close
Connect with us

Hi, what are you looking for?

သတင်း

KIAတပ်မဟာ(၉) ဌာနချုပ်ဧရိယာကို စစ်ကောင်စီ ယနေ့နံနက် လေကြောင်းတိုက်ခိုက်

စစ်ကောင်စီတပ် လေတပ်စခန်းများမှ စစ်ရေးလှုပ်ရှားမှုများရှိနေ၍ ရှမ်းမြောက်ရှိ ဒေသခံ ပြည်သူများလည်း လေကြောင်းရန် အထူးသတိပြုရန် ကချင်စစ်ရးသတင်းရင်းမြစ်က တိုက်တွန်းသည်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)
(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ - CJ)

ဟန်နွေ/People’s Spring

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) တပ်မဟာ (၉)ဌာနချုပ်နယ်မြေကို စစ်ကောင်စီက ယနေ့နံနက်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။

“ဒီကနေ့ မနက် ၉နာရီ ၄၀ ဝန်းကျင်ကနေ KIA တပ်မဟာ(၉) ဌာနချုပ်ဧရိယာကို စစ်ကောင်စီကနေ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှု စတင်နေပါတယ်။အခု သတင်းပြောကြားနေချိန်အထိတော့ ငါးကြိမ်ရှိသွားပြီ”ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

KIA တပ်မဟာ(၉)ဌာနချုပ် ဧရိယာသည် ဖားကန့် မြို့နယ်အတွင်း တည်ရှိသည်။ စက်တင်ဘာအတွင်းက ဖားကန့်မြို့ ဆိုင်းတောင်ရွာတွင် တိုက်ပွဲများ ပြင်းထန်ခဲ့သော်လည်း လတ်တလော ဖားကန့်မြို့နယ်၌ တိုက်ပွဲဖြစ်ပွားမှု မရှိသေးပေ။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် လေတပ်စခန်းများမှ စစ်ရေးလှုပ်ရှားမှုများရှိနေ၍ ရှမ်းမြောက်ရှိ ဒေသခံ ပြည်သူများလည်း လေကြောင်းရန် အထူးသတိပြုရန် ကချင်စစ်ရးသတင်းရင်းမြစ်က တိုက်တွန်းသည်။

“ဒီလားရှိုး၊ နမ့်ခမ်းတကြောရှိတဲ့ စစ်ကောင်စီရဲ့ လေကြောင်း အထူးသတိပြုဖို့လိုပါတယ်။ အောက်ပြည်ကနေ လေကြောင်းတွေ တောက် လျှောက်တက်နေပါတယ်”ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ်သည် ရှမ်းမြောက်ရှိ ကိုးကန့်တပ်မတော်(MNDAA)နှင့် တအာင်းတပ်မတော် (MNDAA)ထိန်းချုပ်ရာမြို့ရွာများကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

BGF (၁၀၀၁)တပ်ရင်းနှင့် တိုက်ပွဲဖြစ်ပွားမှု အခြေအနေကို KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား မေးမြန်းရာ တိုက်ပွဲ အခြေအနေ အတည်ပြုချက် မရသေးဟု ဖြေကြားသည်။

သတင်း

စစ်သုံ့ပန်းတွေ ဖမ်းမိတဲ့ သတင်းတွေ လည်း ထွက်ပေါ်နေပေမယ့် KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးစောကလယ်ဒိုက အတည်မပြုပါဘူး။

သတင်း

ဂျစ်ကားစီးဖူးသလား ဂျားကစ်စာဘူးသရီး ရုပ်ရှင်ကို Perfect ရုပ်ရှင်ထုတ်လုပ်ရေးကထုတ်လုပ်ကာ ဒါရိုက်တာ ကိုဇော်(အရုဏ်ဦး)ကရိုက်ကူးထားပြီး လွင်မိုး ၊ ခန့်စည်သူ ၊ ခိုင်သင်းကြည်နှင့် ရွှေမှုံရတီတို့ပါဝင်သရုပ်ဆောင်ထားသည်။

သတင်း

စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်ကလည်း တောင်ကုတ်မြို့နယ် တန်းလွဲရွာမဈေးအနီးကိုလေကြောင်းမှတိုက်ခိုက်ရာ အရပ်သား ၁၂ဦးသေဆုံးခဲ့သည်။