close
Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲမလုပ်နိုင်တဲ့ မင်းတုန်းမြို့နယ်က ရွာတွေ စစ်ကြောင်းထိုးနေတဲ့ စစ်တပ်ကို PDF တိုက်ခိုက်

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ဒီကနေ့(ဇန်နဝါရီ ၃၀ရက်)မှာ ထုတ်ပြန်ပါတယ်။

သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - သရက်ခရိုင်အမှတ်(၄) တပ်ရင်း

ဇန်နဝါရီ-၃၀၊၂၀၂၆။မိုမို/People’s Spring

ရွေးကောက်ပွဲ မလုပ်နိုင်တဲ့ မကွေးတိုင်း၊ မင်းတုန်းမြို့နယ်က ကျေးရွာတွေကို စစ်ကြောင်းထိုးနေတဲ့ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးတယ်လို့ သရက်ခရိုင်အမှတ်(၄) တပ်ရင်းက ဒီကနေ့(ဇန်နဝါရီ ၃၀ရက်)မှာ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကြောင်းက အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ)လက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်းတွေ ဖြစ်ပြီး အခု ဇန်နဝါရီ၁၇ ရက်ကစပြီး အင်အား ၁၅၀ဝန်းကျင်နဲ့ မင်းတုန်းမြို့နယ် ကြပ်ကြီးကျေးရွာအနီးရောက်ရှိလာတာလို့ ဆိုပါတယ်။

“ ရွေးကောက်ပွဲမလုပ်နိုင်လိုက်တဲ့ကျေးရွာတွေ ကံမ၊သရက်မင်းတုန်းမြို့နယ်တွေကို စစ်ကြောင်းထိုးတယ်။ဖျက်ဆီးနယ်မြေရှင်းလင်းရေးဝင်တဲ့ပုံစံမျိုး” လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်း တာဝန်ရှိသူက သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

ဇန်နဝါရီ ၁၇ရက် နေ့လယ် ၂နာရီခန့်မှာ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက စတင်ခုခံတိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ ၁၀မိနစ်ခန့်ကြာဖြစ်ပွားကာ စစ်တပ်က သေဆုံးဒဏ်ရာရရှိမှုတွေရှိတယ်လို့ အသိပေးပါတယ်။

တိုက်ခိုက်ခံလိုက်ရတဲ့ စစ်တပ်စစ်ကြောင်းက မင်းတုန်းမြို့နယ် ပုသိမ် – မုံရွာ လမ်းပိုင်းပေါ်က မဲဇလီကျေးရွာ ၊ သရက်အုပ်ကျေးရွာတွေမှာ တပ်ဖြန့်ခဲ့ပြီး သရက်အုပ်ကျေးရွာ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်မှုကလည်း စစ်တပ် သေဆုံးသူများတယ်လို့ ဖော်ပြပါတယ်။

စစ်တပ်စစ်ကြောင်းဟာ ပုသိမ် – မုံရွာလမ်းပိုင်းအတိုင်း မင်းတုန်းမြို့ဘက်သို့ ထွက်ခွာသွားပြီး မင်းတုန်းမြို့ မိုက်ကလိုစစ်တပ်ဂိတ်ကတဆင့် ဇန်နဝါရီ ၂၁ ရက်မှာ ထိန်ကိုင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်လာခဲ့တယ်လို့ သိရပါတယ်။

ထိန်ကိုင်းကျေးရွာစာသင်ကျောင်းနဲ့ ကောက်ကွေ့ကျေးရွာဘက်ကို ရှေ့ပြေးပွိုင့်ထွက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို ဇန်နဝါရီ ၂၁ရက် မနက်ပိုင်းနဲ့ ညနေတွေမှာ တိုက်ခိုက်ရေးဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒါကြောင့် စစ်ကြောင်းရှေ့ဆက်မတိုးနိုင်ပဲ ညအိပ်တပ်စွဲရပြီး ဇန်နဝါရီ ၂၂ရက်မှာ လက်နက်ကြီးတွေနဲ့ပစ်ခတ်ပြီး မင်းတုန်းမြို့နယ် ထန်းလေးပင်ကျေးရွာဘက်ကိုစစ်ကြောင်း ထိုးလာတာကြောင့် ညနေပိုင်းမှာ တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ အသိပေးပါတယ်။

ထန်းလေးပင်ကျေးရွာက နေအိမ် ၆လုံးဝန်းကျင်ကို စစ်တပ်က မီးရှို့ပြီး မင်းတုန်းမြို့နယ် ပြောင်းကျေးရွာနဲ့ သီးပင်ကုန်းကျေးရွာတွေမှာ နေရာယူကာ ဒေသခံအချို့ကို လူသားဒိုင်းအဖြစ်ဖမ်းဆီးတပ်စွဲခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၃ရက်နဲ့ ၂၄ ရက်ကလည်း ပြောင်းကျေးရွာနဲ့ဝက်ကော်ကျေးရွာက နေအိမ်တွေ၊ တောင်ယာတဲ၊ စျေးဆိုင်တွေနဲ့ ကုန်ပစ္စည်းတွေကို စစ်တပ်က မီးရှို့ဖျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

အခု ဇန်နဝါရီ ၂၅ ရက်နဲ့ ၂၆ရက်မှာ တိုက်ပွဲဆက်ဖြစ်ပြီး စစ်တပ်စစ်ကြောင်းကို မင်းတုန်းမြို့ပေါ်ကနေ အင်အား ၅၀ခန့်ပါတဲ့ ကားနှစ်စီးနဲ့ စစ်ကူပေးခဲ့တယ်လို့ ဆိုပါတယ်။

ဇန်နဝါရီ ၂၈ ရက်ကလည်း မင်းတုန်းမြို့ဘက် ဆုတ်ခွာလာတဲ့ စစ်တပ်စစ်ကြောင်းကို တမာကျေးရွာအနီးမှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကြောင်းရှေ့ဆက်မတိုးနိုင်ခဲ့ဘူးလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်ကြောင်းကို ခုခံတိုက်ခိုက်တဲ့ ၁၂ရက်အတွင်း တိုက်ပွဲ ၁၀ကြိမ်ထိဖြစ်ပွားခဲ့ပြီး စစ်တပ်ဘက်က ၃၀ ဝန်းကျင် သေဆုံးနိုင်တယ်လို့ သရက်ခရိုင် အမှတ်(၄)တပ်ရင်းက ခန့်မှန်းပါတယ်။

စစ်တပ်စစ်ကြောင်းမှာပါဝင်သူတွေက မူးယစ်ဆေးဝါးသုံးဆွဲပြီး ကျေးရွာတွေက လူသားဒိုင်းအဖြစ် ဖမ်းဆည်းထားတဲ့ပြည်သူတွေကို ရိုက်နှက်နှိပ်စက်တာတွေ ပြုလုပ်တာကြောင့် ၊ သီးပင်ကုန်းဒေသခံ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့လည်း သိရပါတယ်။

“ စစ်ကြောင်းက ရှိနေပါသေးတယ်။မင်းတုန်းမြို့အနီး တဝိုက်မှာရှိပါတယ်” လို့ မင်းတုန်းမြို့နယ်​ ဒေသခံတစ်ဦးက ပြောပါတယ်။

မီးရှို့ဖျက်ဆီးမှုကြောင့်လည်း ဝက်ကော်၊ ထန်းလေးပင်နဲ့ ကင်းမွန်တောင့်ကျေးရွာက နေအိမ် ၁၀၀ ကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်စစ်ကြောင်းထိုးနေစဥ်အတွင်း ဂျက်ဖိုက်တာနဲ့ လေကြောင်းတိုက်ခိုက်မူတွေ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဲဒါအပြင် စစ်တပ်က လက်ရှိ မင်းတုန်း၊သရက်နဲ့ ကံမမြို့အနီးတဝိုက်မှာ အင်အား ၄၀၀ဝန်းကျင်နဲ့ အင်အားဖြည့်လှုပ်ရှားနေတာရှိတယ်လို့လည်း သရက်ခရိုင်စစ်ရေးတာဝန်ရှိသူက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း ၊တောင်တွင်းကြီးမြို့နယ်မှာ အမှတ်(၁၈)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ -၁၈)က ဗိုလ်ကြီးနဲ့ စစ်ကောင်စီတပ်သားတွေပါတဲ့ ကားကို ကြားဖြတ်တိိုက်ခိုက်ခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ပုဏ္ဏဝတီ(တောင်တွင်းကြီး)တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မင်းဘူးမြို့နယ်အနောက်ပိုင်းမှာ ပြည်သူတွေကို အနိုင်ကျင့်နေတဲ့ စစ်ကောင်စီရဲ့ မုန်တောင်ရဲစခန်းကို ၁၅ မိနစ်ကြာ တိုက်ခိုက်ပြီး သိမ်းနိုင်ခဲ့တယ်လို့ မင်းဘူးခရိုင် အမှတ်(၆)တပ်ရင်း တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မြန်မာနိုင်ငံမှာ အာဏာသိမ်း စစ်တပ်က ဦးဆောင်ပြီး ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြောင်း အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)က ကြေညာခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်နဲ့ စလင်းမြို့နယ်တွေမှာ စစ်ရှောင်တစ်ထောင်ကျော်ဟာ အရေပြားရောဂါတွေ ဖြစ်ပွားနေပြီး ဆေးဝါးအကူအညီတွေလိုအပ်နေကြောင်း စစ်ရှောင်ကူညီနေသူတွေက ပြောပါတယ်။