Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တမူးမြို့တွင် စစ်ကောင်စီတပ်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးပစ်ခတ်၍ သားအမိသုံးဦးထိမှန်ပြီး ကလေးငယ်တစ်ဦးသေဆုံး

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

(အာဏာသိမ်းပြီး နောက်တစ်နေ့ နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - EPA)
(အာဏာသိမ်းပြီး နောက်တစ်နေ့ နေပြည်တော်တွင် တွေ့ရသော စစ်ကောင်စီတပ်သားများ၊ ဓာတ်ပုံ - EPA)

စစ်ကိုင်းတိုင်း တမူးမြို့တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်က လူနေရပ်ကွက်အတွင်း လက်နက်ကြီးဖြင့်ပစ်ခတ်၍ သားအမိသုံးဦး ဒဏ်ရာရခဲ့ပြီး ကလေးငယ်တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးရဲဘော်များထံမှ သတင်းရရှိသည်။

ယမန်နေ့(ဖေဖော်ဝါရီ ၂၅ရက်) နံနက်ကတမူးမြို့ စော်ဘွား ၁၂ (ခ)ရပ်ကွက်အတွင်းသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဟု ဆိုသည်။

“အဝေးကနေ လက်နက်ကြီးနှစ်လုံးထုတာ။ အရပ်သားအိမ်ပေါ်ကျပြီး သုံးယောက်ထိတယ်။ ကလေးတစ်ယောက်‌ သေဆုံးသွားတယ်”ဟု တမူးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသည့်ကလေးငယ်မှာ အသက်(၅)နှစ်ခန့် အရွယ်ဖြစ်ပြီး ဒဏ်ရာရထားသော မိခင်နှင့် နောက်ထပ်ကလေးတစ်ဦးကို တမူးမြို့ဆေးရုံတွင် တင်ပို့ကုသထားရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီလက်ချက်ကြောင့် ကလေးငယ်များ သေဆုံးမှုနှုန်းမြင့်တက်‌နေပြီး ၂၀၂၂ အတွင်းမှာပင် ကလေးငယ် ၁၆၅ဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မြန်မာသံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလသမဂ္ဂကလေးသူငယ်များရန်ပုံငွေအဖွဲ့ (UNICEF) အစည်းအဝေးတွင် ဖေဖော်ဝါရီ ပထမလပတ်က တင်ပြခဲ့သည်။

တမူးမြို့နယ်အတွင်း လတ်တလောတွင် တိုက်ပွဲများ ပြင်းပြင်းထန်ထန်ဖြစ်ပွားခြင်း မရှိသော်လည်း စစ်ဘေးရှောင်‌နေရသူ ပြည်သူသုံးထောင် ဝန်းကျင်ခန့်ရှိနေကြောင်း သတင်းရရှိသည်။

ထို့အပြင် ချင်းပြည်နယ် မင်းတပ်မြို့အခြေစိုက် စစ်ကောင်စီတပ် ခလရ(၂၇၄)တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ကျေးရွာတစ်ရွာမှ မိသားစုဝင် ငါးဦးလုံးထိမှန်ခဲ့ပြီး သုံးဦး အသက်ဆုံးရှုံးခဲ့ရကြောင်း မင်းတပ်ဒေသသတင်းရင်းမြစ်က ပြောသည်။

ဖေဖော်ဝါရီ ၂၅ရက်တွင် မင်းတပ်မြို့နယ် အမ်လောင်းဒေသသို့ စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

You May Also Like

သတင်း

ဖေဖော်ဝါရီ ၂၃ရက် မွန်းလွဲပိုင်းတွင် စစ်ကောင်စီတပ်က ဆောထိမြို့နယ်ဖြစ်သော ညောင်ပင်ကြီး ကျေးရွာတွင်းသို့ လက်နက်ကြီး လေးလုံးပစ်ခတ် ခဲ့ရာ အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ရပြီး အမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ် ရာရရှိခဲ့ဟု ဖော်ပြသည်။

နိုင်ငံတကာ

စောင့်ကြည့်လေ့လာသူတွေရဲ့ အဆိုအရ ၂၀၁၄ ခုနှစ်နောက်ပိုင်း မြေထဲပင်လယ်ကို စွန့်စားဖြတ်ကျော်ရင် ပင်လယ်ပြင်မှာ သေဆုံး၊ ပျောက်ဆုံးသွားသူ ၂ သောင်းကျော်ထိ ရှိခဲ့ကြောင်းလည်း သိရပါတယ်။

သတင်း

စစ်ကောင်စီတပ် ခလရ(၂၇၄) အနေဖြင့်ယခင်ကလည်း မင်းတပ်မြို့နယ်ရှိ ကျေးရွာများသို့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြင်းများ လုပ်ဆောင်ခဲ့ရာ အရပ်သား သေဆုံးထိခိုက်မှုဖြစ်ပေါ်ခဲ့သည်။

သတင်း

မန္တလေးတိုင်းမြောက်ခြမ်းတွင်လည်း သပိတ်ကျင်းမြို့နယ်ရှိ ပုဏ္ဏားကြီးရွာပျူစခန်းကို ဖေဖော်ဝါရီ ၂၃ ရက် မွန်းလွဲ ၁၂ နာရီခွဲခန့်က ဒရုန်းဖြင့် ဗုံးသီး၈လုံးချတိုက်ခိုက်ခဲ့ကြောင်း ဗိုလ်လင်းယုန်တပ်ဖွဲ့(ပြင်ဦးလွင်ခရိုင် ပ.က.ဖ)၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။