close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

အင်ဒိုနီးရှား သမ္မတအဖြစ် ပရာဘိုဝို ကျမ်းသစ္စာ ကျိန်ဆို

လူတန်းစား အလွှာအသီးသီးအတွက် ရပ်တည်ပေးနိုင်မယ့် နိုင်ငံခေါင်းဆောင်မျိုး ဖြစ်လာစေမယ်လို့ အင်ဒိုနီးရှား သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တိုက ပြောကြားခဲ့ပါတယ်။

လူတန်းစား အလွှာအသီးသီးအတွက် ရပ်တည်ပေးနိုင်မယ့် နိုင်ငံခေါင်းဆောင်မျိုး ဖြစ်လာစေမယ်လို့ အင်ဒိုနီးရှား သမ္မတသစ် ပရာဘိုဝို ဆူဘီယန်တိုက ပြောကြားခဲ့ပါတယ်။

ရာထူးသက်တမ်း စေ့သွားခဲ့တဲ့ သမ္မတဟောင်း ဂျိုကို ဝီဒိုဒို လက်ထက်မှာ ကာကွယ်ရေး ဝန်ကြီးအဖြစ် တာဝန်ယူခဲ့ဖူးသူ အသက် ၇၃ နှစ်အရွယ် အငြိမ်းစား ဗိုလ်ချုပ်ကြီး ပရာဘိုဝိုဟာ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံရဲ့ သမ္မတအဖြစ် အောက်တိုဘာ ၂၀ ရက်နေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လူဦးရေ အထူထပ်ဆုံး နိုင်ငံကြီးရဲ့ ခေါင်းဆောင် ဖြစ်လာသူ ပရာဘိုဝိုက အင်ဒိုနီးရှားရဲ့ အဋ္ဌမမြောက် သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုပြီးတဲ့နောက် အဖွင့်မိန့်ခွန်းမှာ အင်ဒိုနီးရှား ပြည်သူတွေ အနေနဲ့ ဒီမိုကရေစီ ပြည့်ဝစွာ နေထိုင်ချင်တယ်ဆိုရင် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းအဖြစ် ရပ်တည်ဖို့လည်း လိုတယ်လို့ တိုက်တွန်းသွားပါတယ်။

Public Service Announcement

Public Service Announcement

ကွဲပြားတဲ့ အမြင်အမျိုးမျိုးကို အငြှိုးအတေး မရှိဘဲ ငြင်းခုံနိုင်ဖို့၊ အမုန်းတရား မပါဘဲ ပြိုင်ဆိုင်နိုင်ဖို့ လိုအပ်တယ်လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲ ၃ ကြိမ် ဝင်ခဲ့ဖူးတဲ့ ပရာဘိုဝိုက သူဟာ အင်ဒိုနီးရှားတဲ့ ကွဲပြားတဲ့ လူ့အဖွဲ့အစည်း အသီးသီးကို ကာကွယ်ပေးနိုင်တဲ့ သမ္မတအဖြစ် ရပ်တည်လိုကြောင်း၊ နိုင်ငံရဲ့ လက်ရှိ ပြဿနာတွေနဲ့ စိန်ခေါ်မှုတွေကို အတွင်းကျကျ နားလည် လက်ခံပြီး တုံ့ပြန် ကိုင်တွယ်သွားမှာ ဖြစ်ကြောင်းလည်း ဆိုပါတယ်။

အင်ဒိုနီးရှားဟာ လွတ်မြောက်တဲ့ နိုင်ငံတစ်ခုဖြစ်ပြီး လွတ်လပ်တဲ့ ပြည်သူတွေနဲ့ ဖွဲ့စည်းထားကြောင်း၊ ဒါပေမဲ့ အကြောက်တရား၊ ဆင်းရဲနွမ်းပါးမှု၊ ငတ်မွတ်မှု၊ လျစ်လျူရှုခံရမှု၊ ဖိနှိပ်မှု၊ ထိခိုက်နာကျင်မှုတွေကနေပါ လွတ်မြောက်ဖို့တော့ လိုအပ်နေဆဲဖြစ်ကြောင်း ပရာဘိုဝိုက ပြောကြားခဲ့ပါတယ်။

ပရာဘိုဝိုက သူ့ရဲ့ အစိုးရ လက်ထက်မှာ ဦးစားပေး အကောင်အထည်ဖော်မယ့် ကိစ္စတစ်ခုအဖြစ် နိုင်ငံရဲ့ အဂတိ လိုက်စားမှု ပြဿနာတွေကို အစွမ်းကုန် တိုက်ဖျက်သွားမယ်လို့လည်း ကတိပြုခဲ့ပါတယ်။

ပရာဘိုဝိုဟာ ဝီဒိုဒိုနဲ့ ယှဉ်လိုက်ရင် သဘောထား တင်းမာသူ တစ်ဦးအဖြစ် လူသိများပါတယ်။ သူဟာ ဖေဖော်ဝါရီ ၁၄ ရက်နေ့ ရွေးကောက်ပွဲတုန်းက လူထုထောက်ခံမဲ စုစုပေါင်း ၆၀ ရာခိုင်နှုန်း နီးပါး ရရှိပြီး အောင်ပွဲခံနိုင်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း ၉ လလောက်ကို သူဟာ လွှတ်တော်ထဲမှာ အင်အားကောင်းတဲ့ ညွန့်ပေါင်း အစိုးရသစ်တစ်ခု ဖွဲ့စည်းနိုင်ရေးအတွက် အင်တိုက်အားတိုက် စည်းရုံးရေး ဆင်းနေခဲ့ပါတယ်။

အောက်တိုဘာ ၂၀ ရက်နေ့တုန်းက ဂျကာတာ မြို့တော်မှာ ပြုလုပ်ခဲ့တဲ့ ကျမ်းသစ္စာ ကျိန်ဆိုပွဲအတွက် မြို့အနှံ့မှာ စနိုက်ပါ လက်ဖြောင့်တပ်သားတွေ၊ အဓိကရုဏ်း နှိမ်နင်းရေး ယူနစ်တွေ အပါအဝင် စစ်တပ်နဲ့ ရဲအင်အား ၁ သိန်းလောက်ကို ဖြန့်ကျက်ပြီး လုံခြုံရေး ယူထားခဲ့ရကြောင်းလည်း သိရပါတယ်။

ကိုးကား: Al Jazeera

ဆက်စပ်သတင်းများ

Facebook