close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အစ္စရေး လေကြောင်းတိုက်ခိုက်မှုတွေက အီရန်ကို သေချာပေါက် အထိနာစေခဲ့တယ်လို့ နေတန်ညာဟုပြော

အီရန် ပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ရွေးချယ်ထားတဲ့ ပစ်မှတ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

အီရန် ပိုင်နက်ထဲမှာ လုပ်ဆောင်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုတွေဟာ ရွေးချယ်ထားတဲ့ ပစ်မှတ်တွေကို ထိထိရောက်ရောက် ချေမှုန်းနိုင်ခဲ့တယ်လို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက ပြောကြားခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် အီရန်ရဲ့ ကာကွယ်ရေးနဲ့ ဒုံးကျည် ထုတ်လုပ်ရေး စွမ်းရည်တွေကို သိသိသာသာ ထိခိုက်စေခဲ့တယ်လို့ နေတန်ညာဟုက အောက်တိုဘာ ၂၇ ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။

လဆန်းပိုင်းတုန်းက အစ္စရေး ပိုင်နက်ထဲ အီရန်က ဒုံးကျည် အစင်း ၂၀၀ လောက် အပြုံလိုက် ပစ်ခတ်ခဲ့တာကို အစ္စရေးက လေကြောင်း တိုက်ခိုက်မှုတွေနဲ့ လက်တုံ့ပြန်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

အစ္စရေးရဲ့ အဆိုအရ အောက်တိုဘာ ၂၆ ရက်နေ့ မနက်အစောပိုင်း လေကြောင်း စစ်ဆင်ရေးတွေဟာ အီရန်ရဲ့ အရေးပါတဲ့ စစ်ရေး ပစ်မှတ်တွေကို မဟာဗျူဟာမြောက် ရွေးချယ် တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

အစ္စရေးဟာ အရှေ့အလယ်ပိုင်း ဒေသမှာ အီရန် မဟာမိတ်တွေဖြစ်တဲ့ ဟားမားစ်၊ ဟစ်ဇ်ဘိုလာတို့နဲ့ စစ်ခင်းနေရင်း အခုအခါ အီရန်နဲ့ပါ ထိပ်တိုက်ရင်ဆိုင် ပဋိပက္ခ ဖြစ်လာတာပါ။ ဒါပေမဲ့ စစ်ရေးသုတေသီ အများအပြားက အစ္စရေးဟာ ပြဿနာတွေ အရမ်း ကြီးထွားမသွားအောင် အီရန်က စစ်ဆင်ရေးတွေကို စနစ်တကျ တွက်ချက်ပြီး အကန့်အသတ်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောပါတယ်။

အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် အီရန်မှာ စစ်သား ၄ ယောက် သေဆုံးပြီး ထိခိုက်ပျက်စီးမှုတွေလည်း ရှိခဲ့တယ်လို့ ဆိုပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ အီရန် အာဏာပိုင်တွေက မထုတ်ပြန်ခဲ့ပါဘူး။

နေတန်ညာဟုက အစ္စရေး လေတပ်ဟာ အီရန်နိုင်ငံအနှံ့ ရွေးချယ်ထားတဲ့ စစ်ရေး ပစ်မှတ်တွေကို ထိထိရောက်ရောက် တိုက်ခိုက်ခဲ့ကြောင်း၊ အထူးသဖြင့် အစ္စရေးကို ရန်လို ခြိမ်းခြောက်နိုင်စွမ်းရှိတဲ့ ဒုံးကျည်တွေ ထုတ်လုပ်နိုင်စွမ်းနဲ့ အီရန်ရဲ့ ကာကွယ်ရေး စွမ်းရည်ကို အကြီးအကျယ် အထိနာသွားအောင် စွမ်းဆောင်နိုင်ခဲ့ကြောင်း ပြောကြားသွားပါတယ်။

ဒါပေမဲ့ အီရန် အစိုးရခေါင်းဆောင် အယာတိုလာ အလီ ခါမေနီကတော့ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပုံကြီးချဲ့ ပြောဆိုနေစရာ အကြောင်းမရှိဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ အစ္စရေးဟာ အီရန်ရဲ့ မြို့တော် တဟီရန်နဲ့ နိုင်ငံ အနောက်ဖက်ပိုင်းက အိုင်လမ်၊ ခူဇီစတန် ဒေသတွေကို အဓိက ပစ်မှတ်ထားခဲ့တာ ဖြစ်ပါတယ်။

အစ္စရေးရဲ့ အဓိက စစ်မဟာမိတ် အမေရိကန်ကတော့ အီရန်ရဲ့ ဒုံးကျည် တိုက်ခိုက်မှုတွေကို အစ္စရေးက ခုခံ လက်တုံ့ပြန်ပိုင်ခွင့် ရှိတယ်လို့ ရပ်တည်ပေးခဲ့ပါတယ်။ အစ္စရေးရဲ့ လေကြောင်း တိုက်ခိုက်မှုတွေအပေါ် အီရန်က ငြိမ်နေမလား၊ တစ်ခုခု တန်ပြန်မလား ဆိုတာကိုတော့ လက်ရှိ အချိန်ထိ မသိရသေးသလို အီရန်ဖက်ကလည်း ရေရေရာရာ မှတ်ချက်မပေးဘဲ နှုတ်ဆိတ်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အီရန်နိုင်ငံ ပိုင်နက်ထဲက ပစ်မှတ်တချို့ကို အစ္စရေး ပြင်းထန်တဲ့ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။

သတင်း

ဟားမားစ်တွေရဲ့ ခေါင်းဆောင်ဖြစ်သူ ယာဟ်ရာ ဆင်ဝါကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF)က အတည်ပြု ကြေညာခဲ့ပါတယ်။

နိုင်ငံတကာ

လက်ဘနွန် တောင်ပိုင်းမှာ ဖြန့်ကျက်ထားတဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ အမြန်ဆုံး ထွက်ခွာကြဖို့ အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ညာဟုက သတိပေးလိုက်ပါတယ်။

နိုင်ငံတကာ

အီရန်ဟာ အမေရိကန်ရဲ့ အဆိုးရွားဆုံး ရန်ဘက်နိုင်ငံ ဖြစ်တယ်လို့ အမေရိကန် ဒုတိယ သမ္မတ ကာမာလာ ဟားရစ်က ပြောကြားလိုက်ပါတယ်။

Facebook