close
Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမှာ မေဒေးနေ့အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ ကျရောက်တဲ့ (မေလ ၁) အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

မေ ၁၊၂၀၂၅။ သုည/People’s Spring

စစ်ကိုင်းတိုင်းအတွင်း သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ ကျရောက်တဲ့ (မေလ ၁) အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

စစ်ကိုင်းတိုင်း ဘုတလင်မြို့နယ်မှာ ဒေါင်းရာဇာပင်မသပိတ်စစ်ကြောင်းက ဒေသခံပြည်သူတွေနဲ့အတူ အပြည်ပြည်ဆိုင်ရာအလုပ်သမားနေ့ အထိမ်းအမှတ်အဖြစ် “ရေပေါ်ဆီဝါဒ ဆန့်ကျင်ကြ ဖိရင်ကြွ ထိရင်ချ အလုပ်သမားထုသွေးစည်းညီညွတ်ကြ” စာသားကိုင်ဆွဲပြီး စုပေါင်းဆန္ဒပြခဲ့ကြပါတယ်။

ယင်းမာပင်မြို့နယ်မှာလည်း ဒေသတွင်းသပိတ်အင်အားစုတွေ ပူးပေါင်းကာ “ဖိရင်ကြွ ထိရင်ချ အလုပ်သမားထု သွေးစည်းညီညွတ်ကြ” စာသားကိုင်စွဲကာ ကမ္ဘာ့အလုပ်သမားနေ့မှာ အဖိနှိပ်ခံအလုပ်သမားထုတွေဘက်က ရပ်တည်ပြီး စစ်အာဏာရှင် ဆန့်ကျင်ရေးသပိတ် ချီတက်ခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

သပိတ်စစ်ကြောင်းကိုဝန်းရံသော လူထုက “ဖိရင်ကြွမယ် ထိရင်ချမယ်၊ သွေးကြွေးမှာ ဆွေးနွေးစရာမရှိ၊ May Day၊ ကမ္ဘာ့အလုပ်သမားနေ့” စတဲ့စာသားတွေ ကိုင်စွဲခဲ့ကြပါတယ်။

အလားတူ ယင်းမာပင်မြို့နယ်မြောက်ခြမ်းမှာလည်း နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး လူထုသပိတ်စစ်ကြောင်းက အလုပ်သမားနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ဓာတ်ပုံ – စစ်ကိုင်းဒေသသပိတ်အင်အားစု၊ ရွာ​​​ပေါင်းစုံသပိတ်၊ ဘုတလင်သပိတ်

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ YBS ဘက်စ်ကားပေါ်တွင် ယနေ့ (မေလ ၁) ကျရောက်သည့် မေဒေးနေ့အဖြစ် ကျောင်းသား၊လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆက်လက် ပါဝင်တိုက်ပွဲဝင်ပေးရန် ဟောပြောမှု ပြုလုပ်ခဲ့သည်။

သတင်း

မင်းတပ်မြို့သိမ်း စစ်ဆင်ရေးတွင် ပါဝင်ခဲ့သည့် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) မုံရွာခရိုင် အမှတ်(၃) တပ်ရင်းအနေဖြင့် စစ်ကိုင်းတိုင်းအတွင်း အောင်မြင်မှုတစ်ခု ဖော်ဆောင်ရန် ပြင်ဆင်နေပြီး လိုအပ်သည့် ကျည်အတွက် ပြည်သူများ ဝိုင်းဝန်းပါဝင်ကူညီပေးရန် မုံရွာခရိုင် တပ်ရင်း(၃) ဘဏ္ဍာရှာဖွေရေးတာဝန်ခံ ကိုသစ်တောက ပြောသည်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၃၀)မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းမှာ သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ဒီကနေ့ (ဧပြီ ၂၉)မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။