close
Connect with us

Hi, what are you looking for?

သတင်း

အမြဲတမ်း အပစ်ရပ်ဖို့၊ ပြည်တွင်း အကျပ်အတည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ မင်းအောင်လှိုင်ကို မိုဒီ တောင်းဆိုခဲ့

အပစ်အခတ် ရပ်စဲမှုကို အမြဲတမ်းအတွက် သက်တမ်း တိုးမြှင့်သွားဖို့၊ မြန်မာ့ အကျပ်အတည်းကို နိုင်ငံရေး နည်းတွေနဲ့ ဖြေရှင်းဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

အပစ်အခတ် ရပ်စဲမှုကို အမြဲတမ်းအတွက် သက်တမ်း တိုးမြှင့်သွားဖို့၊ မြန်မာ့ အကျပ်အတည်းကို နိုင်ငံရေး နည်းတွေနဲ့ ဖြေရှင်းဖို့ အိန္ဒိယ ဝန်ကြီးချုပ် နာယန်ဒရာ မိုဒီက အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တိုက်တွန်းခဲ့ကြောင်း သိရပါတယ်။

မင်းအောင်လှိုင်ဟာ ဘင်္ဂလား ပင်လယ်အော် ကဏ္ဍစုံ နည်းပညာနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (ဘင်းစတက်) ညီလာခံ တက်ရောက်ဖို့ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တော်ကို ရောက်ရှိနေချိန်မှာ မိုဒီနဲ့ တွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယဟာ မတ်လ ၂၈ ရက်နေ့က စစ်ကိုင်းတိုင်းကို ဗဟိုပြု လှုပ်ခတ်ခဲ့တဲ့ ဖျက်အားပြင်း ငလျင်ကြီးအပြီး မြန်မာနိုင်ငံကို ကယ်ဆယ်ရေး အဖွဲ့တွေ အစောဆုံး စေလွှတ်ခဲ့တဲ့ နိုင်ငံတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

မိုဒီနဲ့ မင်းအောင်လှိုင်တို့ တွေ့ဆုံရာမှာ ငလျင်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေကို ဆွေးနွေးခဲ့သလို မိုဒီက ငလျင်ကြောင့် ကြေညာထားတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီမှုကို ရေတို မဟုတ်ဘဲ အမြဲတမ်း တည်တံ့တဲ့ အခြေအနေ ဖြစ်သွားစေဖို့ တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီက ၂၀၂၁ ခုနှစ်မှာ အာဏာသိမ်းခဲ့ချိန် ကတည်းက မြန်မာနိုင်ငံမှာ ပြင်းထန်တဲ့ ပြည်တွင်းစစ်မီး တောက်လောင်ခဲ့သလို နိုင်ငံရဲ့ အခြေအနေက ကဏ္ဍပေါင်းစုံမှာ အဆိုးဆုံး အဆင့်ကို စိုက်ဆင်းသွားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မိုဒီက ပဋိပက္ခတွေ ရပ်စဲသွားဖို့ဆိုရင် နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမှုကသာ ရှေ့ကို ရောက်နိုင်မယ့် နည်းလမ်းဖြစ်တယ်လို့ မင်းအောင်လှိုင်ကို ပြောကြားခဲ့ပြီး အဲဒီနည်းနဲ့သာ ယုံကြည်စိတ်ချရတဲ့၊ အစုအဖွဲ့ပေါင်းစုံ ပါဝင်တဲ့ ရွေးကောက်ပွဲမျိုးကို ကျင်းပနိုင်လိမ့်မယ်လို့လည်း ထောက်ပြခဲ့ကြောင်း အိန္ဒိယ အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ ရန်ဒ်ဟာရ် ဂျိုင်စ်ဝဲလ်က လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

ငလျင်ကြီးအပြီးမှာတော့ ကယ်ဆယ်ရေး လုပ်ငန်းတွေ ထိထိရောက်ရောက် လုပ်ဆောင်နိုင်ဖို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ (NUG)နဲ့ တိုင်းရင်းသား လက်နက်ကိုင် အင်အားစု တချို့က အပစ်ရပ်ထားမယ်လို့ ကြေညာခဲ့ပေမယ့် စစ်ကောင်စီကတော့ ငလျင်ဘေးသင့် ဒေသတွေ အပါအဝင် နိုင်ငံအနှံ့မှာ လေကြောင်းကနေ ဗုံးကြဲမှုတွေ ဆက်လက် လုပ်ဆောင်နေခဲ့သလို စစ်ကို ဆက်တိုက်မယ်လို့ ကြုံးဝါးခဲ့ပါတယ်။ နိုင်ငံတကာ ဝေဖန်မှုတွေ မြင့်တက်လာမှသာ စစ်ကောင်စီဟာ ဧပြီလ ၂ ရက်နေ့ကနေစပြီး ရက် ၂၀ ကြာ အပစ်ရပ်ထားမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ တချို့ ဒေသတွေမှာတော့ စစ်ကောင်စီ တပ်တွေရဲ့ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ဆက်လက် ဖြစ်ပေါ်နေဆဲလို့ ဒေသခံ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

ဒီအတောအတွင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR)က စစ်ကောင်စီဟာ တော်လှန်ရေးကို ထောက်ခံတဲ့ ငလျင်ဘေးသင့် ဧရိယာတွေဆီ လူသားချင်း စာနာမှု အကူအညီတွေ မရောက်နိုင်အောင် တားဆီး ပိတ်ပင်နေတယ်လို့ စွပ်စွဲထားပါတယ်။

နောက်ပြီး ဧပြီ ၂ ရက်နေ့ အပစ်အခတ် ရပ်စဲမှု ကြေညာပြီးနောက်ပိုင်း စစ်တပ်ဟာ လေကြောင်း တိုက်ခိုက်မှု ၁၆ ခု အပါအဝင် စစ်ဆင်တိုက်ခိုက်မှု ၅၃ ခု လုပ်ဆောင်ခဲ့တယ်လို့လည်း OHCHRက ပြောပါတယ်။ စစ်ကောင်စီကတော့ အဲဒီ စွပ်စွဲချက်အတွက် တုံ့ပြန်မှတ်ချက် မပေးသေးပါဘူး။

မင်းအောင်လှိုင်ဟာ ဘင်းစတက် ညီလာခံ တက်ရောက်ရင်း မိုဒီအပြင် အိမ်ရှင် ထိုင်းနိုင်ငံ ဝန်ကြီးချုပ် ဖေထောင်ထန် ရှီနာဝပ်ထရာ အပါအဝင် ဘင်းစတက် အဖွဲ့ဝင် နိုင်ငံတွေရဲ့ ခေါင်းဆောင်တွေနဲ့လည်း တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ဒါဟာ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကြောင့် နိုင်ငံတကာက ဖယ်ကြဉ်ထားတဲ့ စစ်ကောင်စီအပေါ် အသိအမှတ်ပြုမှု သဘောမျိုး ဖြစ်လာတာကြောင့် မင်းအောင်လှိုင်ကို ဖိတ်ကြားခဲ့တဲ့ ထိုင်းအစိုးရအပေါ် ပြည်တွင်းပြည်ပ ဝေဖန်မှုတွေလည်း အပြင်းအထန် ထွက်ပေါ်နေပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံ ဆန္ဒပြပွဲများတွင်ပါဝင်သည့် မြန်မာများအနေဖြင့် တိုက်ခိုက်မှုများကြုံရနိုင်သောကြောင့် ဂရုစိုက်ကြရန် MTAT(Milk Tea Alliance Thailand)က ယနေ့(ဧပြီ ၅ရက်) သတိပေးထုတ်ပြန်သည်။

သတင်း

မင်းအောင်လှိုင်ရောက်နေသော ထိုင်းနိုင်ငံ ဘန်​ကောက်မြို့ရှိ မြန်မာသံရုံးရှေ့တွင် ဒဂုံမြို့သစ်မြောက်ပိုင်းကျောင်းသားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) မှ ပြည်ပရောက် တော်လှန်ရေး ရဲဘော်များက စစ်ခေါင်းဆောင်မင်းအောင်လှိုင်နှင့် စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်သည့် လှုပ်ရှားမှု တစ်ရပ်ပြုလုပ်ခဲ့သည်။

သတင်း

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့လယ်ရှိ Bangkok Art and Culture Centre ရှေ့၌ ထိုင်းလူငယ်များက စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို မကြိုဆိုကြောင်း ယနေ့ (ဧပြီ ၄)ညပိုင်းတွင် ဆန္ဒထုတ်ဖော်ခဲ့သည်။

သတင်း

နိုင်ငံသား ၆,၀၀၀ကျော်သတ်ဖြတ်ထားသည့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်အား ထိုင်းနိုင်ငံသို့ ဖိတ်ခေါ်မှုအပေါ် ထိုင်းတက္ကသိုလ်ကျောင်းသားများနှင့် လူမှုအဖွဲ့အစည်းများက ပြင်းပြင်း ထန်ထန် ကန့်ကွက် ဆန္ဒပြနေကြသည်။

Facebook