ်ကြောင်း၊ တကယ်လို့ ပြည်ပ ခြိမ်းခြောက်မှု အန္တရာယ်တွေနဲ့ ဆက်ပြီး ကြုံတွေ့နေရမယ် ဆိုရင်တော့ နိုင်ငံရဲ့ နျူကလီးယားရေးရာ မူဝါဒတွေကို ပြန်လည် သုံးသပ် စဉ်းစားသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ အစ္စရေးတို့ဟာ အီရန်ဟာ နျူကလီးယား လက်နက်တွေ ထုတ်လုပ်ဖို့ ရည်ရွယ်ချက်နဲ့ ယူရေနီယမ် သန့်စင်မှုတွေ လုပ်ဆောင်နေကြောင်း စွပ်စွဲထားပေမယ့် အီရန်ကတော့ နိုင်ငံရဲ့ နျူကလီးယား နည်းပညာဟာ အရပ်ဖက်သုံး စွမ်းအင်ကဏ္ဍ အတွက်သာ ရည်ရွယ်တယ်လို့ တစိုက်မတ်မတ် အကြောင်းပြချက် ပေးထားခဲ့ပါတယ်။

ကိုးကား: Wall Street Journal

ဆက်စပ်သတင်းများ

သတင်း

ဖာပွန်ခရိုင်ထဲမှာ အာဏာမသိမ်းခင်က စစ်တပ် တပ်စခန်း ၇၀ ခန့် ရှိပြီး လက်ရှိမှာတော့ တပ်စခန်း ၁၀ ခုကျော်သာ ကျန်ရှိတော့တယ်လို့ KNU တပ်မဟာ (၅) ရဲ့စာရင်းအရသိရပါတယ်။

သတင်း

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်တွင် စစ်‌ကောင်စီတပ်နှင့် ရှမ်းနီတပ်(SNA)တပ်စွဲထားသော စခန်းနှစ်ခုကို KIA၊PDF ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းယူလိုက်သည်။

နိုင်ငံတကာ

အစ္စရေးဟာ ရန်သူ ဒုံးကျည်တွေကို လေဆာရောင်ခြည်နဲ့ ပစ်ချနိုင်မယ့် လေကြောင်း ကာကွယ်ရေး စနစ်ကို လက်တွေ့ အသုံးပြုနိုင်ဖို့ အစွမ်းကုန် ကြိုးစားနေပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်တွင် စစ်ကောင်စီတပ် နှစ်ရက်ဆက် တိုက်ခိုက်ခံရုပီးနောက် ကျေးရွာအား မီးရှို့ဖျက်ဆီး၍ နေအိမ် ၁၉ လုံး ပြာကျခဲ့ကြောင်း သတင်းရရှိသည်။