close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲပြီး လူ ၆ ဦးထက်မနည်း သေဆုံး၊ အရေးပေါ် ကြေညာချက် အမြင့်ဆုံး ထုတ်ပြန်ထား

နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်း အရုဏ်မတက်ခင်ကစပြီး ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ဖလောရက်စ် ကျွန်းပေါ်က လူဝေါ့တိုဘီ လာကီလာကီ မီးတောင်ဟာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး ချော်ပြာနဲ့ ချော်ရည်တွေကို မှုတ်ထုတ်ခဲ့ပါတယ်။

အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲပြီး လူ ၆ ဦးထက်မနည်း သေဆုံး၊ အရေးပေါ် ကြေညာချက် အမြင့်ဆုံး ထုတ်ပြန်ထား
အင်ဒိုနီးရှား မီးတောင်ပေါက်ကွဲပြီး လူ ၆ ဦးထက်မနည်း သေဆုံး၊ အရေးပေါ် ကြေညာချက် အမြင့်ဆုံး ထုတ်ပြန်ထား

အင်ဒိုနီးရှား နိုင်ငံ အရှေ့ပိုင်းမှာ မီးတောင်တစ်လုံးက ညပိုင်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပွားပြီး လူအသေအပျောက်တွေပါ ရှိခဲ့တဲ့နောက် အာဏာပိုင်တွေက အမြင့်ဆုံးအဆင့် အရေးပေါ် သတိပေးချက်တွေ ထုတ်ပြန်ထားရပါတယ်။

နိုဝင်ဘာ ၄ ရက် မနက်အစောပိုင်း အရုဏ်မတက်ခင်ကစပြီး ကမ္ဘာလှည့် ခရီးသွားတွေကြား ရေပန်းစားရာ ဖလောရက်စ် ကျွန်းပေါ်က လူဝေါ့တိုဘီ လာကီလာကီ မီးတောင်ဟာ ပေါက်ကွဲမှုတွေ ဆက်တိုက်ဖြစ်ပြီး ချော်ပြာနဲ့ ချော်ရည်တွေကို မှုတ်ထုတ်ခဲ့ပါတယ်။

အရှိန်နဲ့ တွန်းထွက်လာတဲ့ ချော်ခဲတွေဟာ အနီးတဝိုက် ကျေးရွာတွေဆီ ကျရောက်ပြီး မီးလောင်ကျွမ်းမှုတွေပါ ဖြစ်ပွားခဲ့တာကြောင့် ဒေသခံတွေကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ လက်ရှိ အချိန်ထိတော့ မီးတောင် ပေါက်ကွဲမှုတွေကြောင့် အသေအပျောက် အနည်းဆုံး ၆ ဦး စာရင်းရထားပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနိုင်တယ်လို့ ဆိုပါတယ်။

ဒေသတွင်းမှာတော့ အာဏာပိုင်တွေဟာ မီးတောင်ပေါက်ကွဲမှု သတိပေးချက် အဆင့် ၄ ခု ရှိတဲ့အနက် အမြင့်ဆုံး အဆင့် သတ်မှတ် ထုတ်ပြန်ထားလိုက်ပါတယ်။ အသေအပျောက် ၆ ဦးထိ အတည်ပြုထားနိုင်ပြီး အရေးပေါ် ရွှေ့ပြောင်းရေးတွေ လုပ်ဆောင်နေဆဲလို့ အင်ဒိုနီးရှား သဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အေဂျင်စီ ပြောရေးဆိုခွင့်ရ အရာရှိ အက်ဘ်ဒူလ် မူဟာရီက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဗီဒီယို မှတ်တမ်းတွေအရ မီးတောင်တဝိုက် ကျေးရွာတွေမှာ ပြာမှုန်တွေ ထူထူထပ်ထပ် ဖုံးလွှမ်းနေပြီး တချို့နေရာတွေ မီးလောင်နေတာကို တွေ့ရပါတယ်။ အင်ဒိုနီးရှားမှာ ရှိနေတဲ့ AFP သတင်းထောက်ကတော့ အနည်းဆုံး ကျေးရွာ ၅ ခုကို အရေးပေါ် ရွှေ့ပြောင်းထားရတယ်လို့ သတင်းပေးပို့ထားပါတယ်။

နောက်ဆက်တွဲ မီးတောင်ပေါက်ကွဲမှုတွေ ဖြစ်လာရင် ချော်ပြာနဲ့ ချော်ခဲတွေ ကျဆင်းလာနိုင်တာကြောင့် မီးတောင်နား တဝိုက်ကနေ အမြန်ဆုံး စွန့်ခွာဖို့၊ နှာခေါင်းစည်းတွေ ဝတ်ဆင်ထားကြဖို့ အာဏာပိုင်တွေက အရေးပေါ် နှိုးဆော်နေပါတယ်။

ဇန်နဝါရီလတုန်းကလည်း အခုမီးတောင်ဟာ အပြင်းစား ပေါက်ကွဲမှုတွေ ဖြစ်ပွားခဲ့တာကြောင့် မီးတောင်ပေါက်ကွဲမှု သတိပေး နှိုးဆော်ချက် အမြင့်ဆုံး ထုတ်ပြန်ပြီး ကမ္ဘာလှည့် ခရီးသည်တွေ အပါအဝင် လူ ၂၀၀၀ လောက်ကို အရေးပေါ် ရွှေ့ပြောင်းပေးခဲ့ရဖူးပါတယ်။

အင်ဒိုနီးရှားဟာ ပစိဖိတ် မီးကွင်းဒေသလို့ ခေါ်ဝေါ်တဲ့ ရေအောက် မီးတောင် ရပ်ဝန်းနဲ့ ဆက်စပ် တည်ရှိနေပြီး မီးတောင်ပေါက်ကွဲမှု၊ ငလျင်လှုပ်ခတ်မှုတွေနဲ့ မစိမ်းလှတဲ့ နိုင်ငံ ဖြစ်ပါတယ်။

မနှစ်က ဒီဇင်ဘာလတုန်းကလည်း အနောက်ဆူမားတြားမှာ တည်ရှိပြီး နိုင်ငံရဲ့ အနိုးကြား၊ အလှုပ်ရှားဆုံး မီးတောင်တစ်ခုဖြစ်တဲ့ မာရာပီ ပေါက်ကွဲခဲ့တာကြောင့် တက္ကသိုလ် ကျောင်းသားအများစု အပါအဝင် ခြေလျင်နဲ့ တောင်တက်သမား ၂၄ ဦး သေဆုံးခဲ့ပါတယ်။

အခုနှစ် မေလမှာတော့ မိုးသည်းသည်းထန်ထန် ရွာသွန်းမှုတွေကြောင့် အဲဒီမီးတောင်တဝိုက် စုနေတဲ့ ချော်ခဲကြီးတွေ လူနေဧရိယာထဲ ပြိုဆင်းမှု ဖြစ်ပွားပြီး လူ ၆၀ ကျော် သေဆုံးခဲ့ကြောင်း သိရပါတယ်။

ကိုးကား: AFP

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် မြို့တွင်း၌ ချင်းအမျိုးသားလူငယ်တစ်ဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု ဒေသခံက အသိပေးထားသည်။

သတင်း

ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်နှင့်ဝေးရာတွင်နေထိုင်ကြရန်နှင့် လက်နက်ကြီးသံများကိုနားစွင့်ရှောင်ရှားကြရန် ကာကွယ်ရေးအဖွဲ့များက နှိုးဆော်ထားသည်။

သတင်း

ဒေါ်မူလောဝ်၏ ရုပ်အလောင်းကိုမူ စစ်ကောင်စီနှင့် PNO စစ်ကြောင်းများရှိနေသဖြင့် သွားရောက် သယ်ယူခြင်းမပြုနိုင်သေးကြောင်း သိရသည်။

သတင်း

မောင်တောမြို့နယ်၊ ပြားသားကျေးရွာဘုန်းကြီး‌ ကျောင်းကို ည၇နာရီ ၁၃မိနစ်နှင့် ၇နာရီ ၃၀မိနစ် တွင် ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ်ဗုံးကြဲတိုက်ခိုက်ခြင်းဖြစ်သည်။