close
Connect with us

Hi, what are you looking for?

သတင်း

ကန့်ဘလူနယ်တွင် စစ်တပ်က တစ်ပတ်အတွင်း နေအိမ် ၈၀၀ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၉၀ကျော် ဖမ်းဆီးသွား

စစ်ကောင်စီစစ်ကြောင်းသည် စုစုပေါင်း ဒေသခံပြည်သူ ၉၂ ဦးအား ကန့်ဘလူမြို့ရှိ (၆၀၀၆) တင့်ကားတပ်သို့ ခေါ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

(စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)
(စစ်ကောင်စီတပ်က ကျေးရွာတစ်ရွာအား မီးရှို့ဖျက်ဆီးနေစဥ်။ ဓာတ်ပုံ - ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့)

ဇေအောင်/People’s Spring

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် စစ်ကောင်စီတပ်က တစ်ပတ်အတွင်း နေအိမ် ၈၀၀ ခန့် မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူ ၉၀ကျော် အား ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

အောက်တိုဘာ ၃၀ရက်က ကန့်ဘလူမြို့နယ်၊ကာဘိုးရွာပျူစောထီးအထိုင်စခန်းမှ ထွက်လာသော အင်အား ၁၅၀ခန့်ပါ စစ်ကောင်စီတပ်နှင့် ပျူစောထီးများသည် ကျီစုရွာနှင့် ကျောက်တိုင်ကျေးရွာအား ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ် ၇၀၀ နီးပါး မီးလောင်ပြာကျခဲ့သည်။

ထို့အပြင် အိုင်ပေါင်းချောင်ကျေးရွာနေ အမျိုးသား ၃၄ ဦး၊ အမျိုးသမီး သုံးဦး စုစုပေါင်း ပြည်သူ ၃၇ဦးအား ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

Public Service Announcement

Public Service Announcement

နိုဝင်ဘာ ၁ ရက်ကလည်း ကာဘိုးတိုက်နယ် အတွင်းရှိ ဝက်တိုး(တ)ရွာအား အဆိုပါစစ်ကြောင်းက ထပ်မံဝင်ရောက်မီးရှို့ဖျက်ဆီးရာ နေအိမ် ၁၀၀ ခန့် မီးလောင်ပျက်စီးခဲ့ပြီး ပြည်သူ ၅ ဦးလည်း ဖမ်းဆီးခံရကြောင်း ၎င်းအဖွဲ့က ဆိုသည်။

ယနေ့ (နိုဝင်ဘာ ၄ ရက်) နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်ကလည်း အဆိုပါ စစ်ကြောင်းသည် ဘူးကြီးကျေးရွာမှ ပြည်သူ ၅၀ခန့်အား ထပ်မံ ဖမ်းဆီးသွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

စစ်ကောင်စီစစ်ကြောင်းသည် စုစုပေါင်း ဒေသခံပြည်သူ ၉၂ ဦးအား ကန့်ဘလူမြို့ရှိ (၆၀၀၆) တင့်ကားတပ်သို့ ခေါ်ဆောင်သွားကြောင်း ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

“အဖမ်းခံရသူတွေ မလွတ်သေးဘူး။ စစ်မှုထမ်းခိုင်းတာမျိုးတွေ ဖြစ်နိုင်တယ်လို့လည်း ပြောလို့ရတယ်။”ဟု ကျွန်းလှ ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့တာဝန်ရှိသူက ပြောသည်။

အဆိုပါ စစ်ကြောင်းအန္တရာယ်ကြောင့် ဒေသခံပြည်သူ ထောင်နှင့်ချီ စစ်ရှောင်နေရကြောင်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင်နေသည့် အမ်းမြို့သိမ်းတိုက်ပွဲသည် အလွန်ပြင်းထန်နေပြီး မြို့အထွက်လမ်းများလည်း ပိတ်နေပြီဖြစ်သည်။

သတင်း

ကျေးရွာများအတွင်း ဒရုန်းဖြင့် ဗုံးသီး ကြဲချခဲ့ရာ အိုင်ပေါင်းချောင်ကျေးရွာမှ အမျိုးသားတစ်ဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

သတင်း

ပုသိမ် - ချောင်းသာ၊ ပုသိမ် - ငွေဆောင်ကမ်းခြေသွားလမ်းပိုင်း၌ စစ်ကောင်စီတပ်က ခရီးသွားများအား အဓမ္မဖမ်းဆီးပြီး တပ်သားစုဆောင်းမှုပြုလုပ်နေကြောင်း ပုသိမ်ဒေသခံချို့ကပြောသည်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကိုင်းကျေးရွာတွင် စစ်ကောင်စီတပ်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် ပြည်သူလေးဦး သတ်ဖြတ်သွားကြောင်း သတင်းရရှိသည်။