close
Connect with us

Hi, what are you looking for?

သတင်း

ဆောမြို့ပေါ်တွင် စစ်တပ် ရမ်းသမ်းပစ်ခတ်၍ ပြည်သူ နှစ်ဦးသေဆုံး

စစ်ကောင်စီတပ်သည် မြို့တွင်း၌ ချင်းအမျိုးသားလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံက အသိပေးထားသည်။

အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
အာဏာသိမ်းပြီးနောက် လုံခြုံရေးယူနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

▪️မင်းတပ်တွင် ဝန်ထမ်းအိမ်ယာနှင့် ဒေသခံများနေအိမ်များကို စစ်တပ် မီးရှို့ဖျက်ဆီး

ထားမြတ်/People’s Spring

မကွေးတိုင်း ဆောမြို့တွင် စစ်ကောင်စီတပ်က ယနေ့(နိုဝင်ဘာ ၄ရက်)နံနက်တွင် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်သမ်းပစ်ခတ်ရာ ပြည်သူ နှစ်ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိကြောင်း ဒေသခံက ပြောသည်။

နိုဝင်ဘာ ၄ရက် နံနက် ၈နာရီခွဲတွင် ဆောမြို့ ဆက်သွယ်ရေး ကြေးနန်းရုံးအနီးရှိ ဦးဖိုးလှိုင် ခန်းမ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်သားများသည် ဆောမြို့အတွင်း ဝင်ရောက်ကာ ပစ်ခတ်မှု လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“သေဆုံးတာက အမျိုးသားတစ်ဦးနဲ့ အမျိုးသမီးတစ်ဦးပါ။ အကြောင်းမဲ့ ရမ်းသမ်းပစ်တာပါ”ဟု ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

အဆိုပါ စစ်ကောင်စီတပ်သည် မြို့တွင်း၌ ချင်းအမျိုးသားလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံက အသိပေးထားသည်။

တခြားသတင်းတရပ်အဖြစ် မကွေး – ချင်းပြည်နယ်အစပ် မင်းတပ်မြို့တွင်လည်း စစ်ကောင်စီတပ်က ဝန်ထမ်းအိမ်ယာနှင့် ဒေသခံများ​၏ နေအိမ်များကို နိုဝင်ဘာ ၃ရက် ညနေက မီးရှို့ ဖျက်ဆီးခဲ့ကြောင်း မင်းတပ်ဒေသခံက အသိပေးထားသည်။

မင်းတပ်မြို့ အနောက်ရပ်ကွက် ဆည်မြောင်းရုံးဝန်းရှိ ဝန်ထမ်းအိမ်ယာများကို စစ်ကောင်စီက မီးရှို့ဖျက်ဆီးပြီး အနောက် နတလ(၁)ကျောင်းအောက်နားရှိ နေအိမ် ၀ရံတာများကိုလည်း ဖျက်ဆီးသွားသည်ဟု ဆိုသည်။

စစ်ကောင်စီတပ်သည် ပြီးခဲ့သည့်လများအတွင်းကလည်း မင်းတပ်မြို့ပေါ်ရှိ ပြည်သူလူထုနေအိမ်များကို မီးရှို့ဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ရာ အောက်တိုဘာအတွင်းက နေအိမ်၃၀ ခန့် မီးလောင်ပျက်စီးခဲ့ကြောင်း မင်းတပ်ချင်းဒေသကာကွယ်ရေးတပ်(CDF-Mindat)က အသိပေးထားသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်း အရုဏ်မတက်ခင်ကစပြီး ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ဖလောရက်စ် ကျွန်းပေါ်က လူဝေါ့တိုဘီ လာကီလာကီ မီးတောင်ဟာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး ချော်ပြာနဲ့ ချော်ရည်တွေကို မှုတ်ထုတ်ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း ဆောမြို့ပေါ်၌ လက်နက်ကြီး လက်နက်ငယ် ပစ်ခတ်သံများ ဆက်တိုက်ကြား​နေရကြောင်း ဒေသ သတင်းရင်းမြစ်က အသိပေးထားသည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့် လက်နက်ကြီးသံများကိုနားစွင့်ရှောင်ရှားကြရန် ကာကွယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

သတင်း

အဆိုပါ စစ်ကြောင်းသည် ယနေ့အထိ ရေနံချက်စက်ရုံအတွင်း ဆက်ရှိနေ၍ စစ်ကြောင်း ဆက်ထိုးနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြု သွားလာကြရန် COBRA ONE Pakokku အဖွဲ့က သတိပေးသည်။