close
Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးတိုးတက်မှု မရှိခဲ့ဘူးလို့ ဂျပန် ဝေဖန်

စစ်တပ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆိုင်ရာ တိုးတက်မှု မရှိခဲ့တာက ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂျီတိုရှီမီဆုက ဒီနေ့ ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ-၃၀၊ ၂၀၂၆။ People’s Spring

စစ်တပ်ရွေးကောက်ပွဲမတိုင်မီ နိုင်ငံရေးဆိုင်ရာ တိုးတက်မှု မရှိခဲ့တာက ဝမ်းနည်းဖွယ်ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီး မိုတီဂျီတိုရှီမီဆုက ဒီနေ့ ထုတ်ပြန်ပါတယ်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း ပထမဆုံးအကြိမ် ပြုလုပ်ခဲ့တဲ့ စစ်တပ်ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက သဘောထားကြေညာချက် ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဂျပန်အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ ဖမ်းဆီးထိန်းသိမ်းခံ နိုင်ငံရေးအကျဥ်းသားအားလုံး ပြန်လွှတ်ပေးဖို့နဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးရေးပြုလုပ်ဖို့ ထပ်ခါတလဲလဲ တိုက်တွန်းနေတဲ့အကြောင်း ဖော်ပြပါတယ်။

အာဏာသိမ်းစစ်ကောင်စီက အဲဒီလို နိုင်ငံရေးဆိုင်ရာ တိုးတက်ဖြစ်ထွန်းမှုတွေကို ရွေးကောက်ပွဲမတိုင်ခင်မှာ မလုပ်ဆောင်ခဲ့တာက ဝမ်းနည်းဖွယ်ဖြစ်တယ်လို့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဂျပန်နိုင်ငံက မတရားဖမ်းဆီးထိန်းသိမ်းခံရသူအားလုံး လွတ်မြောက်ရေး၊ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ အခြားသော အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်ရေး တိုက်တွန်းခြင်းအပါအဝင် အခြေအနေတိုးတက်ကောင်းမွန်လာဖို့ ဆက်လက်ကြိုးပမ်းလုပ်ဆောင်မယ်လို့ နိုင်ငံခြားရေးဝန်ကြီးက ထုတ်ပြန်ပါတယ်။

နိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုဆီ ဦးတည်တဲ့ လုပ်ဆောင်မှုတွေနဲ့ ဒီမိုကရေစီနည်းကျနိုင်ငံရေးစနစ် ပြန်လည် ဖြစ်ပေါ်ဖို့ဆီ ဦးတည်တဲ့ နောက်ဆက်တွဲ လုပ်ငန်းစဥ်တွေကို ဂျပန်နိုင်ငံက အနီးကပ်ဆက်လက်စောင့်ကြည့်မယ်လို့လည်း ဖော်ပြပါတယ်။

တချိန်တည်းမှာ ဂျပန်အစိုးရက အခက်အခဲတွေ ကြားက မြန်မာပြည်သူတွေကို ပံ့ပိုးကူညီဖို့ ခိုင်မာတဲ့မူဝါဒနဲ့အညီ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ဆက်လက်ပေးအပ်ဖို့နဲ့ မြန်မာပြည်သူတွေကို တိုက်ရိုက်အကျိုးဖြစ်ထွန်းစေတဲ့ ပြည်သူတွေရဲ့ဘဝတွေ တိုးတက်ကောင်းမွန်လာဖို့ ဆက်လက်ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ – ဂျပန်နိုင်ငံခြားရေး

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံပြည်သူတွေဟာ "ငါတို့မဲမပေးခဲ့" ကမ်ပိန်းနဲ့ စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဇန်နဝါရီ ၂၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ် လုပ်ဆောင်နေတဲ့ ရွေးကောက်ပွဲဟာ လူထုတွေကို တဖက်လှည့်နဲ့ မျက်လှည့်ပြပြီး အာဏာသိမ်းမှုထပ်မံ ကျူးလွန်တာဖြစ်ကြောင်း ကရင်လူငယ်အစည်းအရုံး(KYO) ပြောရေးဆိုခွင့်ရှိသူ စောအယ်ထီးကော်က ပြောကြားပါတယ်။

သတင်း

ဩစတြေးလျနိုင်ငံရောက် မြန်မာ့အရေးတက်ကြွသူတွေက ကန်ဘာရာမြို့ရှိ စစ်ကောင်စီသံရုံးရှေ့မှာ စစ်တပ်ရွေးကောက်ပွဲ ကန့်ကွက်ဆန္ဒပြကြောင်း ဒီနေ့(ဇန်နဝါရီ ၂၅ရက်)ပြုလုပ်ခဲ့ပါတယ်။

အတွေးအမြင်

နိုင်ငံသားတို့၏ လွတ်လပ်ခွင့်နှင့် ရွေးချယ်ခွင့်တို့သည် ဒီမိုကရေစီစနစ်၏ အခြေခံအကျဆုံးမူဖြစ်သည်။သို့သော် ယနေ့ကာလ မြန်မာနိုင်ငံတွင်မူထိုအခြေခံမူမှာပြောင်းပြန်အဓိပ္ပာယ်ဖြစ်နေသည်။

Facebook