close
Connect with us

Hi, what are you looking for?

သတင်း

Sky Villa ကွန်ဒို ကို ရှင်းလင်းရာမှာ ရုပ်အလောင်း ၂ လောင်းထပ်မံတွေ့ရှိ

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ ဒီနေ့ (မေလ ၁ ) ရက်မှာ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိရတယ်လို့ မီးသတ်က ဖော်ပြလာပါတယ်။

Myanmar Fire Services Department

မေ – ၁ ၊၂၀၂၅ ၊ ဆိုင်းမင်း/People’s Spring

ငလျင်ဒဏ်ကြောင့် ဆိုးဆိုးရွားရွားပြိုကျပျက်စီးသွားပြီးအသေအပျောက် များခဲ့တဲ့ မန္တလေးမြို့ က Sky Villa ကွန်ဒို အဆောက်အဦးကို ရှင်းလင်းရာမှာ ဒီနေ့ (မေလ ၁ ) ရက်မှာ ရုပ်အလောင်း ၂ လောင်း ထပ်မံ တွေ့ရှိရတယ်လို့ မီးသတ်က ဖော်ပြလာပါတယ်။

ကွန်ဒို ရဲ့ အဆောက်အဦး C အဆောင် နဲ့ D အဆောင်တွေကို စက်ယန္တယားတွေရဲ့ ရှင်းလင်းချိန် ဒီမနက်ပိုင်းက အမျိုးသမီး ရုပ်အလောင်းနဲ့ ညနေပိုင်းမှာ အမျိုးသား ရုပ်အလောင်းကိုထပ်မံ ရှာဖွေတွေ့ရှိတာပါ။

အမျိုးသမီးရုပ်အလောင်းက ရွှေနားကပ်နဲ့ ရွှေလက်ကောက်တို့ကို သေဆုံးသူရဲ့အမျိုးသားထံ အပ်နှံပေးခဲ့တယ်လို့လည်းမီးသတ်က ဆိုပါတယ်။

Public Service Announcement

Public Service Announcement

Sky Vill ကွန်ဒို ပြိုကျမှုမှာ ဒီနေ့အထိ မီးသတ်ရဲ့စာရင်းအရ ရုပ်အလောင်း ၁၃၀ ထိ တွေ့ရှိထားပြီးဖြစ်ပါတယ်။

သေဆုံးသူ ၁၃၀ ဦးမှာ အမျိုးသား ၄၃ ဦး ၊ အမျိုးသမီး ၆၆ ဦး ၊ ကလေး ၁၂ ဦး ၊ ကျားမ မခွဲခြားနိုင်တော့ သူ ၉ ဦး ဖြစ်တယ်လို့သိရပါတယ်။

ပြိုကျသွားတဲ့ကွန်ဒိုအပျက်အစီးတွေထဲမှာပိတ်မိနေသူတွေကို ​ရှာဖွေကယ်ဆယ်ရေးလုပ်ရာမှာတော့ အသက်ရှင်လျက် ၅၂ ဦးကယ်ဆယ်နိုင်ခဲ့တယ်လို့ မီးသတ်က ဆိုထားပါတယ်။

ငလျင်မလှုပ်ခတ်ခင် မတ်လ ၂၇ ရက်အထိ Sky Villa ကွန်ဒိုမှာနေထိုင်သူဦးရေ ၃၄၈ ဦးရှိတယ်ဆိုတာကို မန္တလေးတိုင်းထွေအုပ်ရဲ့ စာရင်းတွေအရ သိရတယ်လို့ ကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ ထံက တဆင့် သိရပါတယ်။

မန္တလေး လမ်း ၆၀ ၊ ၂၃ လမ်း နဲ့ ၂၄ လမ်းကြားမှာရှိတဲ့ Sky Villa ကွန်ဒိုကို ၁၁ ထပ်စီ ရှိတဲ့ အဆောက်အဦး၄ လုံး နဲ့ဖွဲ့စည်းထားပြီး ငလျင်ဒဏ်ခံရပြီးနောက် အဆောက်အဦး ၃ လုံးပြိုကျ သွားခဲ့တာပါ။

ပြိုကျသွားတဲ့အဆောက်အဦးတစ်ခုဟာဆိုရင် အောက်ခြေ ၄ထပ်ခန့် မြေကြီးထဲ ကျွံဝင်သွားပြီး လူအများအပြားပိတ်မိခဲ့တာပဲဖြစ်ပါတယ်။

အပျက်အစီးတွေအောက်မှာ ရုပ်အလောင်းအများအပြား ရှိနေဦးမယ်လို့ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်အချို့ကလည်း ခန့်မှန်းထားကြပါတယ်။

” တဆင့်ချင်းဖယ်ရှားရှင်းလင်းရေးလုပ်နေတာ၊ မီးခံသေတ္တာကစလို့ တန်ဖိုးကြီးပစ္စည်းတွေဆက်တိုက်တွေ့လာတယ် “လို့ Sky Villa ကွန်ဒိုရှင်းလင်းရေးမှာပါဝင်သူတစ်ဦးကပြောပါတယ်။

လက်ဝတ်ရတနာတွေ ၊ ကျောက်စိမ်းတွေ ၊ ငွေသားတွေ ၊အရေးကြီးစာရွက်စာတမ်းတွေ တွေ့ရ ပြီး သက်ဆိုင်ရာပိုင်ရှင်တွေထံ ပြန်လည်အပ်နှံပေးနေတယ်လို့ မီးသတ်က ဓာတ်ပုံတွေနဲ့ဖော်ပြတာတွေ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ငလျင်နောက်ဆက်တွဲ လုပ်ငန်းများနှင့်ဆက်စပ်၍ တိုက်တာအဆောက်အအုံများ ရှင်းလင်းရေးနှင့် လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်နိုင်ရေးအတွက် တစ်ဖက်သတ် အပစ်ရပ်ကာလအား နောက်ထပ် တစ်လ သက်တမ်းထပ်တိုးကြောင်း ညီနောင်မဟာမိတ် (၃) ဖွဲ့က မေလ ၁ရက်ညပိုင်းတွင် ထုတ်ပြန်ကြေညာသည်။

သတင်း

စစ်တပ်အာဏာသိမ်းပြီး​နောက်ပိုင်းကျန်းမာရေးဝန်ထမ်းအနည်းဆုံး ၈၇၂ ဦးအဖမ်းခံရပြီး ဆေးရုံ၊ဆေးခန်းနဲ့ ကျန်းမာရေး စောင့်ရှောက်မှုစင်တာပေါင်း ၂၆၃ ခုတိုက်ခိုက်ဖျက်ဆီးခံရကာ ၇၄ ဦးထက်မနည်းအသတ်ခံရ

သတင်း

ငလျင်ဒဏ်ကြောင့် ပျက်စီးသွားတဲ့ အုပ်ချုပ်ရေးမြို့တော် နေပြည်တော်က ရုံး ဌာန အဆောက်အဦးတွေ ကို ပြန်လည် ပြုပြင် တည်ဆောက်ရာမှာ မူလက ဆောက်လုပ်ခဲ့တဲ့ ကုမ္ပဏီတွေကို ပြန်ဆောက်လုပ်ခိုင်းမယ်လို့ အာဏာသိမ်း စစ်ကောင်စီက ကြေညာပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ နှစ်ပေါင်း တစ်ရာကျော်အတွင်း ဖျက်အားအပြင်းဆုံး ငလျင်ကြီး လှုပ်ခတ်ခဲ့တာ ဧပြီ ၂၈ ရက်မှာဆိုရင်တစ်လတင်းတင်းပြည့်သွားပါပြီ။