သတင်း တမူးနယ်ဘုက္ကန်ရဲကင်းစခန်းအားတော်လှန်ရေးအဖွဲ့များ သိမ်းပိုက်၊ လက်နက်မျိုးစုံ ၁၅လက်ရဟုထုတ်ပြန် ယနေ့မတ်လ ၂၄ရက် နံနက် ၇နာရီ ခွဲခန့်တွင် ရဲစခန်းအား ဝင်ရောက် စီးနင်း တိုက်ခိုက်ရာ ထိတွေ့မှု ၄၅ မိနစ်ခန့် ဖြစ်ခဲ့ကြောင်း၊ ထို့နောက် စစ်ကောင်စီလက်အောက်ခံ တပ်ဖွဲ့ဝင်များ စခန်းကို စွန့်ခွာထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။ LuduNwayOoမတ် 24, 2023
သတင်း တမူးမဟာမိတ်စခန်းတစ်ခုကိုစီးနင်းသောစစ်တပ်အားပြန်လည်တိုက်ခိုက်၊ စစ်တပ်အထိနာသဖြင့်လေကြောင်းသုံး ယနေ့ညနေ နောက်ဆုံးရရှိသောသတင်းများအရ စစ်ကောင်စီ၏လေကြောင်းရန်ကိုကြောက်လန့်၍ ဒေသခံများ ဘေးလွှတ်ရာထက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံအချို့ကပြောသည်။ LuduNwayOoမတ် 23, 2023
သတင်း တမူးမြို့နယ်တိုက်ပွဲ ကျောင်းသားတပ်ဦးမှ ရဲဘော်တစ်ဦးကျဆုံး ကျဆုံးခဲ့သူမှာ ရဲဘော်နေအောင်ဆိုသူ ဖြစ်သည်။ရဲဘော်နေအောင်အပါအဝင် တမူးမြို့နယ်အတွင်း စစ်အာဏာရှင်တော်လှန်ရေးတိုက်ပွဲဝင်ရင်း ကျဆုံးသည့် ပြည်သူ့ကာကွယ်ရေးရဲဘော် ၁၆ဦး ရှိပြီဟု တမူးခရိုင် တပ်ရင်း(၁)မှ သတင်းရရှိသည်။ LuduNwayOoမတ် 20, 2023
သတင်း တမူးရဲစခန်းအချုပ်တွင် ကျန်းမာရေးမကောင်းဖြစ်နေသည့်နိုင်ကျဉ်းတစ်ဦး ဆေးကုသခွင့်မရ၍ သေဆုံး ကိုသစ်ဆန်းဦးနှင့် CDM ကျောင်းဆရာမတစ်ဦးကို စစ်ကောင်စီတပ်က လွန်ခဲ့သော ငါးလခန့်တွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ကျန်းမာရေးမကောင်းဖြစ်နေသည်ကို ဆေးကုသခွင့်မပေးခဲ့ဘဲ တမူးရဲစခန်းအချုပ်၌ ချုပ်ထားရာမှ သေဆုံးသွားခြင်းဟု သိရသည်။ LuduNwayOoမတ် 18, 2023
သတင်း တမူးမြို့တွင် ပျူခေါင်းဆောင်အသတ်ခံရပြီးနောက် စစ်ကောင်စီတပ် လက်နက်ကြီးဖြင့် ရမ်းပစ်နေ မတ်လ ၁၃ရက် ညနေက စစ်ကောင်စီ၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုအတွင်း ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့၊ တမူးခရိုင်တပ်ရင်း(၁)မှ ရဲဘော်နှစ်ဦး ဒဏ်ရာရခဲ့ပြီး တစ်ဦးဒဏ်ရာပြင်းထန်၍ ယနေ့ညအထိ ဆေးကုသမှုခံယူနေဆဲဖြစ်ကြောင်း သတင်းရရှိသည်။ LuduNwayOoမတ် 14, 2023
သတင်း တမူးမြို့တွင် စစ်ကောင်စီတပ်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်၍ သားအမိသုံးဦးထိမှန်ပြီး ကလေးငယ်တစ်ဦးသေဆုံး ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။ LuduNwayOoဖေဖော်ဝါရီ 26, 2023
သတင်း တမူးမြို့မှ အဓိကပျူတစ်ဦးကို PDFများပစ်ခတ်ရှင်းလင်း တမူးမြို့ မြို့မရပ်ကွက်ရှိ ပျူစောထီးအဲသားဆိုသူကိုဇန်နဝါရီ၁၈ရက်တွင်PDFများကသေနတ်ဖြင့် ပစ်ခတ် ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကပြောသည်။ LuduNwayOoဇန်နဝါရီ 20, 2023
သတင်း တမူးမြို့ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကိုတော်လှန်ရေးအဖွဲ့များမီးရှို့ တမူးမြို့ စော်ဘွားရပ်ကွက်ရှိ ရွေးကောက်ပွဲကော်မရှင်ရုံးကို ယနေ့ (ဇန်နဝါရီ ၁၉ရက်) နံနက်၁၀နာရီခန့်တွင် တမူးမြို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ ABSDF တပ်ရင်း(၅)နှင့် မဟာမိတ်အဖွဲ့များက မီးရှို့ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။ LuduNwayOoဇန်နဝါရီ 19, 2023
သတင်း တမူးမြို့နယ်တွင်ပျူခေါင်းဆောင်နှစ်ဦးရှင်းလင်းခံရပြီးနောက်ပျူများကမြို့ပေါ်မှNLDပါတီဝင်အချို့ကိုဖမ်းဆီးသတ်ဖြတ် ပျူခေါင်းဆောင်နှစ်ဦး ရှင်းလင်းခံရပြီးနောက် ပျူစောထီအင်အား ၂၀ခန့်ပါသည့်အဖွဲ့ သည် ဒေသခံ NLD ပါတီဝင်များ၏အိမ်များကို အကြမ်းဖက်ဝင်ရောက်ပြီး ပါတီဝင်များကို ဖမ်းဆီးသတ်ဖြတ်နေကြောင်း တမူးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။ LuduNwayOoဇန်နဝါရီ 10, 2023
သတင်း တမူးမြို့ နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင်ဇနီးမောင်နှံကို ပျူစောထီးအဖွဲ့ သတ်ဖြတ် နန့်ဖာလုံစျေးရှိ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုချစ်စမ်းမောင်နှင့်ဇနီးဖြစ်သူကို ပျူစောထီးအဖွဲ့က ယမန်နေ့(ဒီဇင်ဘာ ၃၀ရက်)ညနေ ၆နာရီခွဲတွင် လာရောက်သတ်ဖြတ်သွားသည်ဟု ဒေသခံတစ်ဦးက ပြောသည်။ LuduNwayOoဒီဇင်ဘာ 31, 2022