close
Connect with us

Hi, what are you looking for?

သတင်း

တောင်သာတွင် ကောင်မလေးလာတွေ့သည့် နယ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံး

အောက်တိုဘာ ၂၇ ရက်ကလည်း အဆိုပါရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

(သေဆုံးခဲ့သော နယ်ထိန်းရဲအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာ ပကဖ)
(သေဆုံးခဲ့သော နယ်ထိန်းရဲအား တွေ့ရစဥ်။ဓာတ်ပုံ-တောင်သာ ပကဖ)

ဇေအောင်/People’s Spring

မန္တလေးတိုင်း၊ တောင်သာမြို့နယ်တွင် ကောင်မလေးလာတွေ့သည့် နယ်ထိန်းရဲတစ်ဦး ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သတင်းရရှိသည်။

ယမန်နေ့(အောက်တိုဘာ ၃၁ရက်) ညက တောင်သာမြို့နယ်၊ ရုံးစည်ကြီးနယ်မြေရဲစခန်းမှ နယ်ထိိန်းရဲမောင်ချမ်း (ခ)အရှည်ကြီးသည် ကျေးရွာတစ်ရွာသို့ အမျိုးသမီးကိစ္စဖြင့် ရောက်ရှိလာစဥ် ၎င်းအား ဝင်ရောက်ဖမ်းဆီးရာ ခုခံထွက်ပြေး၍ ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)၏ တာဝန်ရှိသူက ပြောသည်။

“ရည်းစားဆီလား မသိဘူး။ ကျွန်တော်တို့အဖွဲ့က ဝိုင်းပြီးတော့ ဖမ်း​ဆီးတာ။ ဖမ်းဆီးမခံဘူး ထွက်ပြေးတယ်။ အဲဒါကြောင့် လိုက်လံပစ်ခတ်လိုက်ရတဲ့သဘောပါ။”ဟု တောင်သာ ပကဖ၏ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ပစ်ခတ်မှုကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နှင့် မဟာမိတ်များ ပူးပေါင်းပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

အောက်တိုဘာ ၃၁ရက်ကလည်း ရုံးစည်ကြီးနယ်မြေရဲစခန်းအနီး စစ်ဆေးရေးဂိတ် ပစ်ခတ်ခံရပြီး ရဲ ၂ဦး သေဆုံးခဲ့သေးသည်။

အောက်တိုဘာ ၂၇ ရက်ကလည်း အဆိုပါရုံးစည်ကြီးရွာ နယ်မြေရဲစခန်းကို ကာကွယ်ရေးအဖွဲ့များက ဒရုန်းဖြင့် ဗုံးသီးချတိုက်ခိုက်ခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း မြင်းခြံခရိုင် အထူးစစ်ဆင်ရေး(MDSO)၏ တစိတ်တပိုင်းအဖြစ်အောက်တိုဘာ ၂၉ ရက်က ဆီမီးခုံမြို့ပေါ်ရှိ စစ်သားများအား မိုင်းဆွဲခြင်း၊ နွားထိုးကြီးမြို့နယ် ပြင်စည်ရဲစခန်းအား ဒရုန်းဖြင့်ဗုံးချခြင်းများဖြင့် တိုက်ခိုက်ခဲ့သေးသည်။

မြင်းခြံခရိုင်အထူးစစ်ဆင်ရေး (Myingyan District Special Operation)ကို အရှိန်တိုးမြှင့်ဆောင်ရွက်နိုင်ရန်အတွက် “မြင်းခြံခရိုင် ထိုးစစ်မြိုင်” ကမ်ပိန်းကို ထောက်ကူပေးကြရန် ကာကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။

သတင်း

MNDAAက လားရှိုးမြို့ကို သိမ်းပိုက်ပြီးနောက် ဩဂုတ်လကုန်မှစ၍ စစ်ကောင်စီက လားရှိုးမြို့ပေါ်ကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အောက်တိုဘာလကုန်ပိုင်းအထိ ၂လတာအတွင်း အရပ်သား ထိခိုက်သေဆုံး အခြေအနေကို ဖော်ပြထားခြင်းဖြစ်သည်။

သတင်း

AAသည် စစ်‌ကောင်စီတပ် ထွက်ပေါက်များအားလုံး ပိတ်ထားပြီး အမ်းမြို့မှ မကွေးတိုင်း မင်းဘူးမြို့သို့သွားသော အမ်း-ပဒါန်းလမ်းကိုလည်း အပြည့်အဝထိန်းချုပ်ထားသည်ဟု သတင်းရရှိသည်။

သတင်း

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုများပြီး FAW ကားဖြင့် သယ်ယူသွားကြောင်း မကွေးခရိုင်ကွပ်ကဲရေးရုံးက ဆိုသည်။

Facebook