close
Connect with us

Hi, what are you looking for?

သတင်း

အပစ်ရပ် တစ်လ ထပ်မံသက်တမ်းတိုးကြောင်း ညီနောင်မဟာမိတ်သုံးဖွဲ့ ကြေညာ

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများ ရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် တစ်လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က မေလ ၁ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

ညီနောင်မဟာမိတ်သုံးဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ ဓာတ်ပုံ − TNLA

မေ ၁၊၂၀၂၅။သက်ဝေ/People’s Spring

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများ ရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် တစ်လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က မေလ ၁ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

မတ်လ ၂၈ရက် စစ်ကိုင်းငလျင်ကြီးလှုတ်ခတ်ခဲ့၍ ကိုးကန့်တပ်မတော်(MNDAA)၊တအာင်းတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA) ညီနောင်မဟာမိတ် သုံးဖွဲ့က ဧပြီ တစ်လလုံးကို အပစ်အခတ်ရပ်စဲကြောင်း ကြေညာခဲ့ပြီး ယခု နောက်ထပ်တလ ထပ်မံ သက်တမ်းတိုးလိုက်ခြင်းဖြစ်သည်။

အင်အားပြင်းငလျင်နှင့် ငလျင်ငယ်များ၏ နောက်ဆက်တွဲလှုပ်ခတ်မှုများကြောင့် ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရမှုများအား ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် တစ်လတာ ကြာသည့်တိုင်အောင် ရှင်းလင်း ဖယ်ရှားရေးလုပ်ငန်းများကို ထိရောက်စွာ လုပ်ဆောင်နိုင်ခြင်းမရှိသေး၍ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်ရပ် ကာလကို ထပ်မံ သက်တမ်းတိုးခြင်းဖြစ်သည်ဟု ဖော်ပြသည်။

Public Service Announcement

Public Service Announcement

ယခု ကြေညာချက် ထုတ်ပြန်ချိန်မှစ၍ ညီနောင်မဟာမိတ် (၃) ဖွဲနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားလျက်ရှိသော နေရာများတွင် မိမိကိုယ်မိမိ ခုခံကာကွယ်သော တုံပြန်မှု မျိုးမှလွဲ၍ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းမျိုး ပြုလုပ်မည်မဟုတ်ကြောင်း TNLA၊ MNDAAနှင့် AAတို့က ကြေညာခဲ့သည်။

ညီနောင်မဟာမိတ် သုံးဖွဲ့အပြင် တော်လှန်ရေးတပ်များက ငလျင်ဘေးကြောင့် အပစ်ရပ်ကြေညာသကဲ့သို့ စစ်ကောင်စီကလည်း ဧပြီ ၂ရက်မှ ၃၀ရက်အထိ အပစ်ရပ်စဲကြောင်း ကြေညာခဲ့သည်။ သို့သော် စစ်ကောင်စီက အပစ်ရပ်ကာလအတွင်း တအာင်းတပ်မတော်(TNLA)၊ အာရက္ခတပ်တော်(AA)နယ်မြေများအပါအဝင် နိုင်ငံတဝန်းကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်။

ထို့ပြင် TNLAနှင့် စစ်ကောင်စီတို့သည် ရှမ်းမြောက် နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဆက်ဖြစ်နေသကဲ့သို့ စစ်ကောင်စီက အဆိပ်ဗုံး အသုံးပြုမှုအပါအဝင် လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ဟု TNLAက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ ဒီနေ့ (မေလ ၁ ) ရက်မှာ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိရတယ်လို့ မီးသတ်က ဖော်ပြလာပါတယ်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၈၇၂ ဦးအဖမ်းခံရပြီး ဆေးရုံ၊ဆေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစင်တာပေါင်း ၂၆၃ ခုတိုက်ခိုက်ဖျက်ဆီးခံရကာ ၇၄ ဦးထက်မနည်းအသတ်ခံရ

သတင်း

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်က ရုံး ဌာန အဆောက်အဦးတွေ ကို ပြန်လည် ပြုပြင် တည်ဆောက်ရာမှာ မူလက ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ဆောက်လုပ်ခိုင်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နှစ်ပေါင်း တစ်ရာကျော်အတွင်း ဖျက်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဧပြီ ၂၈ ရက်မှာဆိုရင်တစ်လတင်းတင်းပြည့်သွားပါပြီ။