မေ ၁၊၂၀၂၅။ သုည/People’s Spring
ရန်ကုန်မြို့ YBS ဘက်စ်ကားပေါ်တွင် ယနေ့ (မေလ ၁) ကျရောက်သည့် မေဒေးနေ့အဖြစ် ကျောင်းသား၊လူငယ်များက စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ဆက်လက် ပါဝင်တိုက်ပွဲဝင်ပေးရန် ဟောပြောမှု ပြုလုပ်ခဲ့သည်။
အဆိုပါ လှုပ်ရှားမှုကို Youths Union – Center လူငယ်များသမဂ္ဂ- ဗဟို က ဦးဆောင်ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းလူငယ်များက စစ်ကောင်စီ၏ အဓမ္မ စစ်မှုထမ်းခိုင်းစေခြင်းကြောင့် လူငယ်များ၏ လုပ်အားဆုံးရူံးနေရခြင်း၊ လုပ်ငန်းခွင်အတွင်း အဓမ္မခိုင်းစေမှုများ ချိုးဖောက်ခံရခြင်းနှင့် စစ်ကောင်စီ၏ ကျူးလွန်မှုများအတွက် ILO – Article 33 အရ အရေးယူဆောင်ရွက်ခြင်းများကို ပြည်သူလူထုတရပ်လုံးက ထောက်ပံ့ ပါဝင် တိုက်ပွဲဝင်ပေးရန် လှုံဆော်ခဲ့သည်။

Public Service Announcement
ရုပ်သံ – Youths Union – Center
