close
Connect with us

Hi, what are you looking for?

ဆောင်းပါး

ရဲနီဒေါ်နယ်ထရန့်လား

ထရန့်ရဲ့ ရုရှနာမည်ဝှက်က “Krasnov”ပါတဲ့။ Krasnov ရဲ့အဓိပ္ပါယ်ကတော့“အနီ”ဖြစ်ပါတယ်။ မော်စကိုကပြန်လာတဲ့အခါမှာထရန့်ဟာနယူးယောက်တိုင်းစ်သတင်းစာကြီးမှာ တစ်မျက်နှာပြည့်ကြော်ငြာတစ်ခုထည့်ပါတယ်။

၅၅၉ ရေးသားသည်။

အသက်၄၀မှာ ဘဝတစ်ခုစကြတယ်လို့ပြောလေ့ရှိပါတယ်။

အသက် ၄၀အရွယ်ရုပ်ရည်ပြေပြစ်ပြီးချမ်းသာကြွယ်ဝတဲ့အမေရိကန်အမျိုးသားတစ်ဦးဟာ ၁၉၈၇ခုနှစ်မှာ ဆိုဗီယက်ပြည်ထောင်စု (ရုရှ)၊ မော်စကိုမြို့ကိုခရီးထွက်ခဲ့ပါတယ်။

သူ့ရဲ့ပထမဆုံးရုရှခရီးပါပဲ။စိတ်လှုပ်ရှားစရာခရီးစဉ်ဖြစ်ခဲ့မှာပါ။

Public Service Announcement

Public Service Announcement

ခရီသွားရဲ့နာမည်ကတော့ ဒေါ်နယ်ဂျေထရန့်ဖြစ်ပါတယ်။ အဲဒီခရီးစဉ်ကပြန်လာတဲ့အခါမှာတော့သူရဲ့ဘဝကတကယ်ပဲစတင်ခဲ့ပါပြီ။ အမေရိကန်နဲ့ နိုင်ငံတကာရဲကံကြမ္မာကလည်းပြောင်းလဲသွားခဲ့ရပါတယ်။

ရုရှထောက်လှမ်းရေးကေဂျီဘီ ရဲ့သူလျှိုဟောင်း အယ်လ်နာမူဆာယက် ကသူ့ရဲ့ဖေ့ဘုတ်အကောင့်မှာသူဟာကေဂျီဘီရဲ့အမှတ်(၆)ဌာနမှာတာဝန်ထမ်းဆောင်ခဲ့ရကြောင်းနဲ့ဌာန(၆)ရဲ့တာဝန်ဟာ အနောက်ကမ္ဘာကသူဌေးတွေကိုစည်းရုံးရတဲ့တာဝန်ဖြစ်ကြောင်းဖွင့်ချခဲ့ပါတယ်။

၁၉၈၇ခုနှစ်မှာ ဒေါ်နယ်ထရန့်ရဲ့မော်စကိုခရီးစဉ်ကို သူတို့စီစဉ်ပေးခဲ့ရတယ်လို့ဆိုပါတယ်။ထရန့်ရဲ့ ရုရှနာမည်ဝှက်က “Krasnov”ပါတဲ့။ Krasnov ရဲ့အဓိပ္ပါယ်ကတော့“အနီ”ဖြစ်ပါတယ်။ မော်စကိုကပြန်လာတဲ့အခါမှာထရန့်ဟာနယူးယောက်တိုင်းစ်သတင်းစာကြီးမှာ တစ်မျက်နှာပြည့်ကြော်ငြာတစ်ခုထည့်ပါတယ်။

ကြော်ငြာရဲ့အဓိကမက်ဆေ့ချ်ကတော့ အမေရိကန်ပြည်ထောင်စုဟာသူ့ရဲ့မဟာမိတ်နိုင်ငံတွေကို အထောက်အပံ့တွေရပ်သင့်ကြောင်းဆော်ဩတာပဲဖြစ်ပါတယ်။ (ဒီကြော်ငြာကို google images နဲ့ The New York Times ရဲ့ Archives မှာအလွယ်တကူရှာကြည့်လို့ရပါတယ်)။

အဓိကကတော့ဒီကြော်ငြာဟာအမေရိကန်ကိုသူ့ရဲ့မဟာမိတ်နိုင်ငံတွေနဲ့ခွဲထုတ်ဖို့ကြိုးစားမှုပဲလို့ ခရိတ်အန်ဂါဆိုတဲ့ အမေရိကန်သတင်းစာဆရာကဆိုပါတယ်။ သူက American Kompromat ဆိုတဲ့စာအုပ်ထဲမှာ ရုရှက ထရန့်ကိုဘယ်လိုမွေးမြူခဲ့တယ်ဆိုတာကိုရေးခဲ့သူပါ။

မော်စကိုကပြန်လာပြီးထရန့်ဟာအင်တာဗျူးတစ်ချို့မှာ သူသမ္မတဖြစ်လာရင်ဘာတွေလုပ်မယ် ဆိုတာတွေကိုပြောလာခဲ့ပါတယ်။ ထင်ရှားတဲ့ ဗြိတိသျှသတင်းစာဆရာမ ပိုလီတွိုင်ဘီးက ထရန့်ကသူသမ္မတဖြစ်ချင်ကြောင်း ၁၉၈၇ခုနှစ်တုန်းကသူမကိုပြောပြခဲ့တယ်လို့ဆိုပါတယ်။ (The Guardian သတင်းစာဝက်ဆိုဒ်မှာအလွယ်တကူရှာလို့ရပါတယ်။)

ဂျာမန်သတင်းဌာနဖြစ်တဲ့Deutsche Welle(DW)က “ရဲဘော်ထရန့်”(Comrade Trump) ဆိုတဲ့ ပရိုဂရမ်တစ်ခုကိုမကြာသေးမီက တင်ဆက်ခဲ့ပါတယ်။ ဒီအစီအစဉ်မှာ ခရိတ်အန်ဂါကိုလည်း မေးခွန်းတွေထုတ်ခဲ့ပါတယ်။

ခရိတ်ကအားလုံးသိတဲ့အတိုင်းတကယ်တမ်းတော့ ထရန့်ဟာအောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင် တစ်ဦးမဟုတ်တဲ့အပြင် အကြွေးတွေပတ်လည်ဝိုင်းနေခဲ့ပြီး ဒီအကြွေးတွေကို ကေဂျီဘီကတာဝန်ယူ ဆပ်ပေးနေခဲ့တယ်လို့ဆိုပါတယ်။ထရန့်ရဲ့နယူးယောက်မြို့က Grand Hyatt ဟိုတယ်အတွက် လိုအပ်တဲ့ရုပ်မြင်သံကြား စက်တွေနဲ့ လျှပ်စစ်ပစ္စည်းတွေဟာ ရုရှကေဂျီဘီကဟန်ပြဖွင့်ထားတဲ့ဆိုင်က ဖြစ်ကြောင်းလည်း ခရိတ်ကပြောပါတယ်။

ကေဂျီဘီဗိုလ်မှူးဟောင်းယူရီရှဗက်စ်က ခရိတ်ရဲ့သတင်းရင်းမြစ်ဖြစ်ပါတယ်။ယူရီဟာ၁၉၈၅ကနေ ၁၉၈၇ အတွင်း ဝါရှင်တန်ဒီစီမှာ တာဝန်ကျနေခဲ့တာပါ။ယူရီက ရုရှသတင်းဌာန Tass ရဲ့ဝါရှင်တန်သတင်းထောက်အဖြစ်ဟန်ပြနေခဲ့တာပါ။ ၁၉၉၃ မှာယူရီဟာအမေရိကန်ကိုအပြီးပြောင်းရွှေ့ခဲ့ပါတယ်။

ထရန့်ဟာရုရှပိုင်တဲ့ပစ္စည်းဖြစ်တယ်ဆိုတဲ့ သတင်းစာဆရာ ခရိတ်ရဲ့ စကားဟာ ယူရီရှဗက်စ်ရဲ့ဖွင့်ချမှုတွေပေါ်မှာအများဆုံးအခြေခံခဲ့တာပါ။

ဗြိတိသျှထောက်လှမ်းရေး MI6မှာတာဝန်ယူခဲ့တဲ့ ခရစ္စတိုဖာစတီးလ်ဆိုတဲ့ထောက်လှမ်းရေးကလည်းရုရှမှာ ထရန့်ကို အကြပ်ကိုင်လို့ရတဲ့ အချက်အလက်တွေရှိကြောင်း ၂၀၁၆တုန်းကဖွင့်ချခဲ့ပါတယ်။ လိင်နဲ့ ပက်သက်တာတွေလည်းပါခဲ့ပါသတဲ့။ ခရစ္စတိုဖာဟာ MI6 မှာ ရုရှအရေးကို တာဝန်ယူခဲ့ရသူ ဖြစ်ပါတယ်။ ဒီအချက်တွေကို ခရစ္စတိုဖာက အမေရိကန် FBIနဲ့ ဗြိတိသျှ အာဏာပိုင်တွေကိုပါ ပေးခဲ့တာပါ။

DW ရဲ့ သတင်းဌာနရဲ့အစီအစဥ်မှာတော့ အိမ်ဖြူတော်ကိုရောက်လာတဲ့ယူကရိန်းသမ္မတဇလန်စကီးကိုအနိုင်ကျင့်တာ နဲ့ မဟာမိတ်တွေဖြစ်တဲ့ကနေဒါနဲ့ ဥရောပနိုင်ငံတွေကိုအခွန်ကိစ္စစစ်ကြေညာတာဟာ ရုရှအလိုကျ အမေရိကန်ကိုသူ့မဟာမိတ်တွေနဲ့ခွဲထုတ်လိုက်တာပဲလို့ သုံးသပ်ကြပါတယ်။

ပြီးခဲ့တဲ့ဖေဖေါ်ဝါရီမှာတုန်းကအမေရိကန်ကာကွယ်ရေးဝန်ကြီးကယူကရိန်းရဲ့NATO အဖွဲ့ဝင်ရေး စိတ်ကူးကမဖြစ်နိုင်ဘူးလို့ပြောခဲ့ပါတယ်။ ယူကရိန်းရဲ့ကရိုင်းမီးယားဒေသကို ကျူးကျော်သိမ်းပိုက်ခဲ့လို့ G7 အဖွဲ့ကထုတ်ပယ်ခဲ့တဲ့ ရုရှကိုထရန့်ကပြန်လက်ခံဖို့ကြိုးစားနေပါတယ်။

သမ္မတအဖြစ် ဒုတိယအကြိမ် အိမ်ဖြူတော်ကိုပြန်ရောက်လာတဲ့နေ့မှာသူပထမဆုံးဖုန်းဆက်ပြီး နှုက်ဆက်တဲ့သူဟာ (ကေဂျီဘီအရာရှိဟောင်း) ရုရှသမ္မတပူတင်လို့သူကိုယ်တိုင်ပြောခဲ့ပါတယ်။

အဖြစ်မှန်ကိုအခုဆောင်းပါးကိုရေးသူကမသိနိုင်ပါဘူး။သုတေသနပြုမှုလေးကရတဲ့တွေ့ရှိမှုအချို့ကို ဝေမျှခြင်းပါပဲ။ အချက်အလက်တွေမှန်ကန်မယ်ဆိုရင်တော့ Make Russia Great Again! လို့ဆိုရမှာပါ။ ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ယူကရိန်း သမ္မတနဲ့ လူချင်းတွေ့ခဲ့တဲ့နောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က စစ်ပွဲရပ်ဆိုင်းဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်အနေနဲ့ အမှန်တကယ် ဆန္ဒရှိရဲ့လား ဆိုတာကို မေးခွန်းထုတ်ခဲ့ပါတယ်။

အတွေးအမြင်

မြန်မာ့မြေပေါ်မှာ ကြားခံစစ်ပွဲ proxy war တွေ ဖြစ်လာတော့မလားလို့ ပူပန်လာကြပါတယ်။ ကမ္ဘာ့နိုင်ငံကြီးတွေက နိုင်ငံငယ်လေးတွေရဲ့ မြေပေါ်မှာ သူတို့ရဲ့ နိုင်ငံရေးဩဇာနဲ့ စီးပွါးရေးအကျိုးအမြတ်တွေအတွက် အားပြိုင်မှုတွေကို နည်းပေါင်းစုံနဲ့ လုပ်ကြတာမှာ ကြားခံစစ်ပွဲဆိုတာ နည်းလမ်းတစ်ခုသာ ဖြစ်ပါတယ်။ မြန်မာ့အရေးမှာတော့ ပါဝါကြီးတဲ့ တရုတ်၊ အမေရိကနဲ့ ရုရှတို့အပြင်...

နိုင်ငံတကာ

ရုရှားနဲ့ ယူကရိန်းကြား သဘောတူညီမှုတစ်ခု ရရှိနိုင်ဖို့ အရမ်း နီးစပ်လာနေပြီလို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ပြောပါတယ်။

နိုင်ငံတကာ

ငြိမ်းချမ်းရေး ရဖို့အတွက် ယူကရိန်းဟာ အချုပ်အခြာ အာဏာပိုင်နက် နယ်မြေတွေကို လက်လွှတ်ပေးတာမျိုး ရှိကောင်း ရှိနိုင်တယ်လို့ ယူကရိန်းရဲ့ မြို့တော် ကိယက်ဗ်ရဲ့ မြို့တော်ဝန်ဖြစ်သူ ဗစ်တာလီ ကလစ်ချ်ကိုက ပြောကြားခဲ့ပါတယ်။